၁ ဘုရင်များ ၈:၁-၆၆

  • ပဋိ​ညာဉ်​သေတ္တာ​ကို ဗိမာန်​တော်​ထဲ သွင်း (၁-၁၃)

  • လူ​တွေ​ကို ရှော​လ​မုန် မိန့်​ခွန်း​ပြော (၁၄-၂၁)

  • ဗိမာန်​တော်​အပ်​နှံ​ချိန်​မှာ ရှော​လ​မုန်​ဆုတောင်း (၂၂-၅၃)

  • လူ​တွေ​ကို ရှော​လ​မုန် ကောင်း​ချီး​ပေး (၅၄-၆၁)

  • ပူ​ဇော်​သက္ကာတွေ​နဲ့ အပ်​နှံ​ပွဲ (၆၂-၆၆)

 အဲဒီ​နောက် ရှော​လ​မုန်​က ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို ဇိအုန်​လို့​ခေါ်​တဲ့+ ဒါဝိဒ်​မြို့​က​နေ သယ်​လာ​ဖို့ အစ္စရေး​အကြီး​အကဲ​တွေ၊ မျိုး​နွယ်​စု​ခေါင်း​ဆောင်​တွေ၊  ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ကို+  စု​ရုံး​လိုက်​တဲ့​အ​တွက်+ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ရှော​လ​မုန်​မင်း​ကြီး​ဆီ သူတို့​ရောက်​လာ​ကြ​တယ်။+ ၂  ဧ​သနိမ်* လို့​ခေါ်​တဲ့ ခုနစ်​လ​ပိုင်း  ပွဲ​တော်*  ကျင်း​ပချိန်​မှာ အစ္စ​ရေး​အားလုံး  ရှော​လ​မုန်​မင်း​ကြီး​ဆီ စုဝေး​လာ​ကြ​တယ်။+ ၃  အစ္စရေး​အကြီး​အကဲ​အားလုံး  ရောက်​လာ​တဲ့​အခါ ပု​ရော​ဟိတ်​တွေ​က သေတ္တာ​တော်​ကို သယ်​ကြ​တယ်။+ ၄  ယေဟောဝါ​ရဲ့   သေတ္တာ​တော်၊ တွေ့​ဆုံ​ရာ​တဲ​တော်၊+ တဲ​တော်​ထဲ​က သန့်​ရှင်း​တဲ့ အသုံး​အဆောင်​အားလုံး​ကို ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ သယ်​လာ​ကြ​တယ်။ ၅  ရှော​လ​မုန်​မင်း​ကြီး​နဲ့ ဆင့်​ခေါ်​ခံ​ရ​တဲ့ အစ္စရေး​တစ်​မျိုး​လုံး​ဟာ သေတ္တာ​တော်​ရှေ့​မှာ စု​ရုံး​ပြီး မရေ​တွက်​နိုင်​အောင်​များ​တဲ့ သိုး​နွား​တိရစ္ဆာန်တွေ​ကို ပူ​ဇော်​ကြ​တယ်။+ ၆  အဲဒီ​နောက် ပု​ရော​ဟိတ်​တွေ​က ယေဟောဝါ​ရဲ့  ပဋိ​ညာဉ်​သေတ္တာ​ကို သယ်​လာ​ပြီး  အိမ်​တော်​ရဲ့ အတွင်း​ခန်း​ဖြစ်​တဲ့  အသန့်​ရှင်း​ဆုံး​အခန်း​ထဲ​က ခေရုဗိမ်တွေ​ရဲ့ အတောင်​အောက်​မှာ+ နေ​ရာ​တ​ကျ+ ထား​လိုက်​တယ်။ ၇  ခေရုဗိမ်တွေ​က သေတ္တာ​တော်​ရှိ​တဲ့​နေ​ရာ​ပေါ် အတောင်​တွေ ဖြန့်​ထား​တဲ့​အတွက်  သေတ္တာ​တော်​ရော ထမ်း​ပိုး​တွေ​ကို​ပါ အုပ်​မိုး​နေ​တယ်။+ ၈  ထမ်း​ပိုး​တွေ+ ရှည်​လွန်း​တော့ ထမ်း​ပိုး​အဖျား​ပိုင်း​ကို အတွင်း​ခန်း​ရဲ့​အရှေ့ သန့်​ရှင်း​ရာ​အခန်း​က​နေ မြင်​နေ​ရ​တယ်။ အပြင်​က​နေ​တော့ မမြင်​ရ​ဘူး။ ထမ်း​ပိုးတွေ အခု​ထိ အဲဒီ​မှာ​ရှိ​နေ​တုန်း​ပဲ။ ၉  သေတ္တာ​တော်​ထဲ​မှာ ကျောက်​ပြား​နှစ်​ချပ်​ပဲ+ ရှိ​တယ်။ အစ္စရေး​တွေ အီဂျစ်​ပြည်​က​နေ ထွက်​လာ​ပြီး+ ယေဟောဝါ​နဲ့ ပဋိ​ညာဉ်​ဖွဲ့​တုန်း​က+ ဟော​ရပ်​အရပ်​မှာ သေတ္တာ​တော်​ထဲ မော​ရှေ​ထည့်​ခဲ့​တဲ့+ ကျောက်​ပြား​တွေ​ဖြစ်​တယ်။ ၁၀  သန့်​ရှင်း​ရာ​အခန်း​က​နေ ပု​ရော​ဟိတ်​တွေ ထွက်​လာ​တဲ့​အခါ ယေဟောဝါ​ရဲ့ အိမ်​တော်​ဟာ မိုး​တိမ်​နဲ့+ ပြည့်​သွား​တယ်။+ ၁၁  မိုး​တိမ်​ကြောင့် ပု​ရော​ဟိတ်​တွေ အဲဒီ​မှာ ဆက်​ပြီး​အမှု​ဆောင်​လို့ မရ​တော့​ဘူး။ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ယေဟောဝါ​ရဲ့ ဘုန်း​အသရေ ပြည့်​နေ​တယ်။+ ၁၂  အဲဒီ​အခါ ရှော​လ​မုန်​က “ယေဟောဝါ​ဘုရား၊ ကိုယ်​တော်​က တိမ်​ထု​ကြီး​ထဲ​မှာ စံ​မြန်း​မယ်​လို့ ပြော​ခဲ့​တယ်။+ ၁၃  ကိုယ်​တော့်​အတွက် မြင့်မြတ်​တဲ့​အိမ်​တော်၊ ထာ​ဝ​စဉ်​စံ​မြန်း​ဖို့ တည်​မြဲတဲ့ နေ​ရာ​တစ်​ခု​ကို ကျွန်​တော် အောင်​မြင်​စွာ တည်​ဆောက်​ခဲ့​ပါ​ပြီ”+ လို့​ပြော​တယ်။ ၁၄  အဲဒီ​နောက် မင်း​ကြီး​က ရပ်​နေ​တဲ့ အစ္စရေး​လူ​စု​ကြီး​ဘက် လှည့်​ပြီး ကောင်း​ချီး​ပေး​တယ်။+ ၁၅  “အစ္စ​ရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​ကြ။ ဘုရား​က ခမည်း​တော်​ဒါဝိဒ်​ကို ကတိ​ပေး​ခဲ့​ရုံ​မက အဲဒီ​အတိုင်း ဖြစ်​လာအောင်  လုပ်​ဆောင်​ပေး​ပြီ။ ၁၆  ‘ငါ့​လူမျိုး​အစ္စရေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​တဲ့​နေ့​က​စ​ပြီး ငါ့​နာ​မည်​တည်​စေ​မယ့်+ အိမ်​တော်​ကို တည်​ဆောက်​ဖို့ အစ္စရေး​အနွယ်​တွေ​ရဲ့ မြို့​တစ်​မြို့​ကို ငါ​မရွေး​ချယ်​ဖူး​ဘူး။ ဒါ​ပေမဲ့ အခု​တော့ ငါ့​လူမျိုး​အစ္စရေး​တွေ​ကို အုပ်​ချုပ်​ဖို့ ဒါဝိဒ်​ကို ငါ​ရွေး​ချယ်​လိုက်​ပြီ’ လို့​လည်း ပြော​ခဲ့​တယ်။ ၁၇  ခမည်း​တော်​ဒါဝိဒ်​က အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့ နာ​မည်​အတွက် အိမ်​တော်​ဆောက်​ဖို့  ဆန္ဒ​ပြင်း​ပြခဲ့​တယ်။+ ၁၈  ဒါ​ပေမဲ့ ယေဟောဝါ​ဘုရား​က ခမည်း​တော်​ဒါဝိဒ်​ကို ‘ငါ့​နာ​မည်​အတွက် အိမ်​တော်​ဆောက်​ဖို့ မင်း ဆန္ဒ​ပြင်း​ပြတယ်။ အဲဒီ​လို​ဆန္ဒ​ပြင်း​ပြတာ သိပ်​ကောင်း​တယ်။ ၁၉  ဒါ​ပေမဲ့ အိမ်​တော်​ကို မင်း မတည်​ဆောက်​ရ​ဘူး။ မင်း​ရဲ့​ရင်​သွေး၊ မင်း​ရဲ့​သား​က​ပဲ ငါ့​နာ​မည်​အတွက် အိမ်​တော်​ကို တည်​ဆောက်​ရ​မယ်’+ လို့​ပြော​ခဲ့​တယ်။ ၂၀  ယေဟောဝါ​ဘုရား​က ကတိ​တော်​အတိုင်း လုပ်​ဆောင်​ခဲ့​ပြီ။ ယေဟောဝါ​ဘုရား​ရဲ့ ကတိ​အတိုင်း ခမည်း​တော်​ဒါဝိဒ်​ရဲ့ အရိုက်​အရာ​ကို ကျွန်​တော်​ဆက်​ခံ​ပြီး အစ္စရေး​ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​နေ​ပြီ။ အဲဒီ​အပြင် အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့ နာ​မည်​အတွက် အိမ်​တော်​ကို တည်​ဆောက်​ပြီး၊+ ၂၁  ပဋိ​ညာဉ်​သေတ္တာ ထား​မယ့်​နေ​ရာ​ကို ပြင်​ဆင်​ပြီး​ပြီ။ အဲဒီ​သေတ္တာ​ထဲ​မှာ ကျောက်​ပြား​နှစ်​ချပ်​ရှိ​တယ်။ ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​ပြီး သူတို့​နဲ့ ယေဟောဝါ​ဘုရား  ဖွဲ့​ခဲ့​တဲ့  ပဋိ​ညာဉ်​အ​ကြောင်း ကျောက်​ပြား​ပေါ်​မှာ ရေး​ထား​တယ်”+ လို့​ပြော​တယ်။ ၂၂  ပြီး​တော့ ရှော​လ​မုန်​က ယေဟောဝါ​ရဲ့ ပူ​ဇော်ရာ​ပလ္လင်​ရှေ့၊ အစ္စရေး​လူ​စု​ကြီး​ရှေ့​မှာ ရပ်​လိုက်​တယ်။ ကောင်း​ကင်​ပေါ် လက်​ဖြန့်​ပြီး၊+ ၂၃  “အစ္စ​ရေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ အထက်​မိုး​ကောင်း​ကင်​မှာ​ရော အောက်​အရပ် မြေကြီး​ပေါ်​မှာ​ပါ ကိုယ်​တော့်​လို ဘုရား​သခင်​မျိုး မရှိ​ပါ​ဘူး။+ ကိုယ်​တော်​ဟာ ပဋိ​ညာဉ်​ကို တည်​စေ​တဲ့​အရှင်၊ လမ်း​စဉ်​တော်​အတိုင်း စိတ်​စွမ်း​ရှိ​သမျှ လျှောက်​လှမ်း​တဲ့ ကျေး​ကျွန်​တွေ​ကို+ ခိုင်​မြဲတဲ့​မေတ္တာ​ပြတဲ့​အရှင်+ ဖြစ်​ပါ​တယ်။ ၂၄  ကိုယ်​တော့်​ကျွန် ခမည်း​တော်​ဒါဝိဒ်​အပေါ် ကတိ​တည်​တယ်။ ကတိ​ပေး​ရုံ​မက အဲဒီ​အတိုင်း​ဖြစ်​လာ​အောင် ဒီ​နေ့ အကောင်​အထည် ဖော်​ပေး​ခဲ့​တယ်။+ ၂၅  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ကိုယ်​တော်​က ‘မင်း​ရဲ့ သား​မြေး​တွေ​ဟာ မင်း​လို​ပဲ သစ္စာ​ရှိ​တဲ့ လမ်း​စဉ်​အတိုင်း ဂရု​တ​စိုက် လျှောက်​လှမ်း​မယ်​ဆို​ရင် အစ္စရေး ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​မယ့် မင်း​ရဲ့​မျိုး​ဆက် ဘယ်​တော့​မှ မပြတ်​စေ​ရ​ဘူး’ ဆို​ပြီး ကိုယ်​တော့်​ကျွန် ခမည်း​တော်​ဒါဝိဒ်​ကို ပေး​ခဲ့​တဲ့ ကတိ​ကို တည်​စေ​ပါ။+ ၂၆  အစ္စရေး​တို့ရဲ့ ဘုရား​သခင်၊ ကိုယ်​တော့်​ကျွန် ခမည်း​တော်​ဒါဝိဒ်​ကို ပေး​ခဲ့​တဲ့​ကတိ​တွေ တကယ်​ဖြစ်​လာ​ပါ​စေ။ ၂၇  “အို ဘုရား​သခင်၊ ကမ္ဘာ​မြေပေါ်  တ​ကယ်​ပဲ  စံ​မြန်း​မှာ​လား။+ ကောင်း​ကင်​သာ​မက  အမြင့်​ဆုံး ကောင်း​ကင်​ကြီး​တောင် ကိုယ်​တော် စံ​မြန်း​နိုင်​လောက်​အောင် မကျယ်​ဝန်း​ပါ​ဘူး။+ ကျွန်​တော်​ဆောက်​တဲ့ ဒီ​အိမ်​တော်​ဆို​ရင် ပို​လို့​တောင် မဖြစ်​နိုင်​ပါ​ဘူး။+ ၂၈  ယေဟောဝါ​ဘုရား၊ ကျွန်​တော် ဆုတောင်း​နေ​တာ၊ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​နေ​တာ​ကို အာ​ရုံ​စိုက်​လှည့်ပါ။ ဒီ​နေ့ ရှေ့​တော်​မှာ ကျွန်​တော်  ဆုတောင်း​တာ၊  အကူ​အညီ​တောင်း​ခံ​တာ​ကို နား​ထောင်​ပေး​ပါ။ ၂၉  ‘ငါ့​နာ​မည်​ကို တည်​စေ​မယ်’+ လို့ ကိုယ်​တော်​ပြော​ခဲ့​တဲ့ ဒီ​နေ​ရာ၊ ဒီ​အိမ်​တော်​ကို နေ့​ည​မပြတ် ကြည့်​ရှု​ပေး​ပါ။ ဒီ​နေ​ရာ​ကို​မျက်​နှာ​မူ​ပြီး ကျွန်​တော် ဆုတောင်း​နေ​တာ​ကို နား​ထောင်​ပေး​ပါ။+ ၃၀  ကျွန်​တော်​နဲ့ လူမျိုး​တော်​အစ္စရေး​တွေ ဒီ​နေ​ရာ​ကို​မျက်​နှာ​မူ​ပြီး မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တဲ့​အခါ စံ​မြန်း​ရာ ကောင်း​ကင်​က​နေ+ နား​ထောင်​ပေး​ပါ။ နား​ထောင်​ပြီး ခွင့်​လွှတ်​ပေး​ပါ။+ ၃၁  “လူ​တစ်​ယောက်​က တ​ခြား​တစ်​ယောက်​ကို ပြစ်​မှား​တယ်​လို့ စွပ်​စွဲ​ခံ​ရ​ပြီး ကျိန်​ပြော​ဖို့* တောင်း​ဆို​ခံ​ရ​တဲ့​အတွက် ဒီ​အိမ်​တော်​မှာ​ရှိ​တဲ့ ပူ​ဇော်ရာ​ပလ္လင်​ရှေ့​ကို လာ​ပြီး ကျိန်​ပြော​မယ်​ဆို​ရင်၊+ ၃၂  ကောင်း​ကင်​က​နေ နား​ထောင်​ပြီး အရေး​ယူ စီရင်​ပေး​ပါ။ ဆိုး​ညစ်​သူ​ကို အပြစ်​ရှိ​တယ်​လို့ သတ်​မှတ်​ပြီး သူ​လုပ်​ခဲ့​တဲ့​အတိုင်း ဒဏ်​ပေး​လှည့်​ပါ။ ဖြောင့်​မတ်​သူ​ကို​တော့ အပြစ်​မဲ့​တယ်​လို့ သတ်​မှတ်​ပြီး သူ့​ရဲ့ ဖြောင့်​မတ်​မှု​နဲ့​အညီ ဆု​ချ​လှည့်​ပါ။+ ၃၃  “ကိုယ်​တော့်​လူမျိုး  အစ္စရေး​တွေ အကြိမ်​ကြိမ် အပြစ်​ကျူး​လွန်​တဲ့​အတွက် ရန်​သူ​တွေ​ကို ရှုံး​နိမ့်​သွား​တဲ့​အခါ+ ကိုယ်​တော့်​ဆီ ပြန်​လှည့်​လာ​ပြီး  နာ​မတော်​ကို ချီး​မွမ်း​မယ်၊+ ဒီ​အိမ်တော်မှာ ဆုတောင်း​ပြီး မျက်​နှာ​သာရဖို့   တောင်း​ပန်​မယ်​ ဆို​ရင်၊+ ၃၄  ကောင်း​ကင်​က​နေ  နား​ထောင်​ပြီး လူမျိုး​တော် အစ္စရေး​တွေ​ရဲ့ အပြစ်​ကို ခွင့်​လွှတ်​ပေး​ပါ။ ဘိုး​ဘေး​တွေ​ကို ပေး​ထား​တဲ့​ပြည်​ဆီ ပြန်​ပို့​ဆောင်​ပေး​ပါ။+ ၃၅  “ကိုယ်​တော့်​ကို အကြိမ်​ကြိမ် ပြစ်​မှား​တဲ့​အတွက်+ သူတို့​ကို မာန်​စွယ်​ချိုး​ဖို့ မိုး​ကောင်း​ကင်​ကို ပိတ်​ပြီး မိုး​ခေါင်​စေ​တဲ့​အခါ+ ဒီ​နေ​ရာ​ကို​မျက်​နှာ​မူ​ပြီး သူတို့​ဆုတောင်း​မယ်၊ နာ​မတော်​ကို ချီး​မွမ်း​မယ်၊ အပြစ်​တွေ​ကို ကျော​ခိုင်း​မယ်​ဆို​ရင်၊+ ၃၆  ကောင်း​ကင်​က​နေ နား​ထောင်​ပြီး ကိုယ်​တော့်​ကျေး​ကျွန် အစ္စရေး​တွေ​ရဲ့ အပြစ်​ကို ခွင့်​လွှတ်​ပေး​ပါ။ သူတို့​လျှောက်​သင့်​တဲ့ လမ်း​မှန်​အကြောင်း သွန်သင်​ပေး​ပါ။+ သူတို့​ကို အမွေ​ပေး​ထား​တဲ့ ပြည်​မှာ မိုး​ရွာ​စေ​ပါ။+ ၃၇  “တိုင်း​ပြည်​မှာ အငတ်​ဘေး၊+ ကပ်​ရော​ဂါ​ဘေး၊ အပူ​ရှိန်​ကြောင့် အပင်​သေတဲ့​ဘေး၊ မှို​ရော​ဂါ၊+ ကျိုင်း​ကောင်​အုပ် ဒါ​မှ​မဟုတ် နှံ​ကောင်​အုပ်​တွေ ကျ​ရောက်​တဲ့​အခါ၊ မြို့​တစ်​မြို့​ကို ရန်​သူ​တွေ​ဝိုင်း​ရံ​တဲ့​အခါ ဒါ​မှ​မဟုတ် ဘေး​ဒဏ်​တစ်​မျိုး​မျိုး၊ ရော​ဂါ​တစ်​မျိုး​မျိုး ကျ​ရောက်​တဲ့​အခါ၊+ ၃၈  တစ်​ဦး​တစ်​ယောက်​ဖြစ်​စေ၊ အစ္စရေး​လူ​အားလုံး​ဖြစ်​စေ (ကိုယ့်​စိတ်​ဒုက္ခ​ကို ကိုယ်​ပဲ​သိ​တဲ့​အတွက်)+ ဒီ​အိမ်​တော်​ဘက် လက်​ဖြန့်​ပြီး ဆုတောင်း​မယ်၊ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​မယ်​ဆို​ရင်၊+ ၃၉  စံ​မြန်း​ရာ ကောင်း​ကင်​က​နေ+ နား​ထောင်​ပြီး ခွင့်​လွှတ်​ပေး​ပါ။+ တစ်​ဦး​စီ​ရဲ့​စိတ်​ကို ကိုယ်​တော်​သိ​တဲ့​အတွက် သူတို့​ရဲ့ လုပ်​ရပ်​အတိုင်း အရေး​ယူ​လုပ်​ဆောင်​ပြီး ဆု​ချ​ပေး​ပါ။+ (လူ​သား​တိုင်း​ရဲ့ စိတ်​နှလုံး​ကို ကိုယ်​တော်​တစ်ပါး​တည်း​သာ အမှန်​တ​ကယ် သိ​တာ​ပါ။)+ ၄၀  ဒါ​မှ​သာ သူတို့​ဟာ ဘိုး​ဘေး​တွေ​ကို​ပေး​ထား​တဲ့ ပြည်​မှာ နေ​ထိုင်​သမျှ ကာလ​ပတ်​လုံး ကိုယ်​တော့်​ကို ကြောက်​ရွံ့​ရို​သေကြ​ပါ​လိမ့်​မယ်။ ၄၁  “ဒါ့​အပြင် အစ္စရေး​လူမျိုး​မ​ဟုတ်​ပေမဲ့ နာ​မတော်​ကြောင့် ရပ်​ဝေး​က​နေ ရောက်​လာ​တဲ့ တိုင်း​တစ်ပါး​သား​က၊+ ၄၂  (ကြီးမြတ်​တဲ့ နာ​မတော်၊+ အား​ကြီး​တဲ့​လက်၊ တန်ခိုး​ကြီး​တဲ့ လက်​ရုံး​တော်​အကြောင်း ကြား​သိ​တဲ့​အတွက်) ဒီ​အိမ်​တော်​ဘက်​ကို မျက်​နှာ​မူ​ပြီး ဆုတောင်း​မယ်​ဆို​ရင်၊ ၄၃  စံ​မြန်း​ရာ ကောင်း​ကင်​က​နေ+ နား​ထောင်​ပေး​ပါ။ သူ​တောင်း​လျှောက်​သမျှ လုပ်​ဆောင်​ပေး​ပါ။ ဒါ​မှ​သာ ကမ္ဘာ​ပေါ်​က လူမျိုး​အားလုံး​ဟာ လူမျိုး​တော် အစ္စရေး​တွေ​လို​ပဲ နာ​မတော်​ကို သိ​လာ​ပြီး ကိုယ်​တော့်​ကို ကြောက်​ရွံ့​ရို​သေကြ​မှာ​ပါ။+ ကျွန်​တော်​ဆောက်​တဲ့ ဒီ​အိမ်​တော်​ကို နာ​မတော်​နဲ့ သမုတ်​ထား​မှန်း သိ​လာ​ကြ​မှာ​ပါ။ ၄၄  “အစ္စရေး​တွေ​ဟာ အမိန့်​တော်​အတိုင်း ရန်​သူ​တွေ​ကို စစ်​တိုက်​ထွက်​တဲ့​အခါ+ ကိုယ်​တော် ရွေး​ချယ်​တဲ့ မြို့​ဘက်၊+ နာ​မတော်​အတွက် ကျွန်​တော်​ဆောက်​တဲ့ အိမ်​တော်​ဘက်+ မျက်​နှာ​မူ​ပြီး ယေဟောဝါ​ဘုရား​ဆီ ဆုတောင်း​မယ်​ဆို​ရင်၊+ ၄၅  သူတို့​ဆုတောင်း​တာ၊ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တာ​ကို ကောင်း​ကင်​က​နေ နား​ထောင်​ပြီး သူတို့​အတွက် တရား​သဖြင့် လုပ်​ဆောင်​ပေး​ပါ။ ၄၆  “(အပြစ်​မလုပ်​တဲ့​သူ  တစ်​ယောက်​မှ မရှိ​တဲ့​အတွက်)+ အစ္စရေး​တွေ အပြစ်​ကျူး​လွန်​တဲ့​အခါ အမျက်​ထွက်​ပြီး  ရန်​သူ့​လက်​ထဲ​အပ်​လိုက်​လို့  ရပ်​နီး​ရပ်​ဝေး တိုင်း​ပြည်​ဆီ သုံ့​ပန်းအဖြစ်  ဖမ်း​ခေါ်​ခံ​ရ​ပြီး​နောက်၊+ ၄၇  အဲ​ဒီ​တိုင်း​ပြည်​မှာ အသိ​တရား​ရ​လာ​ပြီး+ ကိုယ်​တော့်​ဆီ  ပြန်​လှည့်​လာ​မယ်​ဆို​ရင်၊+ ‘ကျွန်​တော်​တို့ ပြစ်​မှား​ပါ​ပြီ။ အမှား​လုပ်​မိ​ပါ​ပြီ။ မိုက်​မိုက်​မဲ​မဲ လုပ်​မိ​ပါ​ပြီ’+ လို့​ဝန်​ခံ​ပြီး ရန်​သူ့​တိုင်း​ပြည်​က​နေ+ မျက်​နှာ​သာ​ရ​ဖို့ တောင်း​ပန်​မယ်​ဆို​ရင်၊ ၄၈  ရန်​သူ့​တိုင်း​ပြည်​မှာ သုံ့​ပန်း​ဘဝ​ရောက်​နေ​တုန်း ကိုယ်​တော့်​ဆီ စိတ်​စွမ်း​ရှိ​သမျှ၊+ ကိုယ်​စွမ်း​ရှိ​သမျှ ပြန်​လှည့်​လာ​မယ်​ဆို​ရင်၊ ဘိုး​ဘေး​တွေ​ကို​ပေး​တဲ့  ပြည်​ဘက်၊  ကိုယ်​တော်​ရွေး​ချယ်​တဲ့​မြို့​ဘက်၊ နာ​မတော်​အတွက် ကျွန်​တော်​ဆောက်​တဲ့ အိမ်​တော်​ဘက် မျက်နှာ​မူ​ပြီး ဆုတောင်း​မယ်​ဆို​ရင်၊+ ၄၉  သူတို့​ဆုတောင်း​တာ၊ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တာ​ကို စံ​မြန်း​ရာ ကောင်း​ကင်​က​နေ+ နား​ထောင်​ပြီး သူတို့​အတွက် တရား​သဖြင့် လုပ်​ဆောင်​ပေး​ပါ။ ၅၀  ကိုယ်​တော့်​ကို​ပြစ်​မှား​တဲ့ ဒီ​လူမျိုး​ကို ခွင့်​လွှတ်​ပေး​ပါ။ သူတို့​ကျူး​လွန်​တဲ့ အပြစ်​မှန်​သမျှ​ကို  ခွင့်​လွှတ်​ပေး​ပါ။ ရန်​သူ​တွေ သနား​သွား​အောင်  လုပ်​ပေး​ပါ။  ဒါ​ဆို​ရင် သူ​တို့​ကို  ရန်​သူ​တွေ သနား​ပါ​လိမ့်​မယ်။+ ၅၁  (သူ​တို့​ဟာ  သံ​ရည်​ကျို​မီး​ဖို​ဖြစ်​တဲ့+ အီဂျစ်​ပြည်​က​နေ+ ခေါ်​ထုတ်​လာ​တဲ့ ကိုယ်​တော့်​လူမျိုး၊ ကိုယ်​တော့်​အမွေ​ပါ။)+ ၅၂  မျက်​နှာ​သာ​ရ​ဖို့ ကျွန်​တော်​အသနား​ခံ​တာ​ကို မြင်​လှည့်​ပါ။+ ကိုယ်​တော့်​လူမျိုး အစ္စရေး​တွေ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တဲ့​အခါ​တိုင်း နား​ထောင်​ပေး​ပါ။+ ၅၃  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ၊ ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ကိုယ်​တော် ခေါ်​ထုတ်​လာ​တုန်း​က ကိုယ်​တော့်​ကျွန် မော​ရှေ​က​တစ်ဆင့် ပြော​ခဲ့​တဲ့​အတိုင်း ကမ္ဘာ​ပေါ်​က လူမျိုး​အားလုံး​ထဲ​က​နေ  အစ္စရေး​တွေ​ကို  ကိုယ်​တော့်​အမွေ​အဖြစ် သီး​သန့်​ဖယ်​ထား​ပါ​ပြီ”+ လို့​ဆုတောင်း​တယ်။ ၅၄  ရှော​လ​မုန်​က ယေဟောဝါ​ဆီ အဲဒီ​လို​ဆုတောင်း​ပြီး မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တယ်။ အဲဒီ​နောက် ယေဟောဝါ​ရဲ့ ပူ​ဇော်ရာ​ပလ္လင်​ရှေ့​မှာ ကောင်း​ကင်​ပေါ် လက်​ဖြန့်​ပြီး ဒူး​ထောက်​နေ​ရာ​ကနေ  မတ်​တတ်​ရပ်​လိုက်​တယ်။+ ၅၅  ပြီး​တော့ အစ္စရေး​လူ​စု​ကြီး​အတွက် ကောင်း​ချီး​မင်္ဂလာ​ကို အသံ​ကျယ်​ကျယ်​နဲ့ တောင်း​ခံ​ပေး​တယ်– ၅၆  “ကတိ​တော်​အတိုင်း  မိမိ​လူမျိုး​အစ္စရေး​အ​တွက် နား​ခို​ရာ​နေ​ရာ​ကို​ပေး​တဲ့ အရှင် ယေဟောဝါ​ဘုရား​ကို ချီး​မွမ်း​ကြ​ပါ​စေ။+ ကိုယ်​တော့်​ကျွန် မော​ရှေ​က​တစ်ဆင့်​ပေး​ခဲ့​တဲ့ ကောင်း​မွန်​တဲ့​ကတိ​အားလုံး မပြည့်​စုံ​ဘဲ မနေ​ဘူး။+ ၅၇  ဘိုး​ဘေး​တွေ​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​ခဲ့​သလို ကျွန်​တော်​တို့​နဲ့​လည်း အတူ​ရှိ​ပါ​စေ။+ ကျွန်​တော်​တို့​ကို  မစွန့်​ပစ်​ပါ​စေ​နဲ့။+ ၅၈  ကိုယ်​တော့်​လမ်း​စဉ်တွေ​အတိုင်း လျှောက်​လှမ်း​ချင်​စိတ်​ရှိ​အောင်၊+ ဘိုး​ဘေး​တွေ​ကို လိုက်​နာ​ခိုင်း​တဲ့ ပညတ်​ချက်​တွေ၊ စည်း​မျဉ်း​တွေ၊ တရား​စီရင်​ချက်​တွေ​အတိုင်း လုပ်​ဆောင်​ချင်​စိတ်​ရှိ​အောင် ကျွန်​တော်​တို့​ကို လှုံ့​ဆော်​ပေး​ပါ​စေ။ ၅၉  မျက်​နှာ​သာ​ရ​ဖို့ ယေဟောဝါ​ဆီ ကျွန်​တော်​တောင်း​ပန်​တဲ့ စကား​တွေ​ကို ယေဟောဝါ​ဘုရား နေ့​ည​မပြတ် သတိ​ရ​ပါ​စေ။ ကျွန်​တော်​နဲ့ အစ္စရေး​လူမျိုး​အတွက် နေ့​စဉ် လို​အပ်​သလို တရား​စီရင်​ပေး​ပါ​စေ။ ၆၀  ဒါ​မှ ယေဟောဝါ​ဟာ စစ်​မှန်​တဲ့ ဘုရား​သခင်​ဖြစ်​မှန်း ကမ္ဘာ​ပေါ်​က လူမျိုး​အားလုံး သိ​ကြ​လိမ့်​မယ်။+ ကိုယ်​တော်​က​လွဲ​လို့ တ​ခြား​ဘုရား မရှိ​ဘူး။+ ၆၁  ဒီ​နေ့​မှာ​လို​ပဲ ကိုယ်​တော့်​စည်း​မျဉ်း​တွေ​အတိုင်း လိုက်​လျှောက်​ကြ​ပါ။ ပညတ်​ချက်​တွေ​ကို လိုက်​နာ​ကြ​ပါ။ ဒီ​နည်း​နဲ့ ယေဟောဝါ​ဘုရား​ကို စိတ်​နှလုံး​အကြွင်း​မဲ့+ ဝတ်​ပြု​နိုင်​ကြ​ပါ​စေ။” ၆၂  အဲဒီ​နောက် ရှော​လ​မုန်​မင်း​ကြီး​နဲ့ အစ္စရေး​အားလုံး​က ယေဟောဝါ​ရှေ့မှာ ပူ​ဇော်​သက္ကာတွေ အများ​ကြီး ပူဇော်​ကြ​တယ်။+ ၆၃  မင်း​ကြီး​က  နွား ၂၂,၀၀၀၊ သိုး ၁၂၀,၀၀၀ ကို မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာ​အဖြစ်+ ယေဟောဝါ​ဆီ ပူ​ဇော်​တယ်။ မင်း​ကြီး​နဲ့ အစ္စရေး​အားလုံး​က ယေဟောဝါ​ရဲ့ အိမ်​တော်​အပ်​နှံ​တဲ့ အခမ်း​အနား​ကို လုပ်​ကြ​တယ်။+ ၆၄  အဲဒီ​နေ့​မှာ မင်း​ကြီး​က ယေဟောဝါ​ရဲ့ အိမ်​တော်​ရှေ့ ရင်​ပြင်​အလယ်​မှာ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ၊ ကောက်​နှံ​အလှူ​တွေ၊ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ရဲ့ အဆီ​တွေ​ကို ပူ​ဇော်​ရ​မှာ​ဖြစ်​လို့ အဲဒီ​နေ​ရာ​ကို ဆက်​ကပ်​လိုက်​တယ်။ ယေဟောဝါ​ရှေ့​က ကြေး​နီ​ပလ္လင်​မှာ+ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ၊ ကောက်​နှံ​အလှူ​တွေ၊ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ရဲ့ အဆီ​တွေ+ ပူ​ဇော်​ဖို့ နေ​ရာ​မဆံ့​လို့​ပဲ။ ၆၅  အဲဒီ​အချိန်​မှာ ရှော​လ​မုန်​က ဟာ​မတ်​လမ်း​ဝ​က​နေ အီဂျစ်​​ သဲချောင်း​အထိ+ အရပ်​ရပ်​က ရောက်​လာ​ကြ​တဲ့ အစ္စရေး​လူ​စု​ကြီး​နဲ့​အတူ ယေဟောဝါ​ဘုရား​ရှေ့​မှာ ၇ ရက်၊ နောက်​ထပ် ၇ ရက်၊ စု​စု​ပေါင်း ၁၄ ရက် ပွဲ​တော်+ ကျင်း​ပတယ်။ ၆၆  နောက်​တစ်​နေ့​မှာ* လူ​တွေ​ကို ပြန်​လွှတ်​လိုက်​တယ်။ လူ​တွေ​လည်း ရှော​လ​မုန်​မင်း​ကြီး​အတွက် ဆု​မွန်ကောင်း တောင်း​ပေး​ကြ​တယ်။ ဘုရား​ရဲ့​ကျွန်​ဒါဝိဒ်​နဲ့  အစ္စရေး​လူမျိုး​အတွက် ယေဟောဝါ လုပ်​ဆောင်​ပေး​တဲ့ ကောင်းမြတ်​မှု+  အားလုံး​ကြောင့်  လူ​တွေ ဝမ်းသာ​ကြည်​နူး​ပြီး ကိုယ့်​အိမ်​ကိုယ့်​ရာ​ဆီ​ ပြန်သွား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

တဲ​နေ​ပွဲ။
မဟုတ်​မမှန် ကျိန်​ပြော​ရင် ပြစ်​ဒဏ်​သင့်​ပါ​စေ​ဆို​တဲ့ ကျိန်​ဆို​ချက်​ကို ဆိုလို။
မူ​ရင်း၊ “ရှစ်​ရက်​မြောက်​နေ့။” နောက်​ထပ် ၇ ရက်​ကုန်​လွန်​ပြီး နောက်​တစ်​နေ့။