ဖိုမကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းဆယ်ခုရဲ့ အဖြေ
ဖိုမကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းဆယ်ခုရဲ့ အဖြေ
၁ ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ဧဝ ကျူးလွန်ခဲ့တဲ့ မူလအပြစ်က ဖိုမကိစ္စလား။
▪ အဖြေ– ဧဒင်ဥယျာဉ်ထဲမှာ မစားဖို့တားမြစ်ထားတဲ့အသီးက ဖိုမဆက်ဆံခြင်းကို ပုံဆောင်တယ်လို့ လူအများက ယူဆထားကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ အဲလို မသွန်သင်ထားပါဘူး။
ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဧဝကို ဘုရားသခင် မဖန်ဆင်းခင်ကတည်းက “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ရဲ့အသီးကို မစားရဆိုပြီး အာဒံကို မိန့်မှာခဲ့တယ်။ (ကမ္ဘာဦး ၂:၁၅-၁၈) အဲဒီအချိန်မှာ အာဒံတစ်ယောက်ထဲရှိနေတာကြောင့် တားမြစ်ထားတဲ့အသီးက ဖိုမဆက်ဆံခြင်းကို ရည်ညွှန်းတာ မဖြစ်နိုင်ဘူး။ ဒါ့အပြင် ဘုရားသခင်က “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဆိုပြီး အာဒံနဲ့ဧဝကို ရှင်းလင်းပြတ်သားတဲ့ပညတ် ပေးခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) မေတ္တာရှင်ဘုရားသခင်က “မြေကြီးကို ပြည့်စေ” ပါဆိုပြီး သူတို့ကို မိန့်မှာခဲ့တယ်။ အဲဒီထဲမှာ ဖိုမဆက်ဆံခြင်းလည်း ပါတယ်။ အဲလိုမိန့်မှာပြီးတဲ့နောက် ကိုယ်တော့်ရဲ့ မိန့်မှာချက်ကို လိုက်နာလို့ သူတို့ကို သေဒဏ်ပေးမှာလား။—၁ ယောဟန် ၄:၈။
အဲဒီအပြင် ဧဝက “[တားမြစ်ထားသည့်] အသီးကိုယူ၍စား” တဲ့အချိန်မှာ အာဒံမရှိဘူး။ နောက်မှ အသီးကို “မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။”—ကမ္ဘာဦး ၃:၆။
အာဒံနဲ့ဧဝ ဖိုမဆက်ဆံပြီး ကလေးတွေမွေးလာတဲ့အချိန်ကျမှ အပြစ်တင်ခံရတာ မဟုတ်ပါဘူး။ (ကမ္ဘာဦး ၄:၁၊ ၂) အာဒံနဲ့ဧဝ စားခဲ့ကြတဲ့ အသီးဟာ ဖိုမဆက်ဆံခြင်းကို ပုံဆောင်တာမဟုတ်ဘဲ ဥယျာဉ်ထဲမှာရှိတဲ့ ပကတိအသီး ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
၂ ဖိုမဆက်ဆံမှုမှာ သာယာတာကို သမ္မာကျမ်းစာက တားမြစ်ထားသလား။
▪ အဖြေ– “လူယောက်ျား၊ လူမိန်းမ” ကို ဘုရားသခင် ဖန်ဆင်းတယ်လို့ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတယ်။ မိမိရဲ့ဖန်ဆင်းခြင်းလက်ရာတွေဟာ “အလွန်ကောင်း” တယ်လို့ ဘုရားသခင် ပြောခဲ့တယ်။ (ကမ္ဘာဦး ၁: ၂၇၊ ၃၁) နောက်ပိုင်းမှာလည်း ခင်ပွန်းသည်တွေကို ဒီလိုညွှန်ကြားဖို့ ကျမ်းရေးသူတစ်ဦးကို ဘုရားသခင် မိန့်မှာခဲ့တယ်– ‘အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူ၏သားမြတ်တို့သည် သင်၏ဆန္ဒကို အစဉ်ပြေစေလော့။’ (သု. ၅:၁၈၊ ၁၉) ဒီအချက်က ဖိုမဆက်ဆံမှုမှာ သာယာတာကို တားမြစ်ထားတဲ့သဘောမျိုး သက်ရောက်သလား။
ကလေးမွေးဖွားနိုင်အောင်၊ ဇနီးမောင်နှံအချင်းချင်း ချစ်ခင်တွယ်တာကြောင်း ပြသနိုင်အောင် လိင်အင်္ဂါတွေကို ဘုရားသခင် ဖန်ဆင်းပေးထားတာဖြစ်တယ်။ ဖိုမဆက်ဆံခြင်းက နွေးထွေးပြီး ချစ်ခင်ရင်းနှီးတဲ့ အမျိုးသား၊ အမျိုးသမီးရဲ့ ကာယပိုင်း၊ စိတ်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်။
၃ တရားဝင်လက်မထပ်ဘဲ အတူနေထိုင်တာကို သမ္မာကျမ်းစာက ထောက်ခံသလား။
▪ အဖြေ– ‘မတရားမေထုန်ပြုသူကို ဘုရားသခင် စီရင်တော်မူလိမ့်မည်’ လို့ သမ္မာကျမ်းစာမှာ ပြတ်ပြတ်သားသား ဖော်ပြထားတယ်။ (ဟေဗြဲ ၁၃:၄) မတရားမေထုန်ဆိုတဲ့ ဂရိစကားလုံး ပေါ်နီယာ ရဲ့ အဓိပ္ပာယ်ဟာ ကျယ်ပြန့်လွန်းပါတယ်။ အဲဒီထဲမှာ တရားမဝင် ဖိုမဆက်ဆံမှုပုံစံအားလုံး ပါဝင်တယ်။ * ဒါကြောင့် နောက်ပိုင်း လက်ထပ်ဖို့ ရည်ရွယ်ထားရင်တောင် တရားဝင်လက်မထပ်ဘဲ အတူနေထိုင်တဲ့စုံတွဲကို ဘုရားသခင် လက်ခံမှာမဟုတ်ပါဘူး။
စုံတွဲတစ်တွဲက တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်နေကြပေမဲ့လည်း သူတို့လက်မထပ်ခင် ဖိုမဆက်ဆံခြင်းကို မပြုလုပ်ရဘူးဆိုပြီး ဘုရားသခင် တောင်းဆိုနေတုန်းပါပဲ။ ဘုရားသခင်က ကျွန်ုပ်တို့အချင်းချင်း မေတ္တာပြသနိုင်စွမ်းနဲ့ ဖန်ဆင်းထားတာပါ။ ဘုရားသခင်ရဲ့ အပေါ်လွင်ဆုံးအရည်အသွေးကလည်း ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်လက်ထပ်တဲ့ ဇနီးမောင်နှံတွေပဲ ဖိုမဆက်ဆံမှုမှာ ပျော်မွေ့ဖို့ ဘုရားသခင် တောင်းဆိုတာက အကြောင်းကောင်းရှိပါတယ်။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ရှင်းပြပါလိမ့်မယ်။
၄ မယားအများကြီးယူတာကို လက်ခံနိုင်မလား။
▪ အဖြေ– ဘုရားသခင်ဟာ တစ်ချိန်တုန်းက အမျိုးသားတစ်ယောက်ကို မယားတစ်ယောက်ထက်မက ယူခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၄:၁၉; ၁၆:၁-၄; ၂၉:၁၈-၃၀:၂၄) ဒါပေမဲ့ ဘုရားသခင်ရဲ့ မူလအစီအစဉ်ထဲမှာ မယားအများကြီးယူတဲ့စနစ် မပါ,ပါဘူး။ အာဒံအတွက် ဇနီးတစ်ယောက်ကိုပဲ ပေးခဲ့တယ်။
မယားတစ်ယောက်ထဲကိုပဲယူရမယ်ဆိုတဲ့ မိမိရဲ့ မူလစံနူန်းကို ပြန်လည်အစဖော်ပေးဖို့ ယေရှုခရစ်ကို ဘုရားသခင် အခွင့်အာဏာပေးခဲ့တယ်။ (ယောဟန် ၈:၂၈) အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်ပြီး ယေရှု အမေးခံရတဲ့အခါ ဒီလိုပြန်ဖြေခဲ့တယ်– “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ မယားနှင့် စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’”—မဿဲ ၁၉:၄၊ ၅။
၁ ကောရိန္သု ၇:၂) ခရစ်ယာန်အသင်းတော်မှာ အထူးတာဝန်တွေရထားတဲ့ အိမ်ထောင်သည်အမျိုးသားဟာ “ဇနီးတစ်ဦးတည်းရှိသူ” ဖြစ်ရမယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ တိမောသေ ၃:၂၊ ၁၂။
ယေရှုရဲ့တပည့်တစ်ယောက်က နောက်ပိုင်းမှာလည်း ဒီလိုရေးခဲ့တယ်– “ယောက်ျားတိုင်း ဇနီးရှိစေ။ မိန်းမတိုင်းလည်း ခင်ပွန်းရှိစေ။” (၅ သန္ဓေတားနည်းတွေကို ဇနီးမောင်နှံတွေ အသုံးပြုတာ မှားသလား။
▪ အဖြေ– ကလေးယူရမယ်၊ မယူရဘူးဆိုပြီး တပည့်တွေကို ယေရှု မမိန့်မှာခဲ့သလို အစောပိုင်းတပည့်တွေလည်း အဲဒီလို မညွှန်ကြားခဲ့ဘူး။ သန္ဓေတားတာကို ကျမ်းစာထဲမှာ တိတိကျကျ ပြစ်တင်ထားတာလည်း မတွေ့ရဘူး။
ဒါကြောင့် ဇနီးမောင်နှံတွေဟာ ကလေးယူမယ်၊ မယူဘူးဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တကယ်လို့ ကလေးယူမယ်ဆိုရင် ဘယ်နှစ်ယောက်ယူမယ်၊ ဘယ်အချိန်မှာယူမယ်ဆိုတာကိုလည်း ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချတာမျိုးမဟုတ်တဲ့ သန္ဓေတားနည်းတစ်နည်းကို အသုံးပြုမယ်ဆိုရင် ဒါက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး သူတို့ပဲ တာဝန်ယူရမှာဖြစ်တယ်။ * ဒါနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်သူမှ ပြောပိုင်ခွင့်မရှိဘူး။—ရောမ ၁၄:၄၊ ၁၀-၁၃။
၆ ကိုယ်ဝန် ဖျက်ချတာ မှားသလား။
▪ အဖြေ– ဘုရားသခင်ဟာ အသက်ကို တန်ဖိုးထားတဲ့အတွက် သန္ဓေသားလောင်းလေးကိုတောင် အသက်ရှင်တဲ့သူအဖြစ် ရှုမြင်တယ်။ (ဆာလံ ၁၃၉:၁၆) မမွေးသေးတဲ့ကလေးကို အနာတရဖြစ်အောင် ပြုလုပ်တဲ့သူဟာ အပြစ်ဒဏ်ခံရမယ်လို့ ဘုရားသခင် မိန့်မှာထားတယ်။ ဒါကြောင့် မမွေးသေးတဲ့ ကလေးကိုသတ်တာက လူသတ်တာနဲ့အတူတူပဲလို့ ဘုရားသခင် ယူမှတ်တယ်။—ထွက်မြောက်ရာ ၂၀:၁၃; ၂၁:၂၂၊ ၂၃။
ဒါပေမဲ့ ကလေးမွေးတဲ့အချိန်မှာ အမေရဲ့အသက်ကို ကယ်မလား၊ ကလေးရဲ့အသက်ကို ကယ်မလားဆိုပြီး အရေးပေါ် ကိစ္စဖြစ်လာရင်ကော။ ဒီကိစ္စမှာတော့ ဇနီးမောင်နှံဟာ ဘယ်သူ့အသက်ကို ကယ်မလဲဆိုတာ ဆုံးဖြတ်ကြရမှာဖြစ်တယ်။
၇ သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်ပြုထားသလား။
▪ အဖြေ– ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ ကွာရှင်းဖို့ လက်ခံနိုင်တဲ့အကြောင်းရင်းတစ်ခုတည်းကိုပဲ ယေရှု ဒီလိုဖော်ပြခဲ့တယ်– ‘မတရားမေထုန်ပြုခြင်း [အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်း] မှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကို ကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေး ဖောက်ပြန်သူဖြစ်၏။’—မဿဲ ၁၉:၉။
မရိုးသားတဲ့နည်း၊ သစ္စာဖောက်တဲ့နည်းနဲ့ ကွာရှင်းတာကိုတော့ ဘုရားသခင် မကြိုက်ဘူး။ အိမ်ထောင်ဖက်ကို အကြောင်းမဲ့သက်သက် အထူးသဖြင့် နောက်တစ်ယောက်ကို လက်ထပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ စွန့်ခွာသွားတဲ့သူတွေကို ဘုရားသခင်ကိုယ်တိုင် စာရင်းရှင်းမှာဖြစ်တယ်။—မာလခိ ၂:၁၃-၁၆; မာကု ၁၀:၉။
၈ လိင်တူဆက်ဆံတာကို ဘုရားသခင် လက်ခံသလား။
ရောမ ၁:၂၆၊ ၂၇; ဂလာတိ ၅:၁၉-၂၁) အဲဒီဘဝပုံစံကို ဘုရားသခင် လက်မခံဘူးဆိုတာ ကျမ်းစာမှာ တိတိကျကျ ဖော်ပြထားပေမဲ့ ‘ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကို ရစေရန် ဘုရားသခင်သည် မိမိ၏တစ်ဦးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏’ လို့လည်း ကျွန်ုပ်တို့ သိထားကြပါတယ်။—ယောဟန် ၃:၁၆။
▪ အဖြေ– တရားမဝင် ဖိုမဆက်ဆံမှုကို သမ္မာကျမ်းစာထဲမှာ ပြတ်ပြတ်သားသား ရှုတ်ချထားတယ်။ အဲဒီထဲမှာ လိင်တူဆက်ဆံတာလည်းပါတယ်။ (ခရစ်ယာန်စစ်တွေဟာ လိင်တူဆက်ဆံတာကို ရှုတ်ချပေမဲ့ အဲဒီလိုလူတွေအပါအဝင် လူသားအားလုံးကို ကြင်နာမှုပြကြပါတယ်။ (မဿဲ ၇:၁၂) “လူအမျိုးမျိုးတို့ကို ရိုသေ” ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် အလိုရှိတယ်။ ဒါကြောင့် စိတ်ရင်းမှန်တဲ့ ခရစ်ယာန်တွေဟာ လိင်တူဆက်ဆံတဲ့သူတွေကို အကြောင်းမဲ့ မုန်းတီးတာမျိုးမရှိပါဘူး။—၁ ပေတရု ၂:၁၇။
၉ ဖုန်းဆက်စ်၊ “ဆက်စ်တင်၊” ဆိုက်ဘာဆက်စ်တွေကို အသုံးပြုတာ မှားသလား။
▪ အဖြေ– ဖုန်းဆက်စ် (Phone sex) ဆိုတာက ဖိုမကိစ္စတွေကို ဖုန်းနဲ့ပြောတာ၊ ဒါမှမဟုတ် ဖိုမစိတ်ကြွလာအောင် တစ်တစ်ခွခွ ပြောတာတွေကို နားထောင်တာဖြစ်တယ်။ “ဆက်စ်တင်” (Sexting) ဆိုတဲ့စကားလုံးက ဖိုမစိတ်ကိုကြွစေတဲ့ ရုပ်ပုံတွေ၊ စာတွေကို ဆဲလ်ဖုန်းနဲ့ တခြားသူတွေဆီ ပို့ပေးတာကို ပြောတာဖြစ်တယ်။ ဆိုက်ဘာဆက်စ် (Cybersex) ဆိုတာ အင်တာနက်နဲ့ဆက်သွယ်ပြီး အပြန်အလှန် ရာဂစိတ်ကြွလာအောင် ပြုလုပ်တာတွေဖြစ်တယ်။
အဲဒီလိုခေတ်သစ်ပုံစံတွေကို ကျမ်းစာထဲမှာ တိတိကျကျ မဆွေးနွေးထားပါဘူး။ ဒါပေမဲ့ ဒီလိုတော့ပြောထားပါတယ်– ‘သင်တို့သည် သန့်ရှင်းသူများ ဖြစ်သည့်အားလျော်စွာ မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။ မသင့်လျော်သောအမှုများဖြစ်သည့် ရှက်ဖွယ်သော အမူအကျင့်၊ မိုက်မဲသောစကား၊ ညစ်ညမ်းသော ပြက်လုံးများကိုလည်း မပြောဆိုကြနှင့်။’ (ဧဖက် ၅:၃၊ ၄) ဖုန်းဆက်စ်၊ ဆက်စ်တင်နဲ့ ဆိုက်ဘာဆက်စ်စတဲ့ အရာတွေက ဖိုမကိစ္စနဲ့ပတ်သက်ပြီး အမြင်စောင်းအောင်၊ အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ ဖိုမဆက်ဆံခြင်းမှာ သာယာမှုခံစားရအောင် အားပေးတယ်။ အဲဒီအကျင့်အကြံတွေက လူတွေ လိင်စိတ်ကြွလာတာကို ချုပ်တည်းဖို့ ကူညီပေးမယ့်အစား ဖိုမကိစ္စမှာ သူ့ကိုယ်သူ ကျေနပ်အားရစေဖို့ မြှောက်ပင့်ပေးတယ်။
၁၀ တစ်ကိုယ်တည်း ရာဂစိတ်ဖြေတာကို သမ္မာကျမ်းစာက ဘယ်လိုရှုမြင်သလဲ။
▪ အဖြေ– လိင်စိတ်ကြွလာအောင် တမင်တကာ ကိုယ်ဘာသာကိုယ်ပြုလုပ်တာဖြစ်တဲ့ တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းအကြောင်းကို ကျမ်းစာမှာ အတိအကျ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေကို ကျမ်းစာမှာ ဒီလိုမိန့်မှာထားတယ်– ‘ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ [မလျောက်ပတ်သည့်] သွေးသားဆန္ဒပြင်းပြခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။’—ကောလောသဲ ၃:၅။
တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းက လိင်နဲ့ပတ်သက်ပြီး အမြင်စောင်းအောင်၊ ကိုယ့်အတွက်ပဲကိုယ် စဉ်းစားလာအောင် ဆွပေးတယ်။ အဲဒီအကျင့်ကိုဖျောက်ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေကို ဘုရားသခင်က “သာမန်ထက် ထူးကဲသော တန်ခိုးတော်” ပေးနိုင်တယ်လို့ ကျမ်းစာမှာ အာမခံထားပါတယ်။—၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 ပေါ်နီယာ ရဲ့အဓိပ္ပာယ်က လိင်အင်္ဂါတွေကို ဘုရားသခင် ဖန်ဆင်းရတဲ့ မူလရည်ရွယ်ချက်ကနေ သွေဖည်သွားစေတဲ့ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိင်တူမေထုန်ဆက်ဆံတာ၊ တိရစ္ဆာန်နဲ့ကာမစပ်ယှက်တာစတဲ့ တခြားအပြုအမူတွေကိုလည်း ရည်ညွှန်းတယ်။
^ အပိုဒ်၊ 19 သားကြောဖြတ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာအမြင်ကို ထပ်ဆင့်သိလိုတယ်ဆိုရင် ၁၉၉၉၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၂၈ က “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးကို ဖတ်ကြည့်ပါ။