သူတို့မြေ၊ သူတို့ဓလေ့

ကော်စတာ ရီကာသို့ အလည်တစ်ခေါက်

ကော်စတာ ရီကာသို့ အလည်တစ်ခေါက်

လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာလောက်တုန်းက စပိန်လူမျိုးတွေက အဲဒီနေရာကို ဦးဆုံးအကြိမ် ရောက်လာတယ်။ ရွှေရှိနိုင်တယ်လို့ သူတို့ထင်ပြီး အဲဒီနေရာကို ကော်စတာ ရီကာ (ချမ်းသာတဲ့ ကမ်းရိုးတန်း) ဆိုပြီး ခေါ်ကြတယ်။ ဒါပေမဲ့ ရွှေမရှိပါဘူး။ ဒီနေ့အချိန်မှာတော့ အဲဒီနေရာကို အဖိုးတန် သတ္တုသိုက်ရှိတဲ့ နေရာလို့မဟုတ်ဘဲ ကမ္ဘာ့သက်ရှိမျိုးကွဲတွေ အများကြီးရှိတဲ့နေရာလို့ လူသိများတယ်။

ကော်စတာ ရီကာမှာနေတဲ့သူတွေကို တိကို့စ် (Ticos) လို့ ခေါ်ကြတယ်၊ အကြောင်းကတော့ သူတို့တွေစကားပြောတိုင်း စကားလုံးနောက်မှာ “အိကို့” (-ico) ဆိုတဲ့ အသံထွက်ကို ထည့်ထည့်ပြောကြလို့ဖြစ်တယ်။ “မင်္ဂလာပါ၊” “ပြန်တွေ့မယ်” ဒါမှမဟုတ် သဘောတူတယ်၊ ကျေးဇူးတင်တယ်ဆိုပြီး သီးသန့်စကားလုံးတွေကို သုံးမယ့်အစား “ပူရ ဗီဒါ” (စင်ကြယ်တဲ့ဘ၀) ဆိုတဲ့ ဘုံစကားလုံးလေးကိုပဲ သုံးလေ့ရှိတယ်။

ကော်စတာရီကာသစ်တောတွေထဲမှာ သစ်ပင်နဲ့ တိရစ္ဆာန်မျိုးကွဲ အများကြီးရှိ၊ မျက်လုံးနီ ဖားပျံက တစ်ခုအပါအဝင်ဖြစ်

ကော့စတာ ရီကာလူမျိုးတွေ ကြိုက်တတ်တဲ့အစားအစာတစ်မျိုးက ဂါလို ပင်တို (“အပြောက်ပါတဲ့ ကြက်ဖ” လို့ အဓိပ္ပာယ်ရှိ) လို့ခေါ်တဲ့ ဟင်းလျာဖြစ်တယ်၊ ထမင်းနဲ့ပဲကို သတ်သတ်စီချက်ပြီးမှ အမွှေးအကြိုင်တွေထည့်ပြီး ပြန်ရောထားတဲ့ အစားအစာဖြစ်တယ်။ ဂါလို ပင်တို ကို မနက်စာ၊ နေ့လည်စာ၊ ညစာအနေနဲ့ စားသုံးကြတယ်။ ကာဖယ် ချော်ရယ်အာဒို ကို သောက်တဲ့ ထုံးစံရှိတယ်၊ အဲဒါက သစ်သားခုံမှာတပ်ထားတဲ့ ရေစစ်ထဲ ကော်ဖီမှုန့် ထည့်ပြီး ရေနွေးလောင်းချလို့ရလာတဲ့ ကော်ဖီဖြစ်တယ်။

ကော်စတာ ရီကာမှာ ယေဟောဝါသက်သေ အသင်းတော်ပေါင်း ၄၅၀ လောက်ရှိတယ်။ အစည်းအဝေးတွေကို ဘာသာစကားဆယ်မျိုးနဲ့ ကျင်းပတယ်၊ အဲဒီအထဲမှာ ကော်စတာ ရီကာ လက်သင်္ကေတပြဘာသာစကားနဲ့ ကော်စတာ ရီကာ တိုင်းရင်းသားစကား ဘရီဘရီနဲ့ ကာဘီကာ ဘာသာစကားတွေ ပါဝင်တယ်။

သိပါသလား။ ကော်စတာ ရီကာနိုင်ငံမှာ ဧရာမ ကျောက်ဂေါ်လီလုံးကြီး ရာနဲ့ချီ တွေ့ရတယ်။ အကြီးဆုံးက အချင်းရှစ်ပေရှိတယ်။ တချို့ဆိုရင် နှစ် ၁,၄၀၀ ကျော်သက်တမ်းရှိပြီလို့ ခန့်မှန်းကြတယ်။ အဲဒီဂေါ်လီလုံးကြီးတွေကို ဘာကြောင့်လုပ်ထားသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။

ကျောက်ဂေါ်လီလုံးကြီးများ