မြန်မာ
လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်
https://cms-imgp.jw-cdn.org/img/p/102016005/univ/art/102016005_univ_sqr_xl.jpg
န၁၆ အမှတ် ၁ စာ. ၁၂-၁၃

သူတို့မြေ၊ သူတို့ဓလေ့ | လိချ်တင်စတိန်း

လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်

လိချ်တင်စတိန်းသို့ အလည်တစ်ခေါက်

ဆွစ်ဇာလန်နဲ့ ဩစတြီးယားကြားက အဲလ်ပ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ လိချ်တင်စတိန်းနိုင်ငံဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တယ်။ အဲဒီမှာ ရှေးအနောက်ဥရောပတိုက်သားတွေဖြစ်တဲ့ ကက်လူမျိုး၊ ရီရှီယာလူမျိုး၊ ရောမလူမျိုးနဲ့ အာလာမဲန်နီလူမျိုးတွေ နေထိုင်ခဲ့ကြတယ်။ အခုအချိန်မှာ လိချ်တင်စတိန်း လူဦးရေ သုံးပုံနှစ်ပုံလောက်ဟာ အာလာမဲန်နီ လူမျိုးတွေဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၅၀၀ ခန့်ကတည်းက အဲဒီမှာ နေထိုင်ခဲ့ကြတယ်။

ကျေးလက်ဒေသတွေမှာတော့ အသုံးအနှုန်း မတူကြပေမဲ့ လိချ်တင်စတိန်းရဲ့ ရုံးသုံးဘာသာစကားက ဂျာမန်ဘာသာစကားဖြစ်တယ်။ လိချ်တင်စတိန်းရဲ့ အဓိကအစားအစာနှစ်မျိုးကတော့ ပြောင်းဖူးနဲ့လုပ်ထားတဲ့ တူဝါကာရီဘယ် နဲ့ ဒိန်ခဲများများပါတဲ့ ကက်စ်နော့ဖလီ ဖြစ်တယ်။

ကက်စ်နော့ဖလီ

အရောင်အသွေးစုံတဲ့ ရိုးရာဝတ်စုံ

အဲဒီနိုင်ငံကို လည်ပတ်သူတွေက နှင်းဖုံးနေတဲ့ တောင်တန်းတွေ၊ စိမ်းလန်းနေတဲ့ ချိုင့်ဝှမ်းတွေ၊ စပျစ်ဥယျာဉ်နဲ့ အသီးအရွက်အမျိုးမျိုးကို တွေ့နိုင်တယ်။ သေးငယ်လှတဲ့ ဒီနိုင်ငံမှာ သစ်ခွအရိုင်း အမျိုး ၅၀ လောက်တွေ့နိုင်တယ်။ လိချ်တင်စတိန်းမှာ ပြတိုက်တွေ၊ ဇာတ်ရုံတွေ၊ ဝိုင်ထုတ်လုပ်တဲ့နေရာတွေ ရှိတယ်။ နွေရာသီနဲ့ ဆောင်းရာသီမှာ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်လေ့ရှိတယ်။

၁၉၂၀ ပြည့်လွန်နှစ်ကတည်းက လိချ်တင်စတိန်းနိုင်ငံမှာ ယေဟောဝါသက်သေတွေ အမှုဆောင်နေကြတယ်။ အခုအချိန်မှာ ယေဟောဝါသက်သေ ၉၀ လောက်ရှိပြီး ဒေသခံတွေနဲ့ ဧည့်သည်တွေကို သမ္မာကျမ်းစာအကြောင်း ပြောပြနေကြတယ်။