သိပ္ပံပညာသည် ဤလောကကို ကုစားပေးမည်လော
သိပ္ပံပညာသည် ဤလောကကို ကုစားပေးမည်လော
ခေတ်သစ် သိပ္ပံပညာသည် ဤလောကကို ကုစားပေးမည်လော။ ဖျားနာမှုကင်းမဲ့သည့်ကမ္ဘာကို လူသားတို့ ဖန်တီးပေးမည့်အချိန်နှင့်ပတ်သက်၍ ဟေရှာယပရောဖက်ပြုချက်နှင့် ဗျာ.ကျမ်းတို့က ညွှန်ပြပါသလော။ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် အောင်မြင်မှုများစွာကိုကြည့်၍ လူအချို့ကမူ ယင်းသို့ဖြစ်နိုင်သည်ဟု ယူဆကြ၏။
အစိုးရများနှင့် ပုဂ္ဂလိကအလှူရှင်များသည် ယခုအခါ မကြုံစဖူးသော ရောဂါတိုက်ဖျက်ရေးကင်ပိန်းကို ယူအဲန်နှင့်တွဲဖက်၍ ဆောင်ရွက်နေကြသည်။ ပူးပေါင်းဆောင်ရွက်မှုတစ်ခုက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးရေးကို အာရုံစိုက်လျက်ရှိသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏အဆိုအရ တိုင်းနိုင်ငံတို့သည် ရည်မှန်းထားသည့်အတိုင်း အောင်မြင်မည်ဆိုလျှင် “၂၀၁၅ ခုနှစ်ရောက်သော် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများရှိ ကလေးသူငယ် သန်း ၇၀ ကျော်တို့သည် တီဘီရောဂါ၊ ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ အသားဝါရောဂါ၊ သွေးမတိတ်တုပ်ကွေးရောဂါ ဘီအမျိုးအစား၊ အသည်းရောင်ဘီရောဂါ၊ ပိုလီယိုရောဂါ၊ အစာအိမ်နှင့်အူသိမ်ရောင်နာ၊ အဆုတ်ရောင်နာ၊ ဦးနှောက်နှင့်ကျောရိုးဖုံးမြှေးရောင်ရမ်းနာ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါတို့ကို တိုက်ဖျက်ပေးသည့် အသက်ကယ် ကာကွယ်ဆေးများကို နှစ်စဉ်ရရှိကြပေမည်။” ရေသန့်လုံလောက်စွာရရှိရေး၊ သင့်တော်သောအာဟာရနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုပညာပေးရေး အစရှိသည့် အခြေခံကျန်းမာရေး လိုအပ်ရာများကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။
သို့သော် သိပ္ပံပညာရှင်များသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခြေခံများထက်မက ပို၍လုပ်ဆောင်ပေးလိုသည့်ဆန္ဒ ပြင်းပြကြ၏။ ခေတ်မီနည်းပညာက ဆေးပညာနယ်ပယ်ကို တစ်ခေတ်ဆန်းစေသည်။ သိပ္ပံပညာရှင်များသည် ရှစ်နှစ်တိုင်း ၎င်းတို့၏ဆေးဘက်ဆိုင်ရာအသိပညာကို နှစ်ဆတိုးတက်စေသည်ဟု ဆိုရပေမည်။ အောက်ပါတို့မှာ နောက်ဆုံးပေါ် နည်းပညာရပ်ဆိုင်ရာအောင်မြင်မှုတချို့နှင့် ရောဂါတိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ပန်းတိုင်တချို့သာဖြစ်သည်။
▪ ဓာတ်မှန်ပုံရိပ် ဆရာဝန်များနှင့် ဆေးရုံများသည် စီတီစကဲန် (CT scan) ဟုသိထားကြသည့် စက်ကိရိယာကို အသုံးပြုလျက်ရှိသည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သည်။ စီတီဆိုသည်မှာ ကိုယ်ခန္ဓာအတွင်းပိုင်းကို ကွန်ပျူတာဖြင့် ရှင်းလင်းပြတ်သားစွာရိုက်ယူသည့်နည်းပညာ (computed tomography) ၏အတိုကောက်ဖြစ်သည်။ စီတီစကဲန်နာစက်များသည် လူ့ကိုယ်ခန္ဓာအတွင်းပိုင်း၏ သုံးဖက်မြင်ဓာတ်မှန်ပုံရိပ်များကို ထုတ်လုပ်ပေးသည်။ ဤပုံရိပ်များသည် ရောဂါအမည်ဖော်ခြင်းနှင့် မူမမှန်သောအတွင်းအင်္ဂါများ စစ်ဆေးခြင်းတို့တွင် အထောက်အကူပြုသည်။
ရေဒီယိုဓာတ်ရောင်ခြည် ထိတွေ့ ခြင်းနှင့်ဆက်စပ်သည့် အန္တရာယ်များနှင့်ပတ်သက်၍ အငြင်းပွားမှုတချို့ရှိနေသော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကမူ ဤအဆင့်မြင့်နည်းပညာ၏ အနာဂတ်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ အကောင်းမြင်ကြ၏။ ရှီကာဂိုဆေးတက္ကသိုလ်မှ ဓာတ်မှန်ပညာဆိုင်ရာပါမောက္ခဖြစ်သူ မိုက်ကယ်လ်ဗာနီးယားက ဤသို့ဆိုသည်– “လွန်ခဲ့သောနှစ်အနည်းငယ်က တိုးတက်မှုအရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှ၏။”
စီတီစကဲန်နာစက်များသည် ယခုအခါ ပို၍မြန်ဆန်တိကျကာ အကုန်အကျလည်းသက်သာသည်။ နောက်ဆုံးပေါ် စကဲန်နာနည်းစနစ်များ၏ အရေးပါသော အကျိုးကျေးဇူးတစ်ခုမှာ အမြန်နှုန်းဖြစ်သည်။ ယင်းသည် နှလုံးကိုစစ်ဆေးသည့်အခါ အထူးသဖြင့်မှန်ကန်၏။ နှလုံးသည် အဆက်မပြတ်ခုန်နေခြင်းကြောင့် ယင်းကိုရိုက်ကူးထားသည့် ဓာတ်မှန်ပုံရိပ်အများစုမှာ မှုန်ဝါးဝါးဖြစ်နေကာ ယင်းပုံရိပ်များကို အတိအကျခန့်မှန်းရန် ခက်သည်။ New Scientist မဂ္ဂဇင်းက ရှင်းပြသည့်အတိုင်း စကဲန်နာစက်အသစ်များသည် “ကိုယ်ခန္ဓာအနှံ့ ရွေ့လျားသွားရန် တစ်စက္ကန့်၏သုံးပုံတစ်ပုံသာ ကြာပြီး နှလုံးတစ်ချက်ခုန်နှုန်းထက်ပင် ပို၍မြန်ဆန်သဖြင့် ကြည်လင်ပြတ်သားသော ပုံရိပ်ကို ဖန်တီးပေးနိုင်သည်။
နောက်ဆုံးပေါ်စကဲန်နာစက်များ၏ အကူအညီဖြင့် ဆရာဝန်များသည် ကိုယ်တွင်းအင်္ဂါများကို အသေးစိတ်မြင်တွေ့နိုင်သည့်အပြင် သတ်မှတ်ထားသောနေရာများရှိ ဇီဝဓာတုလှုပ်ရှားမှုကိုပါ စစ်ဆေးကြည့်ရှုနိုင်ကြသည်။ ယင်းသို့အသုံးဝင်မှုကြောင့် ကင်ဆာဖြစ်ပွားသည့်နေရာကို ရောဂါအစပျိုးချိန်၌ပင် ရှာဖွေတွေ့ရှိနိုင်ပေမည်။
▪ စက်ရုပ်များဖြင့် ခွဲစိတ်ကုသမှု ခေတ်မီဆန်းပြားသည့် စက်ရုပ်များသည် စိတ်ကူးယဉ်သိပ္ပံလောကတွင်သာမက ဆေးပညာနယ်ပယ်တွင်လည်း ရှိနေလေပြီ။ ထောင်နှင့်ချီသော ခွဲစိတ်ကုသမှုများကို စက်ရုပ်များ၏အကူအညီဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အချို့သောကုသမှုများတွင် ခွဲစိတ်ဆရာဝန်များသည် စက်ရုပ်များ၏လက်တံများကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်သည့် အဝေးထိန်းကိရိယာကိုအသုံးပြု၍ ကုသပေးကြသည်။ အဆိုပါလက်တံများတွင် ခွဲခန်းသုံး ဓားများ၊ ကတ်ကြေးများ၊ ကင်မရာများ၊ ရှို့တံများနှင့် အခြားသော ကိရိယာတန်ဆာပလာများ တပ်ဆင်ထားသည်။ အဆိုပါနည်းပညာကြောင့် ခွဲစိတ်ဆရာဝန်များသည် အလွန်ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုများကို အလွန်တိကျစွာ လုပ်ဆောင်နိုင်ကြသည်။ “ခွဲစိတ်ဆရာဝန်များသည် အဆိုပါနည်းစနစ်ကိုအသုံးပြုသောကြောင့် လူနာများအနေနှင့် သွေးဆုံးရှုံးမှုနှင့် နာကျင်မှုလျော့နည်းကြောင်း၊ ဆင့်ပွားရောဂါအန္တရာယ်နည်းပါးကြောင်း၊ ဆေးရုံတက်ရက်တိုသွားကြောင်းနှင့် သမားရိုးကျ ခွဲစိတ်ကုသမှုခံယူသူတို့ထက် နာလန်ထပိုမြန်ကြောင်း တွေ့ရှိခဲ့ကြသည်” ဟုနယူးစ်ဝိခ်မဂ္ဂဇင်းကဆိုသည်။
▪ နာနိုဆေးပညာ နာနိုဆေးပညာ ဟူသည် ဆေးပညာနယ်ပယ်တွင် နာနိုနည်းပညာကို လက်တွေ့အသုံးချခြင်းဖြစ်သည်။ တစ်ဖန် နာနိုနည်းပညာဆိုသည်မှာ အလွန်သေးငယ်သောအရာဝတ္ထုများကို ဖန်တီး၍ အသုံးပြုသည့် သိပ္ပံပညာရပ်ဖြစ်၏။ ဤနည်းပညာတွင် အသုံးပြုသည့်ယူနစ်ကို နာနိုမီတာဟုခေါ်ဆိုကာ ယင်းသည် တစ်မီတာ၏ သန်းတစ်ထောင်ပုံတစ်ပုံဖြစ်၏။ *
အရွယ်ပမာဏကို တိုင်းတာရန် ယခု သင်ဖတ်ရှုနေသည့် စာမျက်နှာသည် နာနိုမီတာ ၁၀၀,၀၀၀ ခန့်ထူပြီး လူ့ဆံခြည်တစ်ပင်မှာ ၈၀,၀၀၀ ခန့်ထူ၏။ သွေးဆဲလ်နီတစ်ခု၏အချင်းသည် နာနိုမီတာ ၂,၅၀၀ ခန့်ရှိသည်။ ဗက်တီးရီးယားပိုးသည် နာနိုမီတာ ၁,၀၀၀ ခန့်ရှည်ပြီး ဗိုင်းရပ်စ်ပိုးမှာ နာနိုမီတာ ၁၀၀ ခန့်ရှိသည်။ သင်၏ဒီအဲန်အေအချင်းမှာ ၂.၅ နာနိုမီတာခန့်ရှိသည်။
ဤနည်းပညာကို ထောက်ခံသူများက မဝေးတော့သောအနာဂတ်တွင် သိပ္ပံပညာရှင်များသည် လူ့ကိုယ်ခန္ဓာအတွင်း ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် ပုံစံပြုထားသည့် အလွန်သေးငယ်သော ကိရိယာများကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ကြ၏။ နာနိုစက်ယန္တရားများဟု ရည်ညွှန်းလေ့ရှိသည့် အဆိုပါစက်ရုပ်လေးများသည် အလွန်တိကျသောညွှန်ကြားချက်များ ထည့်သွင်းထားသည့် အလွန်သေးငယ်သောကွန်ပျူတာများကို သယ်ဆောင်ပေးပါလိမ့်မည်။ အတော်အတန်ရှုပ်ထွေးသည့် အဆိုပါစက်ယန္တရားများကို နာနိုမီတာ ၁၀၀ ထက်မကြီးသည့် အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားမည်ဖြစ်ရာ အံ့ဩစရာပင်။ ယင်းသည် သွေးဆဲလ်နီ၏အချင်းထက် ၂၅ ဆ သေးငယ်သည်!
နာနိုစက်ယန္တရားများသည် အလွန်သေးငယ်လှသဖြင့် တစ်နေ့နေ့တွင် ဆံခြည်ပြွန်သွေးကြောမျှင်လေးများအတွင်း ဖြတ်သန်းသွားလာ၍ အားနည်းနေသောတစ်ရှူးများထံ အောက်ဆီဂျင်ပို့ပေးပြီး သွေးကြောများတွင် ပိတ်ဆို့နေသည့်အရာများနှင့် ဦးနှောက်ဆဲလ်များမှ ရောဂါရှိနေသည့်တစ်ရှူးများကို ဖယ်ရှားပေးကာ ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် အခြားကူးစက်ပြန့်ပွားလွယ်သည့်ပစ္စည်းများကို ရှာဖွေဖျက်ဆီးပေးနိုင်မည်ဟု မျှော်လင့်ရ၏။ ထို့ပြင် ဆေးဝါးများကို သတ်မှတ်ထားသည့်ဆဲလ်များထံ တိုက်ရိုက်ပေးပို့ရန် နာနိုစက်ယန္တရားများကို အသုံးပြုနိုင်မည်။
နာနိုဆေးပညာ၏အကူအညီဖြင့် ကင်ဆာရောဂါရှာဖွေမှုတွင် သိသိသာသာ တိုးတက်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက ကြိုတင်ခန့်မှန်းကြသည်။ ဆေးပညာ၊ ရူပဗေဒနှင့် ဇီဝဆေးဘက်ဆိုင်ရာ စက်မှုပညာပါမောက္ခဖြစ်သူ ဒေါက်တာ ဆယ်မျူအယ်လ်ဝစ်ခ်လင်းက ဤသို့ဆိုခဲ့သည်– “ကင်ဆာရောဂါအသေးစားများကို တစ်ခါနှင့်မျှမတူအောင် ပို၍စောစီးစွာ ရှာဖွေတွေ့ရှိကာ အကျိတ်ရှိသည့်နေရာကိုသာ အစွမ်းထက်ဆေးဝါးများဖြင့် ကုသပေးပြီး တစ်ချိန်တည်းတွင် အန္တရာယ်ရှိသော မည်သည့်ဘေးထွက်ဆိုးကျိုးကိုမဆို လျော့နည်းစေရန် ဖြစ်နိုင်ခြေများစွာရှိသည်။”
ယင်းသည် အနာဂတ်စိတ်ကူး ဖြစ်ပုံရသော်လည်း နာနိုဆေးပညာသည် ဖြစ်နိုင်ခြေ အမှန်ပင်ရှိကြောင်း သိပ္ပံပညာရှင်အချို့က ယူဆကြသည်။ လာမည့်ဆယ်စုနှစ်အတွင်း သက်ရှိဆဲလ်များ၏မော်လီကျူးတည်ဆောက်ပုံကို ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်နေရာချခြင်းတို့တွင် နာနိုနည်းပညာကို အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ဤနည်းပညာနယ်ပယ်မှ အထင်ကရသုတေသီများက မျှော်လင့်ထားကြ၏။ ထောက်ခံသူတစ်ဦးက ဤသို့အခိုင်အမာဆိုသည်– “နာနိုဆေးပညာသည် ၂၀ ရာစု၏ အဖြစ်များသော ရောဂါအားလုံးနီးပါး၊ ကုသမှုဆိုင်ရာ နာကျင်မှုဝေဒနာအားလုံးနီးပါးကို ပျောက်ကင်းစေမည်ဖြစ်ကာ လူ့စွမ်းဆောင်နိုင်ရည်ကို တိုးတက်စေမည်ဖြစ်သည်။” ယခုပင်လျှင် နာနိုဆေးပညာဖြင့် တိရစ္ဆာန်များအားစမ်းသပ်ရာတွင် အောင်မြင်မှုရနေကြောင်း သိပ္ပံပညာရှင်အချို့ ပြောဆိုနေကြပါသည်။
▪ ဂျီနောမခ်စ် မျိုးရိုးဗီဇတည်ဆောက်ပုံကို လေ့လာသောပညာရပ်အား ဂျီနောမခ်စ်ဟု လူသိများသည်။ လူ့ကိုယ်ခန္ဓာအတွင်းရှိဆဲလ်တိုင်းတွင် အသက်အတွက်အရေးပါသော အစိတ်အပိုင်းများစွာပါရှိသည်။ ယင်းတို့အနက်တစ်ခုမှာ မျိုးရိုးဗီဇဖြစ်၏။ ကျွန်ုပ်တို့တစ်ဦးစီတွင် ဆံပင်အရောင်၊ ဆံပင်အသား၊ အသားအရေ၊ မျက်စိအရောင်၊ အရပ်အမောင်းနှင့် ကျွန်ုပ်တို့၏ အခြားရုပ်ဆင်းအင်္ဂါများကို သတ်မှတ်ပေးသည့် မျိုးရိုးဗီဇပေါင်း ၃၅,၀၀၀ ခန့်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့၏မျိုးရိုးဗီဇသည် ကိုယ်တွင်းအင်္ဂါများ၏ အရည်အသွေးကို သတ်မှတ်ပေးရာတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်။
မျိုးရိုးဗီဇများပျက်စီးသွားပါက ကျွန်ုပ်တို့၏ကျန်းမာရေးကို ထိခိုက်နိုင်သည်။ အမှန်မှာ ရောဂါအားလုံးသည် မျိုးရိုးဗီဇများ ချွတ်ယွင်းခြင်းကြောင့် ဖြစ်ပွားရသည်ဟု သုတေသီအချို့က ယူဆကြ၏။ ချွတ်ယွင်းနေသော ဗီဇအချို့မှာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည်။ အခြားဗီဇများမှာမူ ပတ်ဝန်းကျင်ရှိ ဘေးဖြစ်စေသောဒြပ်စင်များနှင့် ထိတွေ့ခြင်းကြောင့် ပျက်စီးရခြင်းဖြစ်သည်။
ကျွန်ုပ်တို့အား ရောဂါဖြစ်စေသည့်ဗီဇများကို များမကြာမီ အတိအကျ ခွဲခြားသတ်မှတ်ပေးနိုင်တော့မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။ ယင်းအားဖြင့် လူတချို့သည် အခြားသူများထက် အဘယ်ကြောင့် ကင်ဆာရောဂါပိုဖြစ်ကြောင်း၊ ကင်ဆာရောဂါတစ်မျိုးသည် အခြားသူများထက် လူတချို့တွင် အဘယ်ကြောင့် ပို၍လျင်မြန်စွာပျံ့နှံ့ကြောင်း ဆရာဝန်များအား နားလည်စေနိုင်သည်။ ထို့ပြင် ဆေးဝါးတစ်မျိုးသည် လူနာတချို့အတွက် ထိရောက်မှုရှိသော်လည်း အခြားသူများအတွက်မူ ထိရောက်မှုမရှိရခြင်း၏အကြောင်းရင်းကို ဂျီနောမခ်စ်ပညာရပ်က ဖော်ထုတ်ပေးမည်ဖြစ်သည်။
ယင်းသို့သော တိကျသည့် မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များက လူတစ်ဦးစီအတွက် ရည်ရွယ်ထုတ်လုပ်သည့်ဆေးဝါးများ ပေါ်ထွက်စေမည်ဖြစ်သည်။ ဤနည်းပညာရပ်မှ သင်မည်သို့ အကျိုးရရှိနိုင်မည်နည်း။ လူတစ်ဦးစီအတွက် ရည်ရွယ်ထုတ်လုပ်သည့်ဆေးဝါးဟူသော အယူအဆသည် သင်၏ထူးခြားသော မျိုးရိုးဗီဇလက္ခဏာများနှင့်အညီ ဆေးဝါးကုသပေးနိုင်သည်ဟုဆို၏။ ဥပမာ၊ သင်၏မျိုးရိုးဗီဇကို လေ့လာကြည့်ရာ သင်သည် ရောဂါတစ်မျိုးမျိုး ဖြစ်မည့်အလားအလာရှိနေကြောင်း ဖော်ပြမည်ဆိုလျှင် ရောဂါလက္ခဏာမပေါ်မီ ကြာမြင့်စွာကပင် ယင်းရောဂါကို ဆရာဝန်များ ရှာဖွေတွေ့ရှိနိုင်သည်။ ရောဂါမပေါ်မီ သင့်တော်သောကုသမှု၊ ဓာတ်စာနှင့် အမူအကျင့်ပြောင်းလဲမှုများက ရောဂါကို လုံးဝတားဆီးပေးနိုင်သည်ဟူသော သာဓကများရှိကြောင်း ထောက်ခံသူများက အခိုင်အမာဆိုကြသည်။
ထို့ပြင် သင်၏မျိုးရိုးဗီဇက သင်သည် ဆေးနှင့်မတည့်သည့် အလားအလာရှိကြောင်း ဆရာဝန်များကို အချက်ပြပေမည်။ ဤအချက်အလက်များက ဆရာဝန်များအား သင်၏ရောဂါအခြေအနေကိုလိုက်၍ လိုအပ်သည့် ဆေးဝါးအမျိုးအစားနှင့် သောက်သုံးရမည့်ပမာဏတို့ကို တိတိကျကျ ညွှန်းပေးနိုင်စွမ်းရှိစေမည်။ ဘော်စတွန်ဂလုပ်ဘ် သတင်းစာက ဤသို့ဆိုသည်– “သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ရောက်သော် [လူတစ်ဦးစီအတွက် ရည်ရွယ်ထုတ်လုပ်သည့်ဆေးဝါး] သည် ယနေ့ ကျွန်ုပ်တို့စိတ်ကူးကြည့်နိုင်သည်ထက်ပင် ပိုမိုအစွမ်းထက်နိုင်ဖွယ်ရှိ၏။ လူ့ဘောင်အဖွဲ့အစည်းကို အကြီးအကျယ်ထိခိုက်စေသော ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါနှင့် အခြားရောဂါများစွာအတွက် မျိုးရိုးဗီဇကိုအခြေခံ၍ ထုတ်လုပ်ထားသည့် ဆေးဝါးအသစ်များ ပေါ်ထွက်လာမည်ဖြစ်သည်။”
အထက်ဖော်ပြပါ နည်းပညာရပ်များသည် အနာဂတ်အတွက် သိပ္ပံပညာက ကတိပြုထားရာများ၏ နမူနာမျှသာဖြစ်၏။ ဆေးဘက်ဆိုင်ရာအသိပညာသည် မကြုံစဖူးသည့်နှုန်းဖြင့် ဆက်လက်တိုးတက်နေသည်။ သို့သော် မကြာမီတစ်ချိန်ချိန်တွင် ဖျားနာမှု လုံးလုံးလျားလျား ပပျောက်သွားမည်ဟု သိပ္ပံပညာရှင်များ မမျှော်လင့်ကြချေ။ အကြောင်းမှာ မကျော်လွှားနိုင်သေးသည့် အခက်အခဲများရှိနေ၍ဖြစ်သည်။
မကျော်လွှားနိုင်သေးသည့် အခက်အခဲများ
လူ့အမူအကျင့်က ရောဂါနှိမ်နင်းရေးတွင် တိုးတက်မှုကို နှေးကွေးစေနိုင်သည်။ ဥပမာ၊ တစ်စုံတစ်ရာသော ဂေဟစနစ်ကို လူတို့ဖျက်ဆီးခြင်းက အန္တရာယ်ရှိသော ရောဂါအသစ်အဆန်းများကို ဖြစ်ပေါ်စေခဲ့သည်ဟု သိပ္ပံပညာရှင်များ ယုံကြည်ကြသည်။ နယူးစ်ဝိခ် မဂ္ဂဇင်းအင်တာဗျူးတစ်ခုတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးဥက္ကဋ္ဌ မေရီပါးလ်က ဤသို့ရှင်းပြခဲ့သည်– “၁၉၇၀ ပြည့်လွန်နှစ်များအလယ်လောက်ကတည်းက အေအိုင်ဒီအက်စ်ရောဂါ၊ အီဘိုလာရောဂါ၊ လိုင်းမ်ရောဂါနှင့် ဆားစ်ရောဂါအပါအဝင် ရောဂါအသစ်အဆန်း ၃၀ ကျော်ပေါ်လာခဲ့သည်။ အဆိုပါရောဂါအများစုမှာ တိရစ္ဆာန်များမှ လူများထံသို့ ကူးစက်လာခြင်းဖြစ်သည်ဟု ယူဆရ၏။”
ထို့ပြင် လူတို့သည် လတ်ဆတ်သောသစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အစားနည်းလာပြီး သကြား၊ ဆားနှင့် ပြည့်ဝအဆီများကို ပိုမိုစားသုံးလာကြသည်။ ထို့အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းလာကာ ကျန်းမာရေးနှင့်မညီညွတ်သည့် အခြားအလေ့အထများကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ အဖြစ်များလာသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သုံးမှု ပိုမိုများပြားလာသဖြင့် စိုးရိမ်ဖွယ် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာကာ လူသန်းပေါင်းများစွာအား သေဆုံးစေ၏။ နှစ်စဉ် လူသန်းပေါင်း ၂၀ ခန့်သည် ယာဉ်တိုက်မှုများကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးကြရသည်။ စစ်နှင့် အခြားသောအကြမ်းဖက်မှုများက မရေမတွက်နိုင်သော အခြားသူတို့ကို ကိုယ်လက်အင်္ဂါချို့တဲ့စေပြီး သေဆုံးစေသည်။ သန်းပေါင်းများစွာသောသူတို့သည် အရက် သို့မဟုတ် မူးယစ်ဆေးဝါးအလွဲသုံးမှုကြောင့် ကျန်းမာရေးချို့တဲ့နေကြသည်။
အဖြစ်မှန်မှာ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ၊ ဆေးဘက်ဆိုင်ရာနည်းပညာ မည်မျှပင်တိုးတက်နေပါစေ ရောဂါအချို့သည် ဆင်းရဲဝေဒနာများစွာကို ဆက်လက်ဖြစ်ပေါ်နေစေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ‘လူသန်းပေါင်း ၁၅၀ ကျော်သည် တစ်ချိန်ချိန်တွင် စိတ်ကျရောဂါခံစားနေရပြီး ၂၅ သန်းခန့်မှာ စိတ်ကစဉ့်ကလျားရောဂါခံစားနေရကာ ၃၈ သန်းမှာ ဝက်ရူးပြန်ရောဂါ ခံစားနေရ၏။’ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါနှင့် တီဘီရောဂါတို့သည် လူသန်းပေါင်းများစွာကို ကူးစက်နေပြီး မရေမတွက်နိုင်သော ကလေးသူငယ်များနှင့် လူငယ်လူရွယ်များကို သေဆုံးစေသည်။
မကျော်လွှားနိုင်သေးသော အခြားအခက်အခဲများ ရှိနေဆဲဖြစ်ရာ ယင်းက ရောဂါပပျောက်ရေးအတွက် အတားအဆီးဖြစ်စေ သည်။ ဆင်းရဲမွဲတေမှုနှင့် ထိရောက်မှုမရှိသောအုပ်ချုပ်မှုသည် အတားအဆီးကြီးနှစ်ခုဖြစ်၏။ အုပ်ချုပ်မှုကောင်းပြီး ရန်ပုံငွေရှိလျှင် ကူးစက်ရောဂါများကြောင့် သေဆုံးရသည့် လူသန်းပေါင်းများစွာကို ကယ်တင်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတင်းတစ်ပုဒ်တွင် မကြာသေးမီက ဖော်ပြခဲ့၏။
သိပ္ပံပညာနှင့် တိုးတက်ကောင်းမွန်သော ဆေးဘက်ဆိုင်ရာနည်းပညာများက အဆိုပါအခက်အခဲများကို ကျော်လွှားအောင်မြင်စေမည်လော။ ဖျားနာမှုကင်းမဲ့သည့်ကမ္ဘာကို မကြာမီ တွေ့မြင်ရတော့မည်လော။ အထက်တွင်ဖော်ပြထားသည့် အကြောင်းရင်းများက ရှင်းလင်းသောအဖြေမပေးချေ။ သို့ရာတွင် သမ္မာကျမ်းစာက ယင်းမေးခွန်းကို ဖြေဆိုပေးသည်။ နောက်ဆောင်းပါးတွင် ဖျားနာမှုမရှိတော့မည့် အနာဂတ်အချိန်အကြောင်း ကျမ်းစာပြောဆိုရာကို ဆွေးနွေးပါမည်။
ဆေးဘက်ဆိုင်ရာအသိပညာနှင့် ယင်းနှင့်ဆက်စပ်သော နည်းပညာရပ်များသည် မကြုံစဖူးသောအတိုင်းအတာဖြင့် ဆက်လက်တိုးတက်နေသည်။ ဤသို့တိုးတက်လင့်ကစား ကူးစက်တတ်သောကပ်ရောဂါများသည် လူသားတို့ကို ဆက်လက်၍ ဒုက္ခပေးနေဆဲဖြစ်သည်။ အောက်တွင်ဖော်ပြထားသော သေမင်းတမန်ရောဂါများသည် အောင်ပွဲဆင်လျက်ရှိ၏။
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
လူသန်းပေါင်း ၆၀ ခန့်သည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရပြီး သန်း ၂၀ ခန့်မှာ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးကြရသည်။ ၂၀၀၅ ခုနှစ်အတွင်း ရောဂါအသစ်အဆန်း ကူးစက်ခံနေရသူ ငါးသန်းရှိကာ အေအိုင်ဒီအက်စ်နှင့်ဆက်နွှယ်ပြီး သေဆုံးရသူတို့မှာ သုံးသန်းကျော်ရှိသည်။ ရောဂါဝေဒနာခံစားရသူများတွင် ကလေးသူငယ် ၅၀၀,၀၀၀ ကျော်ပါဝင်၏။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူအများစုမှာ ကုသမှုအလုံအလောက်မရရှိကြချေ။
ဝမ်းပျက်ဝမ်းလျှောရောဂါ
နှစ်စဉ် ယင်းရောဂါစွဲကပ်သူ လေးဘီလီယံခန့်ရှိပြီးဆင်းရဲနွမ်းပါးသူများကို သေစေသည့် အဓိကလူသတ်ကောင်အဖြစ် ဖော်ပြထားသည်။ ယင်းသည် ကူးစက်ရောဂါအမျိုးမျိုးကြောင့်ဖြစ်ရာ မသန့် ရှင်းသောရေ၊ အစားအသောက် သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ဤကူးစက်ရောဂါများကြောင့် တစ်နှစ်လျှင် လူနှစ်သန်းကျော်သေဆုံးကြရ၏။
ငှက်ဖျားရောဂါ
နှစ်စဉ် လူသန်းပေါင်း ၃၀၀ ခန့်သည် ငှက်ဖျားရောဂါခံစားနေကြရ၏။ ယင်းရောဂါကြောင့် တစ်နှစ်လျှင် လူတစ်သန်းခန့်သေဆုံးကာ အများစုမှာ ကလေးသူငယ်များဖြစ်ကြသည်။ အာဖရိက၌ ငှက်ဖျားရောဂါကြောင့် စက္ကန့် ၃၀ တိုင်းတွင် ကလေးတစ်ဦးသေဆုံးနေ၏။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ “သိပ္ပံပညာသည် ငှက်ဖျားရောဂါပျောက်ကင်းအောင် ကုသပေးနိုင်သည့်ဆေး မထုတ်လုပ်နိုင်သေးချေ။ လူအများက ဖြေရှင်းနည်း ရှိပါဦးမည်လောဟု သံသယဝင်နေကြသည်။”
ဝက်သက်ရောဂါ
၂၀၀၃ ခုနှစ်တွင် ဝက်သက်ရောဂါကြောင့် လူ ၅၀၀,၀၀၀ ကျော် သေဆုံးကြရသည်။ ကလေးသူငယ်များအား သေဆုံးစေသည့် အဓိကအကြောင်းရင်းမှာ ဝက်သက်ရောဂါသည် အလွယ်တကူကူးစက်တတ်သည့် ရောဂါဖြစ်သောကြောင့်တည်း။ နှစ်စဉ် လူသန်းပေါင်း ၃၀ ခန့်သည် ဝက်သက်ရောဂါကူးစက်ခံနေရ၏။ အံ့ဩစရာမှာ ဝက်သက်ရောဂါ တိုက်ဖျက်ရန် အစွမ်းထက်၍ ဈေးပေါသည့်ကာကွယ်ဆေးကို လွန်ခဲ့သောအနှစ် ၄၀ ကတည်းက ရရှိနေခြင်းပင်ဖြစ်သည်။
အဆုတ်ရောင်ရောဂါ
အခြားကူးစက်ရောဂါများထက် အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ်များ ပို၍သေဆုံးရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆို၏။ အသက်ငါးနှစ်အောက်ရှိ ကလေးသူငယ်နှစ်သန်းခန့်သည် အဆုတ်ရောင်ရောဂါဖြင့် နှစ်စဉ် သေဆုံးကြရသည်။ အာဖရိကနှင့် အရှေ့တောင်အာရှတွင် သေဆုံးမှုအများဆုံးဖြစ်၏။ ကမ္ဘာ့ဒေသများစွာတွင် ကျန်းမာရေးဝန်ဆောင်မှု အကန့်အသတ်သာရှိသည့်အတွက် ရောဂါခံစားနေရသူများမှာ အသက်ကယ်ရန် ဆေးဝါးကုသမှုမရရှိကြချေ။
တီဘီရောဂါ
၂၀၀၃ ခုနှစ်တွင် တီဘီရောဂါကြောင့် လူပေါင်း ၁,၇၀၀,၀၀၀ ကျော်သေဆုံးခဲ့၏။ ကျန်းမာရေးအာဏာပိုင်များ အလွန်စိတ်ဝင်စားနေသည့်အရာမှာ တီဘီရောဂါတိုက်ဖျက်ဆေး ရရှိရန်ဖြစ်သည်။ ဗက်တီးရီးယားပိုးအချို့သည် အဓိက တီဘီရောဂါတိုက်ဖျက်ဆေး အားလုံးကို ခံနိုင်ရည်ရှိလာကြသည်။ ဆေးပြီးသည့်တီဘီရောဂါပိုးမျိုးသည် ကောင်းစွာကြပ်မတ်ကုသမခံရသည့် သို့မဟုတ် ဆေးဝါးကုသမှုအပြည့်အစုံ မရရှိသည့် လူနာများတွင် ပေါက်ပွားသည်။
ကုသနည်းအမျိုးမျိုးရှိသော်လည်း သုံးနေကျဆေးဝါးဖြင့် ကုသပေးကြသော ဆရာဝန်တို့သည် အများအားဖြင့် ယင်းတို့ကို လက်မခံကြချေ။ ၎င်းတို့လက်မခံသည့် ကုသနည်းများမှာ လူသိများသော တိုင်းရင်းဆေးပညာနှင့် သဘာဝကုထုံးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများစုသည် မိမိတို့ကျန်းမာရေးအတွက် တိုင်းရင်းဆေးများအပေါ် မှီခိုအားထားကြသည်။ ဆင်းရဲသည့်ဒေသများတွင် များစွာသောသူတို့သည် သုံးနေကျဆေးဝါးဖြင့်ကုသရန် အကုန်အကျမခံနိုင်ကြချေ။ အခြားသူတို့မူ ရိုးရာကုထုံးများကိုသာ နှစ်သက်ကြသည်။
ထို့ပြင် ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် သဘာဝကုထုံးများ ခေတ်စားလျက်ရှိ၏။ လူကြိုက်အများဆုံး သဘာဝကုထုံးပုံစံများမှာ ဓာတ်အပ်စိုက်၍ကုသနည်း၊ နဗ်ကြောဖောက်ပြန်မှုရောဂါကုနည်း၊ ဓာတ်ကြမ်းကုသနည်း၊ သဘာဝကုသနည်းနှင့် ဗိန္ဒောကုသနည်းတို့ဖြစ်သည်။ အဆိုပါကုထုံးတချို့ကို သိပ္ပံနည်းကျလေ့လာကြည့်ရာ အချို့သောအခြေအနေများတွင် အကျိုးဖြစ်ထွန်းကြောင်း သက်သေထူခဲ့ပြီ။ သို့သော် ကုထုံးတချို့သည် ထိရောက်မှုရှိကြောင်း လုံလောက်သောသက်သေ မပြနိုင်သေးချေ။ သဘာဝကုထုံးကို ပို၍လူကြိုက်များလာခြင်းကြောင့် ယင်းကုထုံးသည် စိတ်ချ၍ရမရဟူသော အကြောင်းအချို့ပေါ်ပေါက်လာသည်။ နိုင်ငံများစွာတွင် အဆိုပါကုထုံးများကို စနစ်တကျ စီမံထားခြင်းမရှိချေ။ ယင်းကြောင့် မိမိဘာသာဆေးကုသသည့်အန္တရာယ်၊ ဆေးဝါးအတုများနှင့် ဒေါက်တာရမ်းကုများ ပေါ်ပေါက်လာနိုင်သည်။ ရည်ရွယ်ချက်ကောင်းရှိသော်လည်း လုံလောက်စွာ လေ့ကျင့်သင်ကြားထားခြင်းမရှိသည့် မိတ်ဆွေများနှင့် ဆွေမျိုးများက ဆရာဝန်များသဖွယ် အကြံပေးလေ့ရှိကြသည်။ ဤအရာများကြောင့် ဆိုးကျိုးများနှင့် ကျန်းမာရေးကို ထိခိုက်စေသည့်အခြားအန္တရာယ်များ ပေါ်ပေါက်လာခဲ့ပြီ။
သဘာဝကုထုံးများကို စနစ်တကျစီမံထားသည့် နိုင်ငံအတော်များများတွင် ယင်းကုထုံးများသည် သုံးနေကျဆေးဝါးများဖြင့်ကုသပေးသော ဆေးလောက၏လက်ခံမှုကို ရရှိနေပြီး ဆရာဝန်များကိုယ်တိုင် ယင်းကုထုံးဖြင့် ကုသပေးလျက်ရှိ၏။ သို့သော်လည်း အဆိုပါကုထုံးများကြောင့် တစ်ချိန်ချိန်တွင် ဖျားနာမှုကင်းမဲ့သည့်ကမ္ဘာ ဖြစ်ပေါ်လာမည်ဟု အခိုင်အမာမပြောနိုင်ချေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 “နာနို” ဟူသောရှေ့ဆက်စကားလုံးသည် အငယ်စားဟူသည့် ဂရိအသုံးအနှုန်းမှလာကာ “သန်းတစ်ထောင်ပုံတစ်ပုံ” ဟု အဓိပ္ပာယ်ရသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ဓာတ်မှန်ပုံရိပ်
ပို၍ကြည်လင်ပြတ်သားပြီး တိကျမှုရှိသော လူ့ကိုယ်ခန္ဓာ၏အတွင်းပုံရိပ်များက ရောဂါများ အစပျိုးစဉ်တွင်ပင် ရှာဖွေတွေ့ရှိစေနိုင်၏
[Credit Lines]
© Philips
Siemens AG
စက်ရုပ်ဖြင့် ခွဲစိတ်ကုသခြင်း
ခွဲစိတ်ခန်းသုံး ကိရိယာတန်ဆာပလာများ တပ်ဆင်ထားသည့် စက်ရုပ်များသည် ဆရာဝန်များအား အလွန်ရှုပ်ထွေးလှသော ခွဲစိတ်ကုသမှုများကို အလွန်တိကျစွာဆောင်ရွက်ရန် ကူညီပေးသည်
[Credit Line]
© 2006 Intuitive Surgical, Inc.
ဂျီနောမခ်စ်
လူတစ်ဦး၏ မျိုးရိုးဗီဇတည်ဆောက်ပုံကို လေ့လာခြင်းအားဖြင့် လူနာတွင် ရောဂါလက္ခဏာမပြမီ ရောဂါကိုရှာဖွေတွေ့ရှိပြီး ကုသပေးနိုင်မည်ဟု သိပ္ပံပညာရှင်များ မျှော်လင့်ကြသည်
[Credit Lines]
Artist: Vik Olliver (vik@diamondage.co.nz)/Designer: Robert Freitas
နာနိုဆေးပညာ
လူတို့ဖန်တီးထားသော အလွန်သေးငယ်လှသည့် စက်ယန္တရားများသည် ဆရာဝန်များအား ဆဲလ်တွင်ဖြစ်ပေါ်နေသော ရောဂါကို ကုသပေးနိုင်စွမ်းရှိစေမည်။ ဤပုံသည် သွေးနီဥများ၏လုပ်ဆောင်ပုံကို တုပထားသည့် နာနိုစက်ယန္တရားနှင့်ပတ်သက်သော ပညာရှင်တစ်ဦး၏စိတ်ကူးဖြစ်သည်
[Credit Line]
Chromosomes: © Phanie/Photo Researchers, Inc.
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်]
အောင်ပွဲခံနေသည့် ရန်သူခြောက်ပါး
ဆေးဘက်ဆိုင်ရာအသိပညာနှင့် ယင်းနှင့်ဆက်စပ်သော နည်းပညာရပ်များသည် မကြုံစဖူးသောအတိုင်းအတာဖြင့် ဆက်လက်တိုးတက်နေသည်။ ဤသို့တိုးတက်လင့်ကစား ကူးစက်တတ်သောကပ်ရောဂါများသည် လူသားတို့ကို ဆက်လက်၍ ဒုက္ခပေးနေဆဲဖြစ်သည်။ အောက်တွင်ဖော်ပြထားသော သေမင်းတမန်ရောဂါများသည် အောင်ပွဲဆင်လျက်ရှိ၏။
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
လူသန်းပေါင်း ၆၀ ခန့်သည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရပြီး သန်း ၂၀ ခန့်မှာ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးကြရသည်။ ၂၀၀၅ ခုနှစ်အတွင်း ရောဂါအသစ်အဆန်း ကူးစက်ခံနေရသူ ငါးသန်းရှိကာ အေအိုင်ဒီအက်စ်နှင့်ဆက်နွှယ်ပြီး သေဆုံးရသူတို့မှာ သုံးသန်းကျော်ရှိသည်။ ရောဂါ ဝေဒနာခံစားရသူများတွင် ကလေးသူငယ် ၅၀၀,၀၀၀ ကျော်ပါဝင်၏။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူအများစုမှာ ကုသမှုအလုံအလောက်မရရှိကြချေ။
ဝမ်းပျက်ဝမ်းလျှောရောဂါ
နှစ်စဉ် ယင်းရောဂါ စွဲကပ်သူ လေးဘီလီယံခန့်ရှိပြီးဆင်းရဲနွမ်းပါးသူများကို သေစေသည့် အဓိကလူသတ်ကောင်အဖြစ် ဖော်ပြထားသည်။ ယင်းသည် ကူးစက်ရောဂါအမျိုးမျိုးကြောင့်ဖြစ်ရာ မသန့် ရှင်းသောရေ၊ အစားအသောက် သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ဤကူးစက်ရောဂါများကြောင့် တစ်နှစ်လျှင် လူနှစ်သန်းကျော်သေဆုံးကြရ၏။
ငှက်ဖျားရောဂါ
နှစ်စဉ် လူသန်းပေါင်း ၃၀၀ ခန့်သည် ငှက်ဖျားရောဂါခံစားနေကြရ၏။ ယင်းရောဂါကြောင့် တစ်နှစ်လျှင် လူတစ်သန်းခန့်သေဆုံးကာ အများစုမှာ ကလေးသူငယ်များဖြစ်ကြသည်။ အာဖရိက၌ ငှက်ဖျားရောဂါကြောင့် စက္ကန့် ၃၀ တိုင်းတွင် ကလေးတစ်ဦးသေဆုံးနေ၏။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ “သိပ္ပံပညာသည် ငှက်ဖျားရောဂါပျောက်ကင်းအောင် ကုသပေးနိုင်သည့်ဆေး မထုတ်လုပ်နိုင်သေးချေ။ လူအများက ဖြေရှင်းနည်း ရှိပါဦးမည်လောဟု သံသယဝင်နေကြသည်။”
ဝက်သက်ရောဂါ
၂၀၀၃ ခုနှစ်တွင် ဝက်သက်ရောဂါကြောင့် လူ ၅၀၀,၀၀၀ ကျော် သေဆုံးကြရသည်။ ကလေးသူငယ်များအား သေဆုံးစေသည့် အဓိကအကြောင်းရင်းမှာ ဝက်သက်ရောဂါသည် အလွယ်တကူကူးစက်တတ်သည့် ရောဂါဖြစ်သောကြောင့်တည်း။ နှစ်စဉ် လူသန်းပေါင်း ၃၀ ခန့်သည် ဝက်သက်ရောဂါကူးစက်ခံနေရ၏။ အံ့ဩစရာမှာ ဝက်သက်ရောဂါ တိုက်ဖျက်ရန် အစွမ်းထက်၍ ဈေးပေါသည့်ကာကွယ်ဆေးကို လွန်ခဲ့သောအနှစ် ၄၀ ကတည်းက ရရှိနေခြင်းပင်ဖြစ်သည်။
အဆုတ်ရောင်ရောဂါ
အခြားကူးစက်ရောဂါများထက် အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ်များ ပို၍သေဆုံးရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆို၏။ အသက်ငါးနှစ်အောက်ရှိ ကလေးသူငယ်နှစ်သန်းခန့်သည် အဆုတ်ရောင်ရောဂါဖြင့် နှစ်စဉ် သေဆုံးကြရသည်။ အာဖရိကနှင့် အရှေ့တောင်အာရှတွင် သေဆုံးမှုအများဆုံးဖြစ်၏။ ကမ္ဘာ့ဒေသများစွာတွင် ကျန်းမာရေးဝန်ဆောင်မှု အကန့်အသတ်သာရှိသည့်အတွက် ရောဂါခံစားနေရသူများမှာ အသက်ကယ်ရန် ဆေးဝါးကုသမှုမရရှိကြချေ။
တီဘီရောဂါ
၂၀၀၃ ခုနှစ်တွင် တီဘီရောဂါကြောင့် လူပေါင်း ၁,၇၀၀,၀၀၀ ကျော်သေဆုံးခဲ့၏။ ကျန်းမာရေးအာဏာပိုင်များ အလွန်စိတ်ဝင်စားနေသည့်အရာမှာ တီဘီရောဂါတိုက်ဖျက်ဆေး ရရှိရန်ဖြစ်သည်။ ဗက်တီးရီးယားပိုးအချို့သည် အဓိက တီဘီရောဂါတိုက်ဖျက်ဆေး အားလုံးကို ခံနိုင်ရည်ရှိလာကြသည်။ ဆေးပြီးသည့်တီဘီရောဂါပိုးမျိုးသည် ကောင်းစွာကြပ်မတ်ကုသမခံရသည့် သို့မဟုတ် ဆေးဝါးကုသမှုအပြည့်အစုံ မရရှိသည့် လူနာများတွင် ပေါက်ပွားသည်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သဘာဝကုထုံးများ တိုးများလာနေ
ကုသနည်းအမျိုးမျိုးရှိသော်လည်း သုံးနေကျဆေးဝါးဖြင့် ကုသပေးကြသော ဆရာဝန်တို့သည် အများအားဖြင့် ယင်းတို့ကို လက်မခံကြချေ။ ၎င်းတို့လက်မခံသည့် ကုသနည်းများမှာ လူသိများသော တိုင်းရင်းဆေးပညာနှင့် သဘာဝကုထုံးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများစုသည် မိမိတို့ ကျန်းမာရေးအတွက် တိုင်းရင်းဆေးများအပေါ် မှီခိုအားထားကြသည်။ ဆင်းရဲသည့်ဒေသများတွင် များစွာသောသူတို့သည် သုံးနေကျဆေးဝါးဖြင့် ကုသရန် အကုန်အကျမခံနိုင်ကြချေ။ အခြားသူတို့မူ ရိုးရာကုထုံးများကိုသာ နှစ်သက်ကြသည်။
ထို့ပြင် ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် သဘာဝကုထုံးများ ခေတ်စားလျက်ရှိ၏။ လူကြိုက်အများဆုံး သဘာဝကုထုံးပုံစံများမှာ ဓာတ်အပ်စိုက် ၍ကုသနည်း၊ နဗ်ကြောဖောက်ပြန်မှုရောဂါကုနည်း၊ ဓာတ်ကြမ်းကုသနည်း၊ သဘာဝကုသနည်းနှင့် ဗိန္ဒောကုသနည်းတို့ဖြစ်သည်။ အဆိုပါကုထုံးတချို့ကို သိပ္ပံနည်းကျလေ့လာကြည့်ရာ အချို့သောအခြေအနေများတွင် အကျိုးဖြစ်ထွန်းကြောင်း သက်သေထူခဲ့ပြီ။ သို့သော် ကုထုံးတချို့သည် ထိရောက်မှုရှိကြောင်း လုံလောက်သောသက်သေ မပြနိုင်သေးချေ။ သဘာဝကုထုံးကို ပို၍လူကြိုက်များလာခြင်းကြောင့် ယင်းကုထုံးသည် စိတ်ချ၍ရမရဟူသော အကြောင်းအချို့ပေါ်ပေါက်လာသည်။ နိုင်ငံများစွာတွင် အဆိုပါကုထုံးများကို စနစ်တကျ စီမံထားခြင်းမရှိချေ။ ယင်းကြောင့် မိမိဘာသာဆေးကုသသည့်အန္တရာယ်၊ ဆေးဝါးအတုများနှင့် ဒေါက်တာရမ်းကုများ ပေါ်ပေါက်လာနိုင်သည်။ ရည်ရွယ်ချက်ကောင်းရှိသော်လည်း လုံလောက်စွာ လေ့ကျင့်သင်ကြားထားခြင်းမရှိသည့် မိတ်ဆွေများနှင့် ဆွေမျိုးများက ဆရာဝန်များသဖွယ် အကြံပေးလေ့ရှိကြသည်။ ဤအရာများကြောင့် ဆိုးကျိုးများနှင့် ကျန်းမာရေးကို ထိခိုက်စေသည့်အခြား အန္တရာယ်များ ပေါ်ပေါက်လာခဲ့ပြီ။
သဘာဝကုထုံးများကို စနစ်တကျစီမံထားသည့် နိုင်ငံအတော်များများတွင် ယင်းကုထုံးများသည် သုံးနေကျဆေးဝါးများဖြင့်ကုသပေးသော ဆေးလောက၏လက်ခံမှုကို ရရှိနေပြီး ဆရာဝန်များကိုယ်တိုင် ယင်းကုထုံးဖြင့် ကုသပေးလျက်ရှိ၏။ သို့သော်လည်း အဆိုပါကုထုံးများကြောင့် တစ်ချိန်ချိန်တွင် ဖျားနာမှုကင်းမဲ့သည့်ကမ္ဘာ ဖြစ်ပေါ်လာမည်ဟု အခိုင်အမာ မပြောနိုင်ချေ။