မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်မှပုံရိပ်များ

အယ်ဟာဇန်

အယ်ဟာဇန်

အ​ဘူ အ​လီ အ​ယ်​ဟာ​စ​န် အိဗ်​နု အယ်ဟိုင်သမ် အကြောင်းကို သင် ကြားဖူး​ချင်​မှ ကြားဖူး​မယ်။ အနောက်​တိုင်းမှာ အ​ယ်​ဟာ​ဇ​န်​လို့ လူသိများ​တယ်။ အာရဗီ​နာမည် အ​ယ်​ဟာ​စ​န်​ကို လက်တင်​လေသံ​နဲ့ ပြောင်းထား​တာ။ တကယ်တော့ သူ့ရဲ့ စမ်းသပ်မှု​တွေကနေ ကျွန်တော်တို့ အကျိုး​ခံစား​နေရတယ်။ သူ့ကို “သိပ္ပံ​ပညာ​သမိုင်း​မှာ အရေးပါဆုံး၊ သြဇာ​အလွှမ်း​ဆုံး ပညာရှင်​တစ်​ဦး” အဖြစ် ဖော်ပြ​ကြ​တယ်။

အေဒီ ၉၆​၅၊ အီရတ်နိုင်ငံ ဘာ​ဆရာ​မြို့မှာ အ​ယ်​ဟာ​ဇ​န် မွေးဖွား​လာတယ်။ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ဆေးပညာ၊ တေးဂီတ၊ စ​က္ခု​ဗေဒ၊ ရူပဗေဒ​နဲ့ ကဗျာ စ​တာတွေကို သူ စိတ်ဝင်စား​တယ်။ ဘယ်အချက်​ကြောင့် သူ့ကို ကျေးဇူးတင်​ရ​မ​လဲ။

နိုင်း​မြစ် ရေကာတာ

အ​ယ်​ဟာ​ဇ​န်​နဲ့ပတ်သက်ပြီး ရှေး​ကတည်းက လူတွေ သိထားကြ​တာ တစ်ခု​ရှိတယ်။ နိုင်း​မြစ် ရေ​လျှံ​တာကို ဖြေရှင်း​မယ်​ဆိုတဲ့ သူ့ရဲ့​အစီအစဉ်​ပဲ။ အဲဒီ​အစီအစဉ်​ကို အနှစ် ၁,၀​၀​၀ လောက်​ကြာပြီး​တဲ့​နောက် ၁၉၀၂ ခုနှစ်​ကျ​မှ အက်စ်​ဝန်​မြို့မှာ အကောင်အထည်ဖော်​နိုင်ခဲ့တယ်။

အီဂျစ်ပြည်​မှာ မကြာမကြာ ရေ​ကြီး​ပြီး မိုးခေါင်​တတ်တယ်။ ဒါကို ဖြေရှင်း​တဲ့​အနေနဲ့ နိုင်း​မြစ်​ကို ပိတ်ဆို့​ပြီး ရေကာတာ​ဆောက်​ဖို့ အ​ယ်​ဟာ​ဇ​န် အကြံ​ရတယ်။ အယ်ဟာ​ဇ​န်​ရဲ့ အကြံ​ကို ကိုင်​ရို​ရဲ့ အုပ်စိုးရှင် ခ​လီ​ဖာ အယ် ဟ​ကင်​မ် ကြား​တဲ့အခါ အီဂျစ်​မှာ ရေကာတာ လာ​ဆောက်​ဖို့ ခေါ်​လိုက်တယ်။ ဒါပေမဲ့ နိုင်း​မြစ်​ကို သူကိုယ်တိုင် လေ့လာ​ကြည့်​တဲ့အခါ အဲဒီ​အစီအစဉ် မအောင်မြင်​နိုင်မှန်း ရိပ်မိ​သွားတယ်။ က​မူး​ရူး​ထိုး​နိုင်​ပြီး ထင်​တိုင်း​ကြဲ​တတ်တဲ့ အုပ်စိုးရှင် ပြစ်ဒဏ်ပေး​မှာ​ကို ကြောက်​လို့ အ​ယ်​ဟာ​ဇ​န်​ဟာ ရူး​ချင်​ယောင်ဆောင်​ခဲ့ရတယ်။ နောက် ၁၁ နှစ်​အကြာ ၁၀၂၁ ခုနှစ်မှာ အဲဒီ​အုပ်စိုးရှင် သေဆုံးချိန်​အထိ​ပဲ။ အဲဒီလို ရူး​ချင်​ယောင်ဆောင်​လို့ အကျယ်ချုပ်​ခံရတဲ့ နှစ်တွေ​တစ်လျှောက် သူ စိတ်ဝင်စား​ရာတွေကို ရှာဖွေ​လေ့လာပြီး သုတေသနပြု​ခဲ့တယ်။

အလင်း​ပညာရပ်​ဆိုင်ရာ​ကျမ်း

အ​ယ်​ဟာ​ဇ​န် လွတ်​လာ​ချိန်မှာ အတွဲ​ခုနစ်​တွဲ​ပါတဲ့ အလင်း​ပညာရပ်​ဆိုင်ရာ​ကျမ်း ကို ရေး​လို့​ပြီးတော့​မယ်။ အဲဒီ​ကျမ်း​ကို “ရူပဗေဒ​ပညာ​သမိုင်း​မှာ အရေးပါဆုံး​ကျမ်း” လို့ သတ်မှတ်ကြတယ်။ အလင်းဖြာ​ထွက်​ပုံ၊ အလင်းပြန်​ပုံ၊ ကြားခံ​တစ်ခုခုကို ဖြတ်သွား​တဲ့အခါ အလင်း​ယိုင်​ပုံ​အပါအဝင် အလင်း​ရဲ့ သဘာဝ​နဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်​တွေကို အဲဒီကျမ်းမှာ ဖော်ပြထားတယ်။ အမြင်အာရုံ၊ မျက်လုံး​ရဲ့ တည်ဆောက်ပုံ၊ လုပ်ဆောင်ပုံ​တွေကိုလည်း သူ လေ့လာ​တယ်။

၁၃ ရာစု​ရောက်တဲ့​အခါ အ​ယ်​ဟာ​ဇ​န်​ရဲ့ စာအုပ်တွေ​ကို အာရဗီ​က​နေ လက်တင်လို ဘာသာပြန်​ပြီးသွား​ပြီ။ ဥရောပ​သား ပညာရှင်တွေက သူ့ရဲ့​စာအုပ်တွေ​ကို အ​ကိုး​အကား​အဖြစ် နှစ်ပေါင်း​ရာနဲ့ချီ အသုံးပြု​ခဲ့တယ်။ ဥရောပ​သား​တွေဟာ မှန်ဘီလူး​နဲ့ပတ်သက်တဲ့ အ​ယ်​ဟာ​ဇ​န်​ရဲ့ စာအုပ်တွေ​ကို မှီငြမ်း​ပြီး မျက်မှန်​တွေ တီထွင်​နိုင်ခဲ့တယ်။ မှန်ဘီလူး​တွေကို အဆင့်ဆင့် စီ​လိုက်ခြင်း​အားဖြင့် အဝေးကြည့်​မှန်ပြောင်း​နဲ့ အဏုကြည့်​မှန်ပြောင်း​ကိုလည်း တီထွင်​ကြ​တယ်။

ရှေးခေတ်​ကင်မရာ

အ​ယ်​ဟာ​ဇ​န်​ဟာ ပထမဆုံး​ကင်မရာ​လို့ ပြောနိုင်​တဲ့​အရာ​ကို တီထွင်​ပြီး ဓာတ်ပုံ​ပညာ​ရဲ့ အခြေခံ​သဘောတရား​တွေကို ဖော်ထုတ်​ခဲ့တယ်။ အပြင်​က အလင်းတန်း​ဟာ အပေါက်​ငယ်​လေး​ကတစ်ဆင့် “အမှောင်​ခန်း” ထဲ​ဝင်​လာပြီး အပြင်​က ပုံရိပ်​ကို အတွင်း​နံရံ​မှာ ပြောင်းပြန် ပေါ်လာ​စေတယ်။

အ​ယ်​ဟာ​ဇ​န်​ဟာ ပထမဆုံး​ကင်မရာ​လို့ ပြောနိုင်​တဲ့​အရာ​ကို တီထွင်​ခဲ့

၁၈၀၀ ပြည့်လွန်နှစ်​တွေမှာ ပုံရိပ်​တွေကို အသေ​ဖမ်းယူ​ထား​နိုင်တဲ့ ပုံရိပ်​ဖမ်း ပ​လိ​တ်​ပြား​တွေ ထပ်​ထည့်​လိုက်တဲ့​အခါ အခုခေတ် ကင်မရာ​မျိုး ပေါ်လာတယ်။ တကယ်​ဆိုရင် မျက်လုံး​အပါအဝင် အခုခေတ် ကင်မရာ​တွေဟာ ရှေးခေတ်​ကင်မရာ​နဲ့ ရူပဗေဒ အခြေခံ​သဘောတရား အတူတူ​ပါပဲ။ *

သိပ္ပံ​နည်းစနစ်

အ​ယ်​ဟာ​ဇ​န်​ရဲ့ တစ်မူထူး​တဲ့ လုပ်ဆောင်ချက်​က​တော့ သဘာဝဖြစ်စ​ဉ်​တွေကို စေ့စေ့စပ်စပ်၊ စနစ်တကျ စူးစမ်းလေ့လာ​ခြင်း​ပဲ။ သူ့ရဲ့​လုပ်​နည်း​လုပ်​ဟန်​တွေဟာ အဲဒီခေတ်​အတွက်​တော့ အထူးအဆန်း​ကြီး ဖြစ်နေ​တယ်။ သူ​ဟာ သီအိုရီ​တွေ မှန်​မမှန် လက်တွေ့စမ်းသပ်​ကြည့်​တဲ့ စူးစမ်း လေ့လာ​သူတွေ​ထဲမှာ ဦးဆုံး​ပုဂ္ဂိုလ်​ပဲ။ လက်ခံ​ပြီးသား အချက်အလက်​ဆို​ပေ​မဲ့ အထောက်အထား မခိုင်လုံ​ဘူး​ဆိုရင် မေးခွန်း​ထုတ်​ဖို့ ဝန်မလေး​သူ​ပဲ။

ခေတ်သစ်သိပ္ပံ​ပညာ​ရဲ့ အခြေခံ​ယူဆချက်​ကို “ယုံကြည်ချက်​ကို သက်သေပြ​ပါ” ဆိုတဲ့ အဆိုအမိန့်​တစ်ခုနဲ့ အကျဉ်းချုပ်​ဖော်ပြ​နိုင်တယ်။ အ​ယ်​ဟာ​ဇ​န်​ကို “ခေတ်သစ်သိပ္ပံ​ပညာ​ရဲ့ စွန့်​ဦး​တီထွင်သူ” လို့ တချို့ ယူဆကြတယ်။ အဲဒီ​အတွက် သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်​ရမယ်။

^ စာပိုဒ်၊ 13 အနောက်နိုင်ငံ​တွေမှာ ရှေးခေတ်​ကင်မရာ​နဲ့ မျက်လုံး​ရဲ့ တူညီချက်​ကို နားမလည်​ခဲ့ဘူး။ ၁၇ ရာစု​ရောက်​မှ ယို​ဟန်​နပ်​စ် ကဲ​ပ်​လာက အဲဒီ​အကြောင်းကို ရှင်းပြ​ခဲ့တယ်။