မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းလား

နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းလား

နက္ခတ်​ဗေဒင်

နက္ခတ်​ဗေဒင်​ဆိုတာ လူတွေ​အပေါ် သိသိ သာသာ လွှမ်းမိုးတဲ့ ဂြိုဟ်​နက္ခတ်​တာရာ တွေကို အခြေပြု​ပြီး ဟောတဲ့​ပညာ​လို့ ဆိုကြတယ်။ မွေးဖွားချိန်မှာ ဂြိုဟ်​နက္ခတ်​များ တည်နေပုံကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စရိုက်​နဲ့ အနာဂတ်​ကို သိနိုင်တယ်လို့ နက္ခတ်​ဗေဒင်​ဆရာတွေ ပြောကြတယ်။

နက္ခတ်​ဗေဒင်​ဟာ ရှေးခေတ်​ဗာဗုလုန်​ကနေ အရင်းခံပေမဲ့ အခုထိ ခေတ်စားနေတုန်းပဲ။ အမေရိကန်မှာ ၂၀၁၂ ခုနှစ် စစ်တမ်း​အရ လူ​သုံးပုံတစ်ပုံ​က နက္ခတ်​ဗေဒင်​ကို “သိပ္ပံ​ပညာ​တစ်မျိုး” လို့ ယူဆကြတယ်။ တစ်ဆယ်​ရာခိုင်နှုန်းကတော့ “သိပ္ပံ​ပညာ​စစ်စစ်” လို့ ယူဆကြတယ်။ မှန်ပါ သလား။ မမှန်ပါဘူး။ ဘာကြောင့်လဲ။

  • နက္ခတ်​ဗေဒင်​ဆရာတွေ ပြောသလို ဂြိုဟ်​နက္ခတ်​တွေ​က လူတွေ​အပေါ် လွှမ်းမိုး​နိုင်စွမ်း မရှိဘူး။

  • ဟောကိန်း​တွေ​ဟာ ဘယ်သူနဲ့မဆို သက်ဆိုင်​နိုင်​လောက်အောင် ယေဘုယျဆန်လွန်းတယ်။

  • နက္ခတ်​ဗေဒင်​တွက်ချက်မှု​တွေ​ဟာ ဂြိုဟ်တွေက ကမ္ဘာကို လှည့်ပတ်​ကြတယ်​ဆိုတဲ့ ရှေးခေတ်​အယူအဆ​အပေါ် အခြေခံ​တယ်။ တကယ်တော့ ဂြိုဟ်တွေက နေကို လှည့်ပတ်​ကြ​တာ​ပါ။

  • လူ​တစ်ယောက်​တည်း​အကြောင်းကို နက္ခတ်​ဗေဒင်​ဆရာတွေ တစ်ယောက်တစ်ပေါက် ဟော​ကြတယ်။

  • နက္ခတ်​ဗေဒင်​က မွေးဖွားချိန်မှာ တွက် ယူ​ရရှိတဲ့ ဇာတာခွင်​ခေါ် ဆယ့်နှစ်​ရာသီ​ဂြိုဟ်ခွင်အရ လူတွေကို အမျိုးအစား​ခွဲတယ်။ ရာစုနှစ်တွေ​တစ်လျှောက် အာကာ သထဲမှာ ကမ္ဘာဂြိုဟ်​အနေအထား ပြောင်းလဲမှု​ကြောင့် ဇာတာခွင်​ဆိုင်ရာ သင်္ကေတ​တွေ​ဟာ မွေးတဲ့​နေ့မှာ တွေ့ရတဲ့ ကြယ်​နက္ခတ်​နာမည်တွေနဲ့ မကိုက်ညီတော့ဘူး။

ဇာတာခွင်​ကို ကြည့်ပြီး လူ့​စရိုက်​ကို သိနိုင်တယ်လို့ ဆိုကြတယ်။ တကယ်တော့ တစ်ရက်တည်းမှာ မွေးတဲ့သူတွေတောင် စရိုက် မတူကြတဲ့အတွက် မွေးနေ့ကို ကြည့်ပြီး လူ့​စရိုက်​ကို မသိနိုင်ဘူး။ နက္ခတ်​ဗေဒင်​ဆရာတွေ​က တကယ့်​လူကို မကြည့်​ဘဲ ယူဆချက်တွေနဲ့ပဲ လူ့​အပြုအမူ၊ စရိုက်​လက္ခဏာကို ခန့်မှန်း​တွက်ချက်​ကြတယ်။ အဲဒါ အစွဲတစ်မျိုးပဲ မဟုတ်လား။

ရှေ့ဖြစ်ဟောခြင်း

ရှေးခေတ်​က​လူတွေလည်း ဗေဒင်​မေးကြ တယ်။ လူနဲ့ တိရစ္ဆာန်​တွေ​ရဲ့ ကလီစာ​တွေ၊ ကြက်ဖ အစာကောက်ပုံတွေကို ကြည့်ပြီး ဟောကိန်းထုတ်​ကြတယ်။ လက်ဖက်ရွက်၊ ကော်ဖီ​အနည်အနှစ်ကို ကြည့်​ပြီးတော့​လည်း ဟော​ကြတယ်။ အခုခေတ်မှာတော့ တားရော့ကတ်၊ ဓာတ်​ဖန်လုံး၊ အန်စာတုံး​တို့ သုံးပြီး ဟော​ကြ တယ်။ ဗေဒင်​ဟောခြင်း​ဟာ အနာဂတ်​ကို သိနိုင်တဲ့​နည်းကောင်းလား။ မဟုတ်ပါဘူး။ အကြောင်းရင်းကို သုံးသပ်ကြည့်​ရအောင်။

ရှေ့နောက်​ညီညွတ်မှု ရှိမရှိ သုံးသပ်ကြည့်ပါ။ ဗေဒင်​ဆရာတွေရဲ့ ဟောကိန်းထုတ်​ပုံ​ထုတ်​နည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ နည်းတူ​ရင်တောင်​မှ ဟောကိန်း​တွေ ကွဲလွဲ​နေ​တယ်။ ဥပမာ၊ တားရော့ကတ်​တစ်ခုတည်းကို အခြေခံပြီး မေးခွန်း​တစ်မျိုး မေးမယ်​ဆိုပါစို့။ အဖြေ တစ်မျိုးတည်း ဖြစ်သင့်ပေမဲ့ များသောအားဖြင့် ကွဲလွဲ​နေတတ်တယ်။

ဗေဒင်​ဆရာတွေရဲ့ နည်းလမ်းတွေ၊ ရည်ရွယ်ချက်​တွေ​ကလည်း သံသယ​ဝင်စရာပဲ။ သူတို့ရဲ့ ကတ်​တွေ၊ ဓာတ်​ဖန်လုံး​တွေ​ဟာ အသုံးအဆောင်​သက်​သက်​ပဲ​လို့ ဝေဖန်သူ​တွေ ဆိုကြတယ်။ ဗေဒင်​ဆရာတွေ​က အသုံးအဆောင်တွေကို အ​ခြေ​မခံဘဲ လူတွေရဲ့ တုံ့ပြန်​ပုံ​ကို အခြေခံပြီး ဟောတတ်ကြတယ်။ ဥပမာ၊ ကျွမ်းကျင်တဲ့ ဗေဒင်​ဆရာ​က မေးနေကျ မေးခွန်း တွေကို မေး၊ ပြောဆို​ပြုမူပုံ​ကို ကြည့်ပြီးမှ ဟော​ကြတယ်။ ဖောက်သည် ပြောတဲ့​စကားတွေ​ပေါ် မူတည်ပြီး ဟော​လိုက်တာ။ ဖောက်သည်ရဲ့ ယုံကြည်​အားကိုးမှု ရသွားလို့ ငွေ​မြိုးမြိုးမြက်မြက် ရသွားတဲ့ ဗေဒင်​ဆရာတွေ​လည်း ရှိတယ်။

ကျမ်းစာအဆို

ဗေဒင်​ဟောတယ်ဆိုတာ အနာဂတ်​ကို သတ်မှတ်ပြီး​သား​ဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒါ မှန်​သ​လား။ ကိုယ်​ယုံကြည်တာ၊ ကိုယ်​လုပ်ချင်တာကို ရွေးချယ်​နိုင်စွမ်း ရှိတယ်၊ ကိုယ့်​ရွေးချယ်မှု​က ကိုယ့်​အနာဂတ်​ကို သက်ရောက်မှု ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။—ယောရှု ၂၄:၁၅

ဘုရားကို ကိုးကွယ်သူတွေ​အ​နေနဲ့ ဗေဒင် မမေးသင့်တဲ့​အကြောင်းရင်း ရှိတယ်။ ဗေဒင်နဲ့​ပတ်သက်သမျှကို ဘုရား တားမြစ်ထားလို့ပါပဲ။ ကျမ်းစာမှာ ဒီလို​တွေ့ ရတယ်– “ခင်ဗျားတို့ဆီမှာ . . . နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်​ဖတ်​သူ၊ ပယောဂ​ဆရာ၊ စုန်း​အတတ်​နဲ့ ပြုစား​သူ၊ နတ်ကတော် . . . ဗေဒင်​ဆရာ​ကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိ​ရ​ဘူး။ အဲဒီလိုလူတွေကို ယေဟောဝါ a ရွံမုန်းတယ်။” —တရားဟောရာ ၁၈:၁၀-၁၂

a “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး​အရှင်” ရဲ့ နာမည်။—ဆာလံ ၈၃:၁၈