ယောရှု ၂၄:၁-၃၃

  • အစ္စရေး​သမိုင်း​ကြောင်းကို ယောရှု​ပြန်ပြော (၁-၁၃)

  • ယေဟောဝါကို ဝတ်ပြု​ဖို့ တိုက်တွန်း (၁၄-၂၄)

    • ‘ကျုပ်​နဲ့ ကျုပ်​ရဲ့​မိသားစုက​တော့ ယေဟောဝါကို​ပဲ ဝတ်ပြု​မယ်’ (၁၅)

  • ယောရှု​နဲ့ အစ္စရေးတွေ ကတိသစ္စာ​ပြု (၂၅-၂၈)

  • ယောရှု သေဆုံး၊ သင်္ဂြိုဟ်​ခံရ (၂၉-၃၁)

  • ရှေခင်​မြို့မှာ ယောသပ်​ရဲ့​အရိုး​ကို မြှုပ် (၃၂)

  • ဧ​လျာ​ဇာ သေဆုံး၊ သင်္ဂြိုဟ်​ခံရ (၃၃)

၂၄  ယောရှုက အစ္စရေး​အနွယ်​အားလုံးကို ရှေခင်​မြို့မှာ စုဝေး​ခိုင်း​တယ်။ အစ္စရေး​အကြီးအကဲ​တွေ၊ ခေါင်းဆောင်​တွေ၊ တရားသူကြီး​တွေ၊ လက်ထောက်​ခေါင်းဆောင်​တွေကို+ ခေါ်​လိုက်​တော့ သူတို့က စစ်မှန်တဲ့​ဘုရား​သခင်​ရှေ့မှာ လာ​ရပ်​ကြ​တယ်။ ၂  ယောရှုက လူအားလုံးကို ပြောတယ်– “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ပြောတာက ‘ရှေး​အချိန်တုန်းက အာဗြဟံ​နဲ့ နာ​ခေါ်​ရဲ့​အဖေ တေရ​အပါအဝင် ဘိုးဘေး​တွေ​ဟာ+ မြစ်​ကြီး* တစ်ဖက်​မှာ နေထိုင်ပြီး+ တခြား​ဘုရားတွေကို ဝတ်ပြု​ခဲ့ကြ​တယ်။+ ၃  “‘နောက်တော့ မင်း​တို့​ရဲ့​ဘိုးဘေး အာဗြဟံ​ကို+ မြစ်​ကြီး​တစ်ဖက်​က​နေ ငါ​ခေါ်ပြီး ခါနန်​တစ်ပြည်လုံး​ကို လျှောက်​သွား​စေခဲ့တယ်။ သူ့​မျိုးနွယ်​ကို များပြား​စေခဲ့တယ်။+ သူ့​အတွက် အိဇက်​ကို ငါ​ပေးခဲ့တယ်။+ ၄  အိဇက်​အတွက် ယာကုပ်နဲ့ ဧ​သော​ကို ငါ​ပေးခဲ့တယ်။+ ဧ​သော​အတွက် စိရ​တောင်​ကို ငါ​အပိုင်​ပေးခဲ့တယ်။+ ယာကုပ်နဲ့ သူ့​သားတွေ​က​တော့ အီဂျစ်ပြည်​ကို ဆင်း​သွား​ကြ​တယ်။+ ၅  နောက်တော့ မောရှေ​နဲ့ အာရုန်​ကို ငါ​စေလွှတ်​ပြီး+ အီဂျစ်ပြည်​ကို ကပ်ဘေး​တွေ​နဲ့ ဒဏ်ခတ်​တယ်။+ ပြီးတော့ မင်း​တို့ကို ငါ​ခေါ်ထုတ်​လာတယ်။ ၆  မင်း​တို့​ရဲ့ ဘိုးဘေး​တွေကို အီဂျစ်ပြည်​က​နေ ငါ​ခေါ်ထုတ်​လာပြီး+ ပင်လယ်​နား​ကို ရောက်တဲ့အခါ အီဂျစ်​တွေ​က စစ်မြင်းရထား​တွေ၊ မြင်းစီးသူရဲ​တွေ​နဲ့အတူ ပင်လယ်နီ​အထိ လိုက်​လာကြတာ။+ ၇  သူတို့ အော်ဟစ်​အကူအညီတောင်း​တဲ့​အတွက်+ ငါ​ယေဟောဝါ​က သူတို့နဲ့ အီဂျစ်​တွေ​ကြားမှာ အမှောင်ထု​ကြီး ကျရောက်​စေပြီး အီဂျစ်​တွေ​အပေါ် ပင်လယ်ရေ လွှမ်းမိုး​လိုက်တယ်။+ အီဂျစ်ပြည်​မှာ ငါ​လုပ်ခဲ့တာ​တွေကို မင်း​တို့​ကိုယ်တိုင် မြင်ခဲ့တယ်။+ ဒီလိုနဲ့ တောကန္တာရ​မှာ နှစ်ပေါင်း​များစွာ မင်း​တို့ နေထိုင်ခဲ့​ကြ​တယ်။+ ၈  “‘အဲဒီနောက် မင်း​တို့ကို ဂျော်ဒန်​မြစ် အရှေ့ဘက်​မှာ နေထိုင်တဲ့ အာမောရိ​လူမျိုး​တွေ​ရဲ့ ပြည်​ဆီ ငါ​ခေါ်လာ​ခဲ့​တယ်။ မင်း​တို့ကို တိုက်ခိုက်​တဲ့ အာမောရိ​လူတွေကို+ မင်း​တို့​လက်ထဲ ငါ​အပ်​ပြီး ချေမှုန်း​လိုက်တယ်။ ပြည်​ကို မင်း​တို့ သိမ်းပိုက်​နိုင်ခဲ့တယ်။+ ၉  ဇိဖော်​ရဲ့​သား၊ မောဘ​ဘုရင်​ဗာလက်​က အစ္စရေးတွေကို တိုက်ခိုက်​ဖို့ ပြင်​တယ်။ ဗော​ရ​ရဲ့​သား ဗာလမ်​ကို ခေါ်ပြီး မင်း​တို့ကို ကျိန်စာတိုက်​ခိုင်း​တယ်။+ ၁၀  ဒါပေမဲ့ ဗာလမ်​ရဲ့​စကားကို ငါ​နားမထောင်​ခဲ့​ဘူး။+ မင်း​တို့ကို သူ အကြိမ်ကြိမ် ကောင်းချီး​ပေးခဲ့​ရတယ်။+ ဒီလိုနဲ့ မင်း​တို့ကို သူ့​လက်​ထဲက​နေ ငါ​ကယ်​ခဲ့​တယ်။+ ၁၁  “‘အဲဒီနောက် မင်း​တို့​က ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ပြီး+ ယေရိခေါ​မြို့​ကို ရောက်လာတယ်။+ ယေရိခေါ​မြို့သားတွေ၊* အာမောရိ၊ ဖေရဇိ၊ ခါနန်၊ ဟိတ္တိ၊ ဂိ​ရ​ဂါရှိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တွေ​က မင်း​တို့ကို တိုက်ခိုက်​ပေ​မဲ့ သူတို့ကို မင်း​တို့​လက်ထဲ ငါ​အပ်​ခဲ့​တယ်။+ ၁၂  အာမောရိဘုရင် နှစ်ပါး​လိုပဲ ရန်သူတွေက မင်း​တို့​နဲ့ ထိပ်တိုက်​မ​တွေ့​ခင်​က​တည်း​က ငါ့​သတင်း​ကြား​လို့ ကြောက်လန့်​ပြီး ထွက်ပြေး​သွား​ကြ​တယ်။+ မင်း​တို့​ရဲ့ ဓား​နဲ့​လေး​ကြောင့် ထွက်ပြေး​တာ မဟုတ်ဘူး။+ ၁၃  မင်း​တို့​က​တော့ အပင်ပန်းခံ​စ​ရာ​မလို​ဘဲ ရ​လိုက်တဲ့​ပြည်၊ မင်း​တို့ မတည်​ဆောက်​ခဲ့တဲ့ မြို့​တွေကို+ ငါ​ပေး​တဲ့​အတွက် အဲဒီမှာ နေထိုင်​ရတယ်။ ကိုယ်တိုင်​မ​စိုက်ပျိုး​တဲ့ စပျစ်ခြံ​နဲ့ သံလွင်ပင်​ရဲ့ အသီး​တွေကို စား​နေရတယ်။’+ ၁၄  “ဒါကြောင့် ယေဟောဝါ​ဘုရားကို ကြောက်ရွံ့​ရိုသေပြီး သမာဓိ​ရှိရှိ၊ သစ္စာရှိရှိ+ ဝတ်ပြု​ကြပါ။ မြစ်​ကြီး​တစ်ဖက်​မှာ၊ အီဂျစ်ပြည်​မှာ+ ဘိုးဘေး​တွေ ဝတ်ပြု​ခဲ့တဲ့​ဘုရားတွေကို စွန့်ပယ်​ပြီး ယေဟောဝါကို ဝတ်ပြု​ကြ။ ၁၅  ယေဟောဝါ​ဘုရားကို ဝတ်​မပြု​သင့်​ဘူးလို့ ခင်ဗျားတို့​ထင်​ရင် မြစ်​ကြီး​တစ်ဖက်​မှာ ဘိုးဘေး​တွေ ကိုးကွယ်​ခဲ့တဲ့ ဘုရားတွေကို ဝတ်ပြု​မလား+ ဒါမှမဟုတ် ခင်ဗျားတို့ နေထိုင်တဲ့​ပြည်​က အာမောရိ​လူမျိုးရဲ့ ဘုရားတွေကို ဝတ်ပြု​မလား၊+ ဘယ်​ဘုရားကို ဝတ်ပြု​မယ်ဆို​တာ ဒီနေ့ ရွေးချယ်​ကြ။+ ကျုပ်​နဲ့ ကျုပ်​ရဲ့​မိသားစုက​တော့ ယေဟောဝါ​ဘုရားကိုပဲ ဝတ်ပြု​မယ်။” ၁၆  အဲဒီအခါ လူတွေက “ယေဟောဝါ​ဘုရားကို စွန့်ပြီး တခြား​ဘုရားတွေကို ဝတ်ပြု​ဖို့​ဆို​တာ ကျွန်တော်တို့​အတွက် မတွေးဝံ့​စ​ရာ​ပါ။ ၁၇  ယေဟောဝါ​ဘုရားက ကျွန်ခံ​ရာ အီဂျစ်ပြည်​က​နေ+ ကျွန်တော်တို့​နဲ့ ဘိုးဘေး​တွေကို ခေါ်ထုတ်​လာခဲ့​တယ်။+ ကျွန်တော်တို့​ရှေ့မှာ​တင် ဒီ​အံ့ဖွယ်အမှု​ကြီး​တွေ လုပ်ဆောင်​ပေးခဲ့တယ်။+ ကျွန်တော်တို့ ဖြတ်သန်း​ခဲ့တဲ့ လမ်းခရီး​တစ်လျှောက်​က လူမျိုး​တွေ​အလယ်​မှာ မပြတ် စောင့်ရှောက်​ပေးခဲ့တယ်။+ ၁၈  ယေဟောဝါ​ဘုရားက ဒီ​ပြည်​မှာ နေထိုင်တဲ့ အာမောရိ​လူမျိုး​အပါအဝင် လူမျိုး​အားလုံးကို ကျွန်တော်တို့​ရှေ့​က​နေ နှင်ထုတ်​ပေးခဲ့တယ်။ ဒါကြောင့် ယေဟောဝါ​ဘုရားကိုပဲ ကျွန်တော်တို့ ဝတ်ပြု​ပါ့​မယ်။ ကိုယ်တော်​ဟာ ကျွန်တော်တို့ရဲ့ ဘုရား​သခင်​ပါ” ဆို​ပြီး ပြန်ဖြေ​ကြ​တယ်။ ၁၉  အဲဒီအခါ ယောရှုက “ယေဟောဝါ​ဘုရားကို ခင်ဗျားတို့ တကယ်ပဲ ဆက်​ဝတ်ပြု​နိုင်​ပါ့​မလား။ ကိုယ်တော်​ဟာ သန့်ရှင်းမြင့်မြတ်​တဲ့​ဘုရား၊+ မိမိ​တစ်ပါး​တည်းကို​ပဲ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​ဘုရား​ပဲ။+ ခင်ဗျားတို့​ရဲ့ ကျူးလွန်မှု​တွေ၊ အပြစ်​တွေကို ခွင့်လွှတ်​မှာ မဟုတ်ဘူး။+ ၂၀  ခင်ဗျားတို့​သာ ယေဟောဝါ​ဘုရားကို စွန့်ပြီး တိုင်းတစ်ပါး​ဘုရားတွေကို ဝတ်ပြု​ရင် ကိုယ်တော်​က​လည်း ခင်ဗျားတို့ ကောင်းစား​အောင် လုပ်​ပေးခဲ့​ပေ​မဲ့ ခင်ဗျားတို့​ကို စွန့်ပစ်​လိမ့်မယ်၊ ပယ်ရှင်း​လိမ့်မယ်”+ လို့​ပြောတယ်။ ၂၁  လူ​တွေကလည်း “ယေဟောဝါ​ဘုရားကိုပဲ ကျွန်တော်တို့ ဝတ်ပြု​မှာ​ပါ။ တကယ်​ပါ”+ ဆို​ပြီး ပြန်ပြော​ကြ​တယ်။ ၂၂  ဒါနဲ့ ယောရှုက “ယေဟောဝါ​ဘုရားကို ဝတ်ပြု​ဖို့ ကို​ယ့်​ဆန္ဒ​အလျောက် ရွေးချယ်​တယ်ဆိုတာ ခင်ဗျားတို့​ကိုယ်တိုင် သက်သေ​ပဲ”+ လို့​ပြောတဲ့အခါ သူတို့က “ဟုတ်​ပါတယ်။ ကျွန်တော်တို့ကို​ယ်​တိုင် သက်သေ​ပါ” ဆို​ပြီး ပြော​ကြ​တယ်။ ၂၃  “ဒါဆိုရင် ခင်ဗျားတို့​ဆီမှာရှိတဲ့ တိုင်းတစ်ပါး​ဘုရားတွေကို ဖယ်ရှား​ကြ။ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ဆီ စိတ်​စွမ်း​ရှိသမျှ​နဲ့ ပြန်လှည့်လာ​ကြပါ” လို့​ယောရှု​ပြော​တော့၊ ၂၄  လူ​တွေကလည်း “ယေဟောဝါ​ဘုရားကို ဝတ်ပြု​ပါ့​မယ်၊ နာခံ​ပါ့​မယ်” ဆို​ပြီး ပြန်ပြော​ကြ​တယ်။ ၂၅  အဲဒီ​နေ့​မှာ ယောရှုက အစ္စရေးတွေ​နဲ့ ကတိသစ္စာ​ပြု​ပြီး လိုက်နာ​ရမယ့် စည်းမျဉ်း​စည်းကမ်း​တွေကို ရှေခင်​မြို့မှာ သတ်မှတ်​ပေးတယ်။ ၂၆  အဲဒီ​စကား​တွေကို ဘုရားသခင်ရဲ့ ပညတ်​ကျမ်း​မှာ+ ရေးထား​လိုက်တယ်။ ပြီးတော့ ကျောက်တုံး​ကြီး​တစ်တုံး​ကို ယူပြီး+ ယေဟောဝါရဲ့ သန့်ရှင်းရာဌာန​တော်​နားက သစ်ပင်​ကြီး​အောက်မှာ စိုက်ထူ​လိုက်တယ်။ ၂၇  ယောရှုက “ဒီ​ကျောက်တုံး​ဟာ တို့​တစ်​တွေ​အတွက် သက်သေ​ပဲ။+ တို့​တစ်​တွေကို ယေဟောဝါ​ဘုရား​ပြောတဲ့ စကား​မှန်သမျှ ဒီ​ကျောက်တုံး ကြားတယ်။ ဘုရားသခင်ကို ခင်ဗျားတို့ ငြင်းပယ်​ရင် ဒီ​ကျောက်တုံး​ဟာ သက်သေ​ပဲ” လို့​ပြော​ပြီးတဲ့နောက်၊ ၂၈  လူတွေကို ကို​ယ့်​အမွေမြေ​ဆီ ပြန်​ခိုင်း​လိုက်တယ်။+ ၂၉  အဲဒီနောက် ယေဟောဝါရဲ့​ကျွန်၊ နုန်​ရဲ့​သား ယောရှုက အသက် ၁၁၀ မှာ သေဆုံးသွားတဲ့​အတွက်၊+ ၃၀  ဂါရှ​တောင်​ရဲ့​မြောက်ဘက်၊ ဧဖရိမ်​တောင်တန်း​ဒေသမှာရှိတဲ့ တိ​မ​န​သေ​ရ​မြို့၊+ သူ့ရဲ့​အမွေမြေ​မှာ သင်္ဂြိုဟ်​ကြ​တယ်။ ၃၁  အစ္စရေးတွေ​ဟာ ယောရှု​လက်ထက်​မှာ​ရော၊ ယောရှု​ထက် အသက်ပိုရှည်​ပြီး အစ္စရေးတွေ​အကျိုး​အတွက် ယေဟောဝါ လုပ်ဆောင်​ပေးခဲ့​သမျှကို သိ​တဲ့ အကြီးအကဲ​တွေ လက်ထက်​မှာ​ပါ ယေဟောဝါကို ဆက်​ဝတ်ပြု​ကြ​တယ်။+ ၃၂  အီဂျစ်ပြည်​က​နေ အစ္စရေးတွေ သယ်​လာတဲ့ ယောသပ်​ရဲ့ အရိုး​တွေကို+ ရှေခင်​မြို့​က​မြေကွက်​မှာ မြှုပ်​လိုက်​ကြ​တယ်။ ရှေခင်​ရဲ့​အဖေ ဟာ​မော်​ရဲ့​သားတွေ​ဆီကနေ+ ငွေ​စ ၁၀၀ ပေး​ပြီး+ ယာကုပ်​ဝယ်​ခဲ့တဲ့ အဲဒီ​မြေကွက်​ကို ယောသပ်​ရဲ့​သားမြေး​တွေ အမွေ​ရထား​ကြ​တယ်။+ ၃၃  အာရုန်ရဲ့သား ဧ​လာ​ဇာ​လည်း သေဆုံးသွားတယ်။+ ဧဖရိမ်​တောင်တန်းဒေသ​မှာ သူ့​သား ဖိနဟတ်​ကို ပေးခဲ့တဲ့ ဖိနဟတ်​တောင်ကုန်း​မှာ+ သင်္ဂြိုဟ်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ယူဖရေးတီး​မြစ်။
“မြေပိုင်ရှင်​တွေ” လည်း​ဖြစ်နိုင်။