မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်​ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

သင့်​ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

သင့်​ဆုတောင်းချက်​ကို ဘုရားသခင် နားထောင်တယ်​လို့ ခံစားရ​သလား။

ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ

  • ဘုရားသခင် နားထောင်တယ်။ ကျမ်းစာ​မှာ ဒီလို အာမခံ​ထား​တယ်– “ယေဟောဝါ​ဟာ ဆုတောင်း​တဲ့​သူ​တိုင်း၊ စိတ်ရင်းမှန်​နဲ့ ဆုတောင်း​သူ​တိုင်း​ရဲ့ အနီးအပါး​မှာ ရှိတယ်။ . . . သူတို့ အော်ဟစ်​အကူအညီ​တောင်း​တဲ့​အခါ နားထောင်ပြီး ကယ်တင်​တယ်။”—ဆာလံ ၁၄၅:၁၈၊ ၁၉

  • ဘုရားသခင်​က သင့်ကို ဆုတောင်း​စေချင်တယ်။ ကျမ်းစာ​မှာ ဒီလို ဖိတ်ခေါ်​ထား​တယ်– “အရာရာမှာ ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ၊ ဆုတောင်း​ကြ​ပါ၊ တိုးလျှိုး​အသနားခံ​ကြ​ပါ၊ ဘုရားသခင်​ဆီ အသနားခံ​ကြ​ပါ။”—ဖိလိပ္ပိ ၄:၆

  • ဘုရား​က သင့်ကို တကယ် ဂရုစိုက်​တယ်။ ကျွန်တော်​တို့​ရဲ့ ပြဿနာ​တွေ၊ စိုးရိမ်​ပူပန်မှု​တွေ​ကို ဘုရား အကုန် သိတယ်။ ကျွန်တော်​တို့ကို ကူညီ​ပေး​ချင်​တယ်။ ကျမ်းစာ​မှာ ဒီလို​ပြော​တယ်– “စိုးရိမ်​ပူပန်​စ​ရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်​ထား​လိုက်ပါ။ ဘုရားသခင်​ဟာ ခင်ဗျား​တို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇