မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းခြင်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ

ဆုတောင်းခြင်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ

ကင်ဆာ​ရောဂါ ခံစား​နေရ​တဲ့ ပမ်မလာ​ဟာ ဆရာဝန်​ဆီ​မှာ ဆေး​ကုသမှု ခံယူ​ခဲ့​တယ်။ ခက်ခဲ​တဲ့ အခြေအနေ​ကို ခံရပ်​နိုင်​ဖို့ ခွန်အား​ပေးပါ​လို့​လည်း ဘုရားသခင်​ဆီ ဆုတောင်း​ခဲ့​တယ်။ သူ့ရဲ့ ဆုတောင်းချက်​ကနေ အကူအညီ ရခဲ့​သလား။

ပမ်မလာ ဒီလို​ပြော​တယ်– “ကုသမှု ခံယူ​နေတဲ့​အချိန်​မှာ ကျွန်မ သိပ်​ကြောက်​တယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားဆီ ဆုတောင်း​လိုက်တဲ့အခါ စိတ်​ငြိမ်သက်​လာပြီး ခံနိုင်ရည် ရှိ​လာတယ်။ နာကျင်​ကိုက်ခဲ​တာ​တော့ ရှိပေမဲ့ ဆုတောင်းခြင်း​ကြောင့် ကျွန်မ​ရဲ့ အခြေအနေ​ကို အကောင်းဆုံး ရင်ဆိုင်​နိုင်တယ်။ ဘယ်လို​နေ​လဲ​လို့ လူတွေက မေးတဲ့အခါ ‘လူက​တော့ နေမကောင်း​ပေမဲ့ စိတ်ဓာတ်​ရေးရာ အခြေအနေ​က​တော့ ကောင်း​ပါ​တယ်’ လို့ ကျွန်မ ပြန်​ဖြေတယ်။”

ဆုတောင်း​ဖို့​အတွက် သေရေးရှင်ရေး အခြေအနေ ကြုံ​ရတဲ့​အထိ စောင့်နေ​စရာ မလိုပါဘူး။ ကျွန်တော်​တို့ အားလုံး​မှာ အနည်း​နဲ့​ အများ​ ဆို​သလို ပြဿနာ ကိုယ်စီ​ ရှိကြတယ်။ အဲဒါတွေကို ရင်ဆိုင်​ဖြေရှင်းဖို့ အကူအညီ​ လိုတယ်လို့ ခံစား​ရတယ်။ ဆုတောင်းခြင်း​က အကူအညီ​ ပေး​နိုင်​သလား။

ကျမ်းစာ​မှာ ဒီလို​ပြော​တယ်– “ထမ်း​ထား​ရတဲ့​ ဝန်ကို ယေဟောဝါ​ဆီ ပုံအပ်​လိုက်ပါ။ ကိုယ်တော် ဖေးမ​လိမ့်မယ်။ ဖြောင့်မတ်​သူကို ဘယ်တော့မှ လဲကျ​ခွင့် ပြု​မှာ မဟုတ်ဘူး။” (ဆာလံ ၅၅:၂၂) ဒီ​စကား​တွေ​က စိတ်သက်သာရာ ရစေတယ် မဟုတ်လား။ ဒါဆို ဆုတောင်းခြင်း​ကနေ ဘယ်လို အကူအညီ ရနိုင်သလဲ။ ဘုရားသခင်​ဆီ နည်း​မှန်​လမ်း​ကျ ဆုတောင်း​မယ်​ဆိုရင် အခက်အခဲတွေကို ရင်ဆိုင်​ဖြေရှင်းဖို့ အကူအညီ ရပါလိမ့်မယ်။—“ ဆုတောင်းခြင်း​ကနေ အကူအညီ​ရနိုင်ပုံ” လေးထောင့်ကွက်​ကို ကြည့်​ပါ။