မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၄

ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ

ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ

(မဿဲ ၁၃:၁-၂၃)

  1. ၁။ ရိတ်သိမ်းခြင်းကာလ တို့အသက်ရှင်၊

    ခွင့်ထူးရရှိ မနှိုင်းယှဉ်သာ။

    မှည့်ဝင်းနေ လယ်ကွင်းမှာ အသင့်ဖြစ်၊

    ရိတ်သိမ်းခြင်းမှာ ထက်သန်ပါဝင်။

    ခရစ်ယေရှု လယ်ကွင်းလမ်းညွှန်မှု ပေး၊

    အကောင်းဆုံး စံနမူနာ တင်ပြ။

    ရိတ်သိမ်းမှုမှာ ပြုံးရွှင်စွာ ပါဝင်ရ၊

    ကြီးမြတ်လှပေ ခွင့်ထူးကြီးပါ။

  2. ၂။ ဘုရားနဲ့ အိမ်နီးချင်း ချစ်ခြင်းက

    အရှိန်မြှင့်ဖို့ တို့အား လှုံ့ဆော်ပေး။

    အဆုံးနီးပြီ ဖြစ်လို့ ရိတ်သိမ်းခြင်း၊

    ဟောပြောခြင်းလည်း အရေးကြီးလှ။

    ဘုရားနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ

    အတိုင်းထက်အလွန် ဝမ်းမြောက်မှု ရ။

    နိုင်ငံတော်လုပ်ငန်းမှာ ကြံ့ကြံ့ခံက

    ကောင်းချီးရမှာ ဧကန်မုချ။

(မ. ၂၄:၁၃။ ၁ ကော. ၃:၉။ ၂ တိ. ၄:၂ တို့ကိုလည်း ကြည့်ပါ။)