၁ ကောရိန္သု ၃:၁-၂၃

  • ကောရိန္သုမြို့သားများ စိတ်အလိုနောက် လိုက်နေဆဲ (၁-၄)

  • အပင်ကို ကြီးထွားစေတာ ဘုရားသခင် (၅-၉)

    • ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ (၉)

  • မီးဒဏ်ခံနိုင်တဲ့ပစ္စည်းတွေနဲ့ တည်ဆောက် (၁၀-၁၅)

  • ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်ပဲ (၁၆၊ ၁၇)

  • လောကရဲ့ဉာဏ်ပညာဟာ ဘုရားရှေ့မှာ မိုက်မဲတဲ့အရာပဲ (၁၈-၂၃)

၃  ညီအစ်ကိုတို့၊ ကျွန်တော်က စွမ်းအားတော်ရဲ့  လမ်းပြမှုနောက် လိုက်တဲ့သူတွေကို+ ပြောသလို ခင်ဗျားတို့ကို မပြောနိုင်ဘူး။ စိတ်အလိုလိုက်သူတွေ၊ ခရစ်တော်ရဲ့လမ်းစဉ်မှာ နို့စို့အရွယ်ပဲရှိသေးတဲ့ သူတွေကို+ ပြောသလို ပြောနေရတယ်။ ၂  ခင်ဗျားတို့က မာတဲ့အစာ မစားနိုင်သေးလို့ နို့ကိုပဲ ကျွန်တော် တိုက်ကျွေးခဲ့တာ။ အခုထိ မာတဲ့အစာ မစားနိုင်ကြသေးဘူး။+ ၃  စိတ်အလို လိုက်နေကြတုန်းပဲ။+ ဒါကြောင့်  မနာလိုခြင်း၊  ရန်တွေ့ ခြင်းတွေ ရှိနေတာ။ ဒါဟာ စိတ်အလိုလိုက်နေတာ မဟုတ်လား။+ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာ မဟုတ်လား။ ၄  တစ်ယောက်က “ငါဟာ ပေါလုရဲ့တပည့်၊”  နောက်တစ်ယောက်က “ငါကတော့ အာပေါလုရဲ့ တပည့်”+ ဆိုပြီး  ပြောနေကြတာဟာ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာပဲ မဟုတ်လား။ ၅  အာပေါလုဆိုတာ ဘယ်သူလဲ။ ပေါလုကရော ဘယ်သူလဲ။ သူတို့ဟာ ဘုရားသခင်ရဲ့ အစေခံတွေပဲ။+ သခင်ပေးအပ်ထားတဲ့   အလုပ်ကို  လုပ်ဆောင်ပြီး ခင်ဗျားတို့ကို ယုံကြည်သူတွေ ဖြစ်လာအောင် ကူညီခဲ့သူတွေပဲ။ ၆  ကျွန်တော်က စိုက်ပျိုးတယ်။+ အာပေါလုက ရေလောင်းတယ်။+ အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။ ၇  စိုက်ပျိုးသူနဲ့ ရေလောင်းသူက အရေးပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွားစေတဲ့ ဘုရားသခင်ကသာ အရေးပါတာပါ။+ ၈  စိုက်ပျိုးသူနဲ့ ရေလောင်းသူရဲ့ ရည်ရွယ်ချက်ဟာ အတူတူပါပဲ။ ဒါပေမဲ့ တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်။+ ၉  ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ။ ခင်ဗျားတို့ဟာ ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်းပါ၊ ဘုရားသခင်ရဲ့ အဆောက်အအုံပါ။+ ၁၀  ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို ခံစားရတဲ့အတွက် ကျွန်တော်က ဗိသုကာပညာရှင်လို အုတ်မြစ်ကိုချထားပြီ။+ အဲဒီအုတ်မြစ်ပေါ် တခြားတစ်ယောက်က ထပ်ဆင့်တည်ဆောက်နိုင်တယ်။  ဒါပေမဲ့ ထပ်ဆင့်တည်ဆောက်သူတွေက  မိမိတည်ဆောက်နေပုံကို သတိပြုရမယ်။ ၁၁  ယေရှုခရစ်ဆိုတဲ့ ချထားတဲ့ အုတ်မြစ်ကလွဲလို့ တခြားအုတ်မြစ်ကို ဘယ်သူမှ မချနိုင်ဘူး။+ ၁၂  တစ်ယောက်ယောက်က အဲဒီအုတ်မြစ်ပေါ်မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတွေနဲ့  ထပ်ဆင့်တည်ဆောက်နိုင်တယ်။ ၁၃  ဒါပေမဲ့ စစ်ဆေးတဲ့နေ့ ရောက်တဲ့အခါ တစ်ယောက်စီရဲ့ တည်ဆောက်ပုံ ထင်ရှားလာမယ်။ ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာကို  အဲဒီနေ့မှာ မီးက ဖော်ပြမယ်။+ ၁၄  လူတစ်ယောက် ထပ်ဆင့်တည်ဆောက်ထားတာက မီးဒဏ်ခံနိုင်တယ်ဆိုရင် သူ အကျိုးကျေးဇူး ခံစားရမယ်။ ၁၅  သူတည်ဆောက်ထားတာ မီးထဲပါသွားရင်တော့ သူဆုံးရှုံးရမယ်။ သူကိုယ်တိုင်တော့ ကယ်တင်ခံရလိမ့်မယ်။ ကယ်တင်ခံရပေမဲ့ မီးဘေးက လွတ်လာသလိုမျိုး ဖြစ်လိမ့်မယ်။ ၁၆  ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်နေတာ၊+ ခင်ဗျားတို့ဆီမှာ ဘုရားသခင့် စွမ်းအားတော် ကိန်းဝပ်နေတာ မသိကြဘူးလား။+ ၁၇  ဘုရားသခင်ရဲ့ ဗိမာန်တော်ကို ဖျက်ဆီးရင် အဲဒီလူကို ဘုရားသခင် ဖျက်ဆီးမယ်။ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။ ခင်ဗျားတို့ဟာ အဲဒီဗိမာန်တော်ပဲ။+ ၁၈  ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြပါနဲ့။ ဒီလောကစနစ်မှာ* ကိုယ့်ကိုယ်ကိုယ် ပညာရှိသူလို့ ထင်ရင် တကယ်ပညာရှိသူ ဖြစ်နိုင်ဖို့ မိုက်မဲသူ ဖြစ်ရမယ်။ ၁၉  လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။ “ဘုရားသခင်က ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။+ ၂၀  အဲဒီအပြင် “ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲဆိုတာ ယေဟောဝါ* ဘုရားသိတယ်”+ လို့လည်း ရေးထားတယ်။ ၂၁  ဒါကြောင့် လူ့အစွမ်းအစနဲ့ပတ်သက်ပြီး မဝါကြွားကြပါနဲ့။ အရာခပ်သိမ်းကို  ခင်ဗျားတို့  ပိုင်တယ်။ ၂၂  ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖ*+  ဖြစ်စေ၊  လောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ အနာဂတ်အရာဖြစ်စေ အရာခပ်သိမ်းကို ခင်ဗျားတို့ ပိုင်တယ်။ ၂၃  ခင်ဗျားတို့ကို ခရစ်တော် ပိုင်တယ်။+ ခရစ်တော်ကို ဘုရားသခင် ပိုင်တယ်။

အောက်ခြေမှတ်ချက်များ

^ ခက်ဆစ်ကိုကြည့်။
^ ပေတရု။