မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိပေးချက်တွေကို မြတ်နိုး

သတိပေးချက်တွေကို မြတ်နိုး

ကူးယူပါ–

  1. ၁။ ဖိတ်စာလေးရယ်၊ တို့ဘာလုပ်ရမလဲ

    လက်ခံလိုက်ရင်လည်း ပြဿနာ သိပ်မဟုတ်လောက်ပါ

    ငြင်းပယ်ရမှာကျပြန်တော့ အားနာရလို့ပါ

    အို အားလုံးကို ငြင်းလိုက်ရမလား၊ သွားလိုက်ရင် ကောင်းမလား

    ဖိတ်စာလေးရယ်၊ ဘာလုပ်ရမလဲပြော

    ထိန်းမနိုင်သိမ်းမရဖြစ်ကုန်မှ ဘုရားကို ထိခိုက်မယ်

    သွေးဆောင်မှုတွေ တို့တွန်းလှန်မရမှာ စိုးမိတယ်

    အို လုပ်သင့်ရာ လမ်းပြပါလား ယေဟောဝါ နားစိုက်ထောင်ပေးလှည့်။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော့်သတိပေးချက်တွေ တို့သိပ်မြတ်နိုးပြီး

    လေးမြတ်ပါ့မယ် နေ့ရက်တိုင်း၊ လတိုင်းနဲ့ နှစ်တိုင်း

    ကိုယ်တော့်နှုတ်မြွက်တော် ကျမ်းမြတ်ကို လေးမြတ်တန်ဖိုးထားဖို့ မစပါ။

  2. ၂။ ဆုတောင်းကာ လေ့လာမှ ဘာလုပ်ရမှန်း သိမှာ

    မျက်နှာပျက်မှာ စိုး၊ ရိုင်းရာကျမှာ စိုးမိလည်း

    ပွဲကိုသွားရင်တော့ စိုက်တဲ့အတိုင်း ရိတ်သိမ်းရမယ်

    အို လုပ်သင့်ရာ လမ်းပြလို့ထား၊ ရှင်းရှင်း လမ်းပြပြီးသား။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော့်သတိပေးချက်တွေ တို့သိပ်မြတ်နိုးလို့

    တို့စိတ်ထဲ ခွန်အားပြည့်လာ၊ သိလာ ရှင်းလင်းစွာ

    ကိုယ်တော့်နှုတ်မြွက်တော် ကျမ်းမြတ်ကို လေးမြတ်တန်ဖိုးထားဖို့ မစပါ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော့်သတိပေးချက်တွေ တို့သိပ်မြတ်နိုးလို့

    တို့စိတ်ထဲ ခွန်အားပြည့်လာ၊ သိလာ ရှင်းလင်းစွာ

    ဆင်ခြင်ဖတ်ရွတ်လို့ တို့သွားမယ့်လမ်း လင်းလာခဲ့

    ဘုရားရှင် တို့ဘေးမှာ အမြဲရှိကာ ရင်းနှီးလာခဲ့

    ကိုယ်တော့်နှုတ်မြွက်တော် ကျမ်းမြတ်ကို လေးမြတ်တန်ဖိုးထားဖို့ မစပါ။