မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကြောက်တမ်း ရင်ဆိုင်လိုက်

မကြောက်တမ်း ရင်ဆိုင်လိုက်

ကူးယူပါ–

  1. ၁။ မနက်မလင်းခင်ထ

    ဒီနေ့သစ်အား

    ရင်ဖွင့်ဆုတောင်းကာစ

    သားနဲ့သမီးအတွက်

    ကိုယ့်ညီကိုတွေတွက်

    “သစ္စာရှိဖို့ ကူပါအဖ

    ဘဝ လွန်ခက်ခဲလည်းလေ

    မှိုင်တွေလက်လျှော့ဖို့ မစဉ်းစားပေ

    ပြုံးမပျက် ရှေ့ဆက်ရင်း

    ဒီသီချင်းကို အမြဲတွေးနေမိတယ်–

    (ထပ်ကျော့ပိုဒ်)

    ‘ငါလေ ကူညီပါမယ်

    ဘယ်ခါ မကြောက်နဲ့

    မင်းရဲ့အနားမှာ

    မင်းနဲ့အတူ ရှိမှာ’

    ရင်ဆိုင်ပါ မကြောက်တမ်း

    ကိုယ်ကြိုက်ဆုံး သီချင်းပါ

    ‘သင်တို့ကို မြဲမြံစေ

    ခွန်အားလည်း ရှိစေဖို့’

    (ဆက်ဆိုရန်)

    တစ်ရက်စာ ရဖို့အရေး

    ရုန်းကန်ရမယ်လေ

    နက်ဖြန် ဘာဖြစ်မှာ မသိနိုင်

    မိတ်ဆွေစစ်တွေက

    ဝိုင်းဝန်းအားပေးနေလို့

    ပူပန်စိတ်တွေ ပြေလျော့သွား

  2. ၂။ ရွှေလင်းယုန်အလား

    အတောင်များ ဖြန့်ပြီး

    ပျံဝဲနေဆဲပါပဲ

    လုပ်ဖို့ အလုပ်ကများ

    ရှိထားတဲ့အချိန် မလောက်နိုင်

    ခြေလက်တွေ ညောင်းညာ ကိုက်တဲ့အခါ

    အားကိုးစွာ ဆုတောင်းရင်းလေ

    နိုင်သလောက် အားကုန် ကြိုးစားရင်း

    အားများ ရရှိဖို့ပေါ့

    ဒီသီချင်းကို အမြဲတွေးနေမိတယ်–

    (ထပ်ကျော့ပိုဒ်)

    ‘ငါလေ ကူညီပါမယ်

    ဘယ်ခါ မကြောက်နဲ့

    မင်းရဲ့အနားမှာ

    မင်းနဲ့အတူ ရှိမှာ’

    ရင်ဆိုင်ပါ မကြောက်တမ်း

    ကိုယ်ကြိုက်ဆုံး သီချင်းပါ

    ‘သင်တို့ကို မြဲမြံစေ

    အားများလည်း ရှိစေဖို့’

    “သင်တို့ကို မြဲမြံစေ

    ခွန်အားလည်း ရှိစေမယ်။”