မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပဲ

မိသားစုပဲ

ကူးယူပါ–

  1. ၁။ မိုင်များစွာ ကျော်လွန်ကာ ခရီးနှင်

    ရေမြေရပ်ခြားဆီ ရောက်လာခဲ့

    ဘယ်နေရာ ရောက်ရောက်

    ယေဟောဝါ ထောက်မ

    တကယ် ကောင်းချီးများ ပေးတာ

    တို့လုပ်ငန်း သိပ်ခက်ခဲမှန်း သိထားလည်း

    ရှင်ယေဟောဝါ ထောက်မမြဲ

    ကိုယ်တော်ပေးတဲ့ မိသားစုရဲ့ ချစ်မေတ္တာလည်း

    တို့ရရှိနေ မြဲပဲ

    (ထပ်ကျော့ပိုဒ်)

    နယ်မြေ ဘယ်လောက်ပဲ ခြားပါစေ

    ညီညွတ်မြဲ၊ ငါတို့ စည်းလုံးဆဲ

    ယေဟောဝါမိသားစုကြီးပဲ

    တို့ယောက်တိုင်း

    ကြင်နာချစ်ကြသည်

  2. ၂။ လေဆိပ်မှာ ကြိုနေ အသင့်ပေ

    တကယ် စိတ်အေးသွားရပြီပဲ

    ဒီလိုနဲ့ အစပြု မျှော်နေတဲ့ အစည်းအဝေး

    ကိုယ်စီ တိုးများ တို့မေတ္တာ

    ဒါတွေအားလုံး ယေဟောဝါရှင်ကြောင့်ပဲ

    တို့သိထားလို့ ဝမ်းသာရ

    ဘယ်ဆီပဲ ရောက်နေ ကျေးဇူးတင် ချီးမွမ်းကာ ထာဝစဉ်

    ချစ်သွားမယ် ဆုံးဖြတ်

    (ထပ်ကျော့ပိုဒ်)

    နယ်မြေ ဘယ်လောက်ပဲ ခြားပါစေ

    ညီညွတ်မြဲ၊ ငါတို့ စည်းလုံးဆဲ

    ယေဟောဝါမိသားစုကြီးပဲ

    တို့ယောက်တိုင်း

    ကြင်နာချစ်ကြသည်

  3. ၃။ ပျံသန်းလာ ပင်လယ်ကို ဖြတ်ကာ

    ရေမြေတွေ ခြားတဲ့ တိုင်းပြည်သို့

    ဖော်ရွေ သဘောကောင်း နယ်ခံလူများကို

    ဝေမျှပေး ကျမ်းစာ သတင်းကောင်း

    ညီကိုချင်းမေတ္တာ တို့ရနေလို့လည်း

    ခံစားနွေးထွေး ကိုယ့်အိမ်အလား

    ဘယ်ဆီပဲ ရောက်နေ၊ အချင်းချင်း ဘယ်လောက် ဝေးနေနေ

    တို့ချစ်သွားမှာ မြဲပဲ

    (ဆက်ဆိုရန်)

    ဘယ်ကို ရောက်ရောက်

    နေရာစုံမှာလေ မိသားစုတွေ ရှိတာ

    မြန်မာပြည်မှ မက္ကဆီကို

    အီကွေဒေါနဲ့ ဂျမေကာ

    (ထပ်ကျော့ပိုဒ်)

    နယ်မြေ ဘယ်လောက်ပဲ ခြားပါစေ

    ညီညွတ်မြဲ၊ ငါတို့ စည်းလုံးဆဲ

    ယေဟောဝါမိသားစုကြီးပဲ

    တို့ယောက်တိုင်း

    ကြင်နာချစ်ကြသည်

    နိုင်ငံ၊ လူမျိုးတို့ ကွဲပါစေ

    ညီညွတ်မြဲ၊ ငါတို့ စည်းလုံးဆဲ

    ယေဟောဝါမိသားစုကြီးမှန်း

    မြင်ရုံနဲ့ တကယ်ကို သိပ်သိသာ

    ဖီဂျီ၊ တဟီတီနဲ့ မက်ဆီဒိုးနီးယား၊

    ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီ၊

    မဒါဂတ်စကာ၊ မိုဇမ်ဘစ်နဲ့ ပေါ်တူဂီ

    တို့ယောက်တိုင်း တကယ်ချစ်ကြသည်။