မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနဲ့ စောင့်နေကြပါ

ကမ္ဘာတစ်ဝန်းမှာ တဟုန်ထိုး မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှု—သမ္မာကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာတစ်ဝန်းမှာ တဟုန်ထိုး မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှု—သမ္မာကျမ်းစာအဆိုက ဘာလဲ

 “ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေပြန်ပြီ” လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်၊ ဇွန်လ အစီရင်ခံစာမှာ သတိပေးထားတယ်။ “ကုန်ဈေးနှုန်း မြင့်တက်လာပေမဲ့ သုံးစရာ ငွေမရှိတာနဲ့ ကြုံနေရတယ်။”

 “လောင်စာဆီနဲ့ စားသောက်ကုန် ဈေးနှုန်းတွေ တရိပ်ရိပ် ထိုးတက်နေတဲ့အတွက် ဆင်းရဲတဲ့ နိုင်ငံမှာရှိသူတွေ ပိုထိခိုက်တယ်” လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဆိုတယ်။

 စီးပွားရေးပြဿနာတွေ ကြုံနေရတဲ့အကြောင်းရင်း၊ ရင်ဆိုင်နိုင်ပုံ၊ ရေရှည်ဖြေရှင်းနည်းတွေကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။

“နောက်ဆုံးကာလ” မှာ ကုန်ဈေးနှုန်း မြင့်တက်ခြင်း

  •   “နောက်ဆုံးကာလ” လို့ ကျမ်းစာမှာ ဖော်ပြထားတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။—၂ တိမောသေ ၃:၁

  •   နောက်ဆုံးကာလမှာ “ကြောက်လန့်စရာ မြင်ကွင်းတွေ၊” ထိတ်လန့်စရာ အဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (လုကာ ၂၁:၁၁) အဆမတန် မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုက လူတွေကို ကြောက်စိတ်ပေါ်စေတယ်။ လူတွေဟာ ကိုယ့်အနာဂတ်အတွက်နဲ့ မိသားစုကို ဘယ်လိုထောက်ပံ့ရမလဲဆိုတာ တွေးပူလာကြတယ်။

  •   နောက်ဆုံးကာလမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်လို့ ဗျာဒိတ်ကျမ်းမှာ ကြိုဟောထားတယ်။ “အသံတစ်ခုကို ငါကြားရ၏။ ထိုအသံက ‘ဂျုံဆန်တစ်ခွက်ကို တစ်နေ့စာ လုပ်အားခ ပေးရ၏’ . . . ဟုဆို၏။”—ဗျာဒိတ် ၆:၆ခေတ်သုံးမြန်မာ သမ္မာကျမ်း။

 “နောက်ဆုံးကာလ” အကြောင်းနဲ့ ဗျာဒိတ်ကျမ်းမှာပါတဲ့ ကြိုဟောချက်အကြောင်း ပိုသိချင်ရင် ၁၉၁၄ ကစပြီး ဒီလောက ပြောင်းလဲသွား ဗီဒီယိုကို ကြည့်ပါ၊ “မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ” ဆောင်းပါးကို ဖတ်ပါ။

စီးပွားရေးပြဿနာအားလုံးအတွက် ဖြေရှင်းနည်း

  •   “လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၂၁၊ ၂၂

  •   “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆

  •   “ယေဟောဝါက ‘ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရပြီး ဆင်းရဲသားတွေ ညည်းတွားနေရတဲ့အတွက် ငါထပြီး အရေးယူလုပ်ဆောင်မယ်’ . . . လို့ပြောတယ်။”—ဆာလံ ၁၂:၅ a

 မကြာခင် ဘုရားသခင်က မမျှတတဲ့ စီးပွားရေး အခြေအနေအားလုံး၊ နိုင်ငံတစ်နိုင်ငံပဲ မဟုတ်ဘူး၊ ကမ္ဘာတစ်ခုလုံးမှာ ဖြစ်နေတဲ့ စီးပွားရေးပြဿနာကို ဖြေရှင်းပေးပါတော့မယ်။ ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ သိဖို့ “သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား” ဆောင်းပါးကို ဖတ်ပါ။

 ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ ဒီနေ့အချိန်မှာတောင် ဆက်ရပ်တည်နိုင်ဖို့ ကျမ်းစာက ကူညီပေးနိုင်ပါတယ်။ ဘယ်လို ကူညီပေးမလဲ။ ငွေကို ချင့်ချင့်ချိန်ချိန် သုံးစွဲနိုင်စေတဲ့ အကြံဉာဏ်ကောင်းတွေ ကျမ်းစာမှာ ပါတယ်။ (ပညာအလိမ္မာ ၂၃:၄၊ ၅။ ဒေသနာ ၇:၁၂) ပိုသိချင်ရင် “ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ၊” “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ” ဆောင်းပါးတွေကို ဖတ်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။—ဆာလံ ၈၃:၁၈