မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

Roku သုံးပြီး ကြည့်ရှုနိုင်တဲ့ ဗီဒီယိုများ

Roku သုံးပြီး ကြည့်ရှုနိုင်တဲ့ ဗီဒီယိုများ

ဗီဒီယိုတွေ ကြည့်တဲ့အခါ (ခေတ္တ ရပ်တာ၊ ပြန်ရစ်တာ၊ ရှေ့ကို မြန်မြန်ကျော်တာ၊ နောက်တစ်ခုကို ကျော်တာ) စသဖြင့် ထိန်းချုပ်လို့ ရတယ်။ အုပ်စုမှာပါတဲ့ ဗီဒီယိုတစ်ခု ဒါမှမဟုတ် ဗီဒီယိုအားလုံးကို ကြည့်နိုင်ပါတယ်။

(သတိပြုရန်။ ဒီလမ်းညွှန်ပါ Roku အဝေးထိန်းခလုတ်နဲ့ သင့်အဝေးထိန်းခလုတ် အနည်းငယ် ကွာခြားနိုင်ပါတယ်။)

 ဗီဒီယို ရှာပါ

ရနိုင်တဲ့ ဗီဒီယိုတွေကို ကြည့်ဖို့ ပင်မစာမျက်နှာရဲ့ ထိပ်ဆုံးက ဗီဒီယို အမျိုးအစား ကို ရွေးပါ။ အဝေးထိန်းခလုတ်ပေါ်က မြားတွေကို သုံးပြီး အမျိုးအစားတွေကို ရှာပါ။ ထောက်လိုက်တဲ့ အမျိုးအစားကို ရွေးဖို့ OK ကို နှိပ်လိုက်ပါ။

ဗီဒီယိုတချို့ကို အမျိုးအစားအတော်များများမှာ တွေ့ရပါမယ်။ ဥပမာ၊ သားမိုက်ပြန်လာပြီ ဗီဒီယိုကို ရုပ်ရှင်၊ မိသားစု၊ ဆယ်ကျော်သက်များ ဆိုတဲ့ အမျိုးအစားတွေမှာ တွေ့နိုင်တယ်။

ဗီဒီယိုတွေ တစ်ခုမဟုတ်တစ်ခု ဆက်တိုက် ဖွင့်ဖို့ ကြုံရာဖွင့် ကို ရွေးပါ။

အမျိုးအစားတစ်ခုစီမှာ ဗီဒီယို အများကြီးပါတယ်။ တစ်တန်းစီဟာ ဗီဒီယိုတစ်စုစီ ဖြစ်တယ်။ အတန်းပေါ်မှာ တစ်စုစီရဲ့ အမည် တွေ့ရပါမယ်။

ဗီဒီယိုအုပ်စုတွေကို ရှာဖို့ သင့်အဝေးထိန်းခလုတ်ကို သုံးပါ-

  • Up နဲ့ Down– တခြားအုပ်စုကို ပြောင်းရှာပါ။

  • Left နဲ့ Right– အုပ်စုထဲက ဗီဒီယိုတွေကို ရှာပါ။

ဗီဒီယိုတွေ ကြည့်နိုင်တဲ့ နည်းနှစ်မျိုး ရှိတယ်-

  • အားလုံးဖွင့် ကို ရွေးလိုက်ရင် အုပ်စုပါ ဗီဒီယိုအားလုံးကို ပထမဆုံးကနေ ဖွင့်ပေးပါမယ်။

  • ကြုံရာဖွင့် ကို ရွေးလိုက်ရင် အုပ်စုထဲက ဗီဒီယိုတစ်ခုမဟုတ်တစ်ခု ဖွင့်ပေးပါမယ်။

သတိပြုရန်- အုပ်စုမှာပါတဲ့ဗီဒီယိုအားလုံးကို ဖွင့်ပြီးသွားရင် Playback ရပ်သွားပါမယ်။

ဗီဒီယိုအသေးစိတ် မှာပြသနိုင်ဖို့ ဗီဒီယိုတစ်ခု ရွေးပါ။

အောက်ပါတစ်ခုကို ရွေးချယ်ပါ-

  • ပြန်ဖွင့်ပါ– ဗီဒီယို မဆုံးခင် ရပ်လိုက်မှသာ ရပ်ထားတဲ့နေရာကနေ ပြန်ဖွင့်ပေးပါမယ်။ ဒါကို ရွေးလိုက်ရင် ရပ်ထားတဲ့နေရာကနေ ဗီဒီယို ပြန်ဖွင့်ပေးပါမယ်။

  • ဖွင့်ပါ ဒါမှမဟုတ် အစကနေဖွင့်ပါ ဗီဒီယိုကို အစကနေ ဖွင့်ပါ။

  • စာတန်းထိုးပါ– လက်ရှိပြနေတဲ့ဗီဒီယိုမှာ စာတန်းပါရင် ရွေးနိုင်ပါမယ်။ ရွေးလိုက်ရင် ဗီဒီယိုမှာ စာတန်းထိုးပေးလိမ့်မယ်။ ဗီဒီယိုအားလုံးမှာလည်း (ရနိုင်ရင်) စာတန်းထိုးပေးလိမ့်မယ်။ စာတန်းကို ဖျောက်ချင်ရင် စာတန်းမပါဘဲ ဖွင့်ပါ ကို ရွေးပါ။

  • အုပ်စုမှာ ပါတာအားလုံး ဖွင့်ပါ– လက်ရှိဖွင့်နေတဲ့ ဗီဒီယိုကနေစပြီး အုပ်စုမှာပါတဲ့ ဗီဒီယိုအားလုံးကို ဖွင့်ပါ။ အုပ်စုမှာပါတဲ့ ဗီဒီယိုအားလုံးကို ဖွင့်တဲ့အခါ playback ရပ်သွားပါမယ်။

 ဗီဒီယိုအသေးစိတ်အောက်အတန်းက လက်ရှိအုပ်စုပါ တခြားဗီဒီယိုတွေ ပြထားပါတယ်။ အုပ်စုအတန်းထဲ ဝင်ဖို့ Down ကို နှိပ်ပါ။ ဗီဒီယိုအသေးစိတ်ကို ပြန်သွားဖို့ Up ကို နှိပ်ပါ။

ဗီဒီယို အဖွင့်အပိတ် ထိန်းချုပ်ခြင်း

ဗီဒီယိုကို ဖွင့်တဲ့အခါ အဖွင့်အပိတ်တွေကို အဝေးထိန်းခလုတ်နဲ့ အောက်ပါအတိုင်း ထိန်းချုပ်နိုင်ပါတယ်–

  • Play/Pause– ဗီဒီယိုကို ခေတ္တရပ်ပါ။ ပြန်ဖွင့်ချင်ရင် အဲဒီခလုတ်ကိုပဲ ထပ်နှိပ်ပါ။

  • Right စက္ကန့်အနည်းငယ် ရှေ့ကို ကျော်ပါ။ ဗီဒီယိုကို မြန်မြန် ကျော်ဖို့ အဲဒီခလုတ်ကို နှိပ်ထားပါ။ ကြည့်ချင်တဲ့နေရာကို အချက်ပြအမှတ် ရောက်ပြီဆိုရင် Play ဒါမှမဟုတ် OK ခလုတ်ကို နှိပ်ပါ။

  • Fast Forward– ရှေ့ကို မြန်မြန်ကျော်ပါ။ ကြည့်ချင်တဲ့နေရာကို အချက်ပြအမှတ် ရောက်ပြီဆိုရင် Play ဒါမှမဟုတ် OK ခလုတ်ကို နှိပ်ပါ။

  • Left- စက္ကန့်အနည်းငယ် နောက်ပြန်ကျော်ပါ။ ဗီဒီယိုအစကို မြန်မြန်ရောက်ဖို့ ခလုတ်ကို နှိပ်ထားပါ။ ကြည့်ချင်တဲ့နေရာကို အချက်ပြအမှတ် ရောက်ပြီဆိုရင် Play ဒါမှမဟုတ် OK ခလုတ်ကို နှိပ်ပါ။

  • Rewind– ဗီဒီယိုကို နောက်ပြန်ရစ်ပါ။ ကြည့်ချင်တဲ့နေရာကို အချက်ပြအမှတ် ရောက်ပြီဆိုရင် Play ဒါမှမဟုတ် OK ခလုတ်ကို နှိပ်ပါ။

  •  Back- ဗီဒီယိုအသေးစိတ် မြင်ကွင်းကို ပြန်သွားပါ။

ကြည့်ရှုနိုင်တဲ့ ဒါမှမဟုတ် နောက်ဆုံးထွက် ဗီဒီယိုများကို ကြည့်ပါ

JW ရုပ်သံထုတ်လွှင့်မှု ပင်မစာမျက်နှာမှာ အထူး ဗီဒီယိုအုပ်စုနှစ်မျိုး ပါတယ်-

  1. ၁။ ရနိုင်တဲ့ဗီဒီယိုများ။ ပတ်စဉ် အစည်းအဝေးများ၊ မိသားစုဝတ်ပြုမှုနဲ့ပတ်သက်တဲ့ အထူး စိတ်ဝင်စားဖွယ် ဗီဒီယိုများ ပါတယ်။

  2. ၂။ နောက်ဆုံးထွက် ဗီဒီယိုများ။ နောက်ဆုံးထွက် ဗီဒီယိုတွေ ပါတယ်။