မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်ခြင်း

Amazon Fire တီဗီသုံးပြီး နားဆင်နိုင်တဲ့အော်ဒီယို

Amazon Fire တီဗီသုံးပြီး နားဆင်နိုင်တဲ့အော်ဒီယို

အော်ဒီယို အပိုင်းမှာ အသံသွင်းတေးသီချင်းတွေ၊ တေးဂီတ၊ ပြဇာတ်၊ နားဆင်စရာ ကျမ်းစာဇာတ်လမ်းတွေပါဝင်တဲ့ အော်ဒီယိုအုပ်စုတွေ ရှိတယ်။

(သတိပြုရန်- သင့်ရဲ့ remote နဲ့ ဒီလမ်းညွှန်မှာ အသုံးပြုတဲ့ ပုံစံ မတူညီတာ ဖြစ်နိုင်ပါတယ်။)

ပင်မစာမျက်နှာမှာ အော်ဒီယို ကိုရွေးချယ်ပြီး ရရှိနိုင်တဲ့အော်ဒီယိုအမျိုးအစားတွေကို ကြည့်ပါ။ အသံသွင်းအစီအစဉ်တွေကို ရှာဖွေနားဆင်နိုင်ဖို့ အောက်ပါအဆင့်တွေကို လုပ်ဆောင်ပါ-

 အော်ဒီယိုအစီအစဉ်တစ်ခုကို နားဆင်ခြင်း

မျက်နှာပြင်ပေါ်က အတန်းတစ်ခုစီဟာ အော်ဒီယိုအုပ်စုကို ကိုယ်စားပြုတယ်။ အတန်းရဲ့အပေါ်နားမှာ အော်ဒီယိုအုပ်စုရဲ့နာမည် ပေါ်လာပါလိမ့်မယ်။

  • Up  နဲ့ Down- တခြားအုပ်စုကို ရှာပါ။

  • Left  နဲ့ Right- အုပ်စုတစ်ခုမှာရှိတဲ့ အော်ဒီယိုအစီအစဉ်တွေကို ရှာပါ။

အစီအစဉ်ကို ရွေးချယ်ဖို့၊ အော်ဒီယိုအစီအစဉ်ရဲ့အသေးစိတ်အချက်ကို ပြပေးဖို့ Select ကိုနှိပ်ပါ။

အောက်ပါတစ်ခုကို ရွေးချယ်ပါ-

  • Play- အစကနေ ဖွင့်ပါ။

  • Play All-  ဖန်သားပြင်မှာ ပြထားတဲ့အစီအစဉ်ကနေစပြီး အစီအစဉ်အားလုံးကိုဖွင့်ပေးတယ်။ အုပ်စုမှာပါတဲ့ အစီအစဉ်အားလုံးကို ဖွင့်တဲ့အခါ playback က ရပ်သွားပါလိမ့်မယ်။

  • Resume- အော်ဒီယိုအစီအစဉ်ကို နားထောင်ခဲ့တဲ့နေရာကနေ ပြန်စပြီး နားထောင်နိုင်ပါတယ်။

အော်ဒီယိုအစီအစဉ်ရဲ့အသေးစိတ်အချက် အောက်နားက အတန်းမှာ လက်ရှိအုပ်စုထဲက တခြားဗီဒီယိုတွေကို ပြသထားပေးတယ်။ အဲဒါကို ကြည့်နိုင်ဖို့ Down ကိုနှိပ်ပါ၊ အော်ဒီယိုအစီအစဉ်ရဲ့ အသေးစိတ်အချက်အလက် ကိုပြန်သွားချင်ရင် Up ကိုနှိပ်ပါ။

 အော်ဒီယိုအုပ်စုတစ်စုကို နားဆင်ခြင်း

အုပ်စုထဲက အော်ဒီယိုအစီအစဉ်တစ်ခုကိုသာမက အစီအစဉ်အားလုံးကိုလည်း နားထောင်နိုင်တယ်။ Audio မျက်နှာပြင်ပေါ်က သင်နားထောင်ချင်တဲ့ အစီအစဉ်ကိုရွေးပါ၊ ပြီးနောက် အောက်ပါတွေထဲက တစ်ခုကို ရွေးပါ-

  • အားလုံးဖွင့်- အုပ်စုထဲကအစီအစဉ်အားလုံးကို ဦးဆုံးအစီအစဉ်ကနေ ဖွင့်ချင်ရင် ဒါကိုရွေးပါ။

  • ကြုံရာဖွင့်- အုပ်စုထဲက အစီအစဉ်အားလုံးကို အစဉ်လိုက်မဖွင့်ချင်ရင် ဒါကိုရွေးပါ။

သီချင်းအားလုံးဖွင့်ပြီးသွားရင် playback ရပ်သွားမယ်။

 အော်ဒီယိုအဖွင့်အပိတ်ထိန်းချုပ်ခြင်း

အော်ဒီယိုအစီအစဉ် ဖွင့်နေတုန်း Amazon Fire TV remote နဲ့ အဖွင့်အပိတ်ထိန်းချုပ်ခြင်းကို အောက်ပါအတိုင်း လုပ်နိုင်တယ်-

  • Play/Pause- အော်ဒီယိုအစီအစဉ်ကို ရပ်ပါ။ ပြန်ဖွင့်ချင်ရင် အဲဒီခလုတ်ကိုပဲ ထပ်နှိပ်ပါ။

  • Fast Forward-  အော်ဒီယိုအစီအစဉ်ကို အရှေ့ကျော်ပြီး နားထောင်နိုင်ပါတယ်။ အော်ဒီယိုကို ပြန်စနားထောင်နိုင်ဖို့ Play ကိုနှိပ်ပါ။

  • Rewind- အော်ဒီယိုအစီအစဉ်ကို အစကနေပြန်နားထောင်နိုင်တယ်။ အော်ဒီယိုကို ပြန်စနားထောင်နိုင်ဖို့ Play ကိုနှိပ်ပါ။

  • Back- အော်ဒီယိုစာမျက်နှာကို ပြန်ရောက်သွားတယ်။