မာတိကာဆီ ကျော်သွား

Todd Aki/Moment Open via Getty Images

အလိုလို ဖြစ်လာနိုင်ပါ့မလား

ငါးလိပ်စွန်ရဲ့ စစ်ထုတ်နည်းစနစ်

ငါးလိပ်စွန်ရဲ့ စစ်ထုတ်နည်းစနစ်

 ငါးလိပ်စွန်တွေ ပင်လယ်ထဲမှာ ကူးခတ်ရင်း အပင်၊ အကောင် မျောလှေးတွေကို ပါးစပ်နဲ့ ဖမ်းယူတဲ့အခါ ပင်လယ်ရေတွေရော၊ မျောလှေးတွေပါ ပါးစပ်ထဲ ဝင်သွားတယ်။ ဒါပေမဲ့ အစာနဲ့ရေတွေ ပါးဟက်ကို ဖြတ်ချိန်မှာ အစာက လည်ချောင်းထဲ ဝင်သွားပြီး ရေတွေကတော့ ပါးဟက်ပေါက်ကနေ အပြင်ကို ပြန်ထွက်သွားတယ်။ မျောလှေးတွေ ပါးဟက်ပေါက်ကနေ အပြင်ကို ပြန်ပါမသွားတာ ဘာကြောင့်လဲ။ “ဒါ တော်တော့်ကို ထူးဆန်းတယ်” လို့ သိပ္ပံစာရေးဆရာ အက်ဒ် ယွန်း ဆိုတယ်။

 သုံးသပ်ကြည့်ပါ။ ငါးလိပ်စွန်မှာ ပါးဟက်ရိုးငါးခုရှိတယ်။ ပါးဟက်အမျှင်တွေဟာ အသွားနှစ်ဖက်ရှိတဲ့ ခေါင်းဘီးနဲ့တူပြီး အမျှင်မှာ အထစ်တွေရှိတယ်။ အထစ်တချို့က အရှေ့ဘက်ကို ယိုင်ပြီး တချို့က အနောက်ဘက်ကို ယိုင်နေတယ်။ ဒါကြောင့် ပါးစပ်ထဲ ရေဝင်လာတဲ့အခါ အဲဒီအထစ်တွေရဲ့ အပေါ်ဘက်မှာ၊ အထစ်တွေကြားမှာ ဝဲကတော့လေးတွေ ဖြစ်လာတယ်။

 မျောလှေးတွေက ပါးဟက်အမျှင်ရဲ့ အထစ်ကို ထိပြီး အထဲကို ပြန်ကန်ထွက်လာတဲ့အပြင် အထစ်အပေါ်က ဝဲကတော့လေးတွေကြောင့် ပါးဟက်ပေါက်ကနေ အပြင်ကို ထွက်မသွားဘဲ လည်ချောင်းထဲ ရှောရှောရှူရှူ ဝင်သွားတာပါ။

 ဒီစစ်ထုတ်နည်းစနစ်ကြောင့် ငါးလိပ်စွန် မြန်မြန်ဆန်ဆန် ကူးခတ်နေချိန်၊ မျောလှေးအများကြီး ဖမ်းယူမိချိန်မှာတောင် ပါးဟက်ထဲမှာ ပိတ်ဆို့သွားတယ်ဆိုတာ မရှိတဲ့အပြင် ပါးဟက်အမျှင်တွေက အမြဲသန့်ရှင်းနေတယ်။

 ရေဆိုးထဲကနေ အန္တရာယ်ရှိတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို ဖယ်ရှားတဲ့ ရေစစ်တွေကို ပုံစံရေးဆွဲရာမှာ ငါးလိပ်စွန်ရဲ့ စစ်ထုတ်နည်းစနစ်ကို တုပဖို့ သုတေသီတွေ ကြိုးစားနေပါတယ်။

 ဘယ်လို ထင်ပါသလဲ။ ငါးလိပ်စွန်ရဲ့ စစ်ထုတ်နည်းစနစ်ဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။