မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာ လမ်းစဉ်

ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား

ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား

အရောင်အသွေး​စုံတဲ့ ပန်း​တွေ၊ ကြယ်တွေ​စုံတဲ့ ကောင်းကင်၊ တ​ဝေါ​ဝေါ​ဆူညံနေတဲ့ ရေတံခွန်​ကို ကြည့်လိုက်တဲ့​အခါ ဖန်ဆင်းရှင်ရဲ့ လက်ရာကို သင် တွေ့မြင်​ပါသလား။ ကျွန်တော်တို့ ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းခြင်း​လက်ရာ​တွေ​က ယေဟောဝါရဲ့ မမြင်​ရတဲ့ အရည်အသွေးတွေကို ထင်ထင်ရှားရှား ဖော်ပြ​နေတယ်။ (ရ ၁:၂၀) ခဏလောက် အချိန်​ယူပြီး မြင်​နေရတဲ့ အရာတွေ​အကြောင်း စဉ်းစား​တွေးတောမယ်​ဆိုရင် ဘုရားရဲ့ တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ၊ တရား​မျှတမှု​နဲ့ ရက်ရောမှု​ကို တွေ့မြင်နိုင်တယ်။—ဆ ၁၀၄:၂၄

ယေဟောဝါရဲ့ ဘယ်ဖန်ဆင်းခြင်း လက်ရာတွေကို သင် နေ့တိုင်း မြင်တွေ့​နေရ​သလဲ။ မြို့​ပေါ်မှာ နေရင်တောင် ငှက်တွေ၊ သစ်ပင်တွေကို မြင်ရ​ပါတယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အာရုံ​စူးစိုက် လေ့လာမယ်​ဆိုရင် အလွန်အမင်း မစိုးရိမ်​ဖို့၊ ပို​အရေးကြီးတဲ့ အရာတွေကို ဦးစား​ထားဖို့၊ ကျွန်တော်တို့ကို အမြဲ​ကူညီ​ပေးနိုင်တဲ့ ယေဟောဝါရဲ့ အစွမ်း​တန်ခိုးကို ပို​ယုံကြည်​စိတ်ချဖို့ ကူညီပေး​နိုင်ပါတယ်။ (မ ၆:၂၅-၃၂) သင့်​မှာ သားသမီးတွေ ရှိတယ်ဆိုရင် ပြိုင်ဘက်​ကင်းတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို သိမြင်​နားလည်ဖို့ ကူညီ​ပေးပါ။ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းရာတွေကို လေးမြတ်စိတ် တိုးများလာ​လေ ဖန်ဆင်းရှင်​နဲ့ ပို​ရင်းနှီး​လာ​လေ​ပဲ။—ဆ ၈:၃၊ ၄

အံ့ဖွယ်​ဖန်ဆင်းရာများ​က ဘုရားသခင့်​ဘုန်းတော် ထင်ရှားစေ​ကြ—အလင်း​နဲ့ အရောင် ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ရောင်ခြယ်​ဓာတု​ပစ္စည်းတွေက ဘယ်လိုနည်းနဲ့ အရောင်​တွေကို ဖြစ်ပေါ်​စေ​သလဲ။

  • ဘာကြောင့် တောက်ပတဲ့ အရောင်​စုံ​တွေ ထွက်ပေါ်​လာသလဲ။

  • ကောင်းကင်မှာ ဘာကြောင့် အရောင်​အမျိုးမျိုး တွေ့ရသလဲ။

  • သင့်​ပတ်ဝန်းကျင်မှာ ဘယ်​ထူးခြားတဲ့ အရောင်​တွေကို မြင်တွေ့​ရသလဲ။

  • ဘာကြောင့် အချိန်​ယူပြီး သဘာဝ​လောက​ကို စူးစမ်း​လေ့လာ​သင့်သလဲ။

အလင်းနဲ့ အရောင်က ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဘာဖော်ပြသလဲ