ခရစ်ယာန်အသက်တာလမ်းစဉ်
ပိုထိရောက်တဲ့ ကိုယ်ပိုင်လေ့လာမှု ဖြစ်စေပါ
ဘာကြောင့် အရေးကြီး– ကျမ်းစာကို ကိုယ်ပိုင်လေ့လာတာက “အမှန်တရားရဲ့ အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို ပြည့်ပြည့်ဝဝ၊ နှံ့နှံ့စပ်စပ် နားလည်” ဖို့ ကူညီပေးတယ်။ (ဧ ၃:၁၈) အပြစ်ကင်းစင်နေဖို့၊ ဆိုးညစ်တဲ့ လောကအလယ်မှာ အပြစ်တင်စရာ မရှိဖို့၊ “အသက်ရစေတဲ့ တရားစကားကို မြဲမြဲစွဲကိုင်” ဖို့လည်း ကူညီပေးတယ်။ (ဖိ ၂:၁၅၊ ၁၆) ကျမ်းစာကို ကိုယ်ပိုင်လေ့လာတာက ကျွန်တော်တို့ တစ်ဦးစီနဲ့သက်ဆိုင်တဲ့ အကြောင်းအရာကို ရွေးချယ်လေ့လာခွင့် ရစေတယ်။ ကျမ်းစာဖတ်ရှုခြင်း၊ လေ့လာခြင်းကနေ အကျိုးများများရဖို့ ဘာလုပ်နိုင်သလဲ။
လုပ်ဆောင်နိုင်ပုံ–
-
စာအုပ်မှာဖြစ်စေ၊ အီလက်ထရောနစ်ပုံစံမှာဖြစ်စေ ကိုယ့်ရဲ့ကျမ်းစာမှာ ကျမ်းချက်တွေကို မှတ်သားပြီး ကိုယ်ပိုင်မှတ်စု ရေးထားပါ
-
ကျမ်းစာဖတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးပါ– ‘ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်နေရာမှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုနည်းနဲ့လဲ’
-
အချက်အလက်တွေကို ရယူပါ။ ရနိုင်တဲ့ လေ့လာမှု ကိရိယာတွေကို သုံးပြီး အကြောင်းအရာ ဒါမှမဟုတ် ကျမ်းပိုဒ်ကို ရှာဖွေပါ
-
သင် ဖတ်တဲ့အကြောင်းအရာက သင်နဲ့ ဘယ်လို သက်ဆိုင်တယ်ဆိုတာ သိဖို့ တွေးတောဆင်ခြင်ပါ
-
သိလာတာတွေကို နေ့စဉ် ကျင့်သုံးပါ။—လု ၆:၄၇၊ ၄၈
“မြဲမြဲစွဲကိုင်ထားပါ—ထိရောက်တဲ့ ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းအားဖြင့်” ဗီဒီယိုကို ကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ကိုယ်ပိုင်လေ့လာမှုနဲ့ပတ်သက်ပြီး တချို့သူတွေ ဘယ်လို ပြောပြကြသလဲ။
-
ကိုယ်ပိုင်လေ့လာမှု လုပ်တဲ့အခါတိုင်း ဘာကြောင့် ဆုတောင်းပြီး စသင့်သလဲ။
-
ကျမ်းချက်တစ်ချက်ကို ပိုနားလည်စေဖို့ ဘာက ကူညီပေးမလဲ။
-
လေ့လာမှုအတွက် သုံးတဲ့ ကျမ်းစာမှာ ဘယ်လို အမှတ်အသားတွေ လုပ်နိုင်သလဲ။
-
ကျမ်းစာလေ့လာတဲ့အခါ တွေးတောဆင်ခြင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
-
သိလာတာတွေကို ဘာလုပ်သင့်သလဲ။
“ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။”—ဆ ၁၁၉:၉၇