ဖိလိပ္ပိ ၂:၁-၃၀

  • ခ​ရစ်​ယာန်​တို့​ရဲ့ နှိမ့်​ချ​မှု (၁-၄)

  • ခ​ရစ်​တော်ရဲ့ နှိမ့်​ချ​ခြင်း​နဲ့ ချီး​မြှောက်​ခံ​ရခြင်း (၅-၁၁)

  • ကယ်​တင်​ခြင်း​ရ​ဖို့ ကြိုး​စား​ပါ (၁၂-၁၈)

    • အလင်း​ဆောင်​သူ​တွေ​အဖြစ် ထွန်း​လင်း (၁၅)

  • တိမောသေနဲ့ ဧ​ပဖြော​ဒိတ်​ကို စေ​လွှတ် (၁၉-၃၀)

 ခင်​ဗျား​တို့​က ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​မယ်​ဆို​ရင်၊ မေတ္တာ​စိတ်​နဲ့ သူ​တစ်​ပါး​ကို နှစ်​သိမ့်​ပေး​မယ်​ဆို​ရင်၊ သူ​တစ်​ပါး​ကို ချစ်​ခင်​စာ​နာ​ပြီး စိုး​ရိမ်​ပေး​မယ်​ဆို​ရင်၊ ၂  တစ်​စိတ်​တစ်​သဘော​တည်း ရှိ​ကြ​ပါ။ အပြန်​အလှန် ချစ်​ကြ​ပါ။ တစ်​စည်း​တစ်​လုံး​တည်း ရှိ​ကြ​ပါ။ စိတ်​သဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​ပါ။+ ဒီ​နည်း​နဲ့ ကျွန်​တော် အပြည့်​အဝ ပျော်​ရွှင်​သွား​အောင် လုပ်​ကြ​ပါ။ ၃  ငြင်း​ခုံ​ရန်​တွေ့​ချင်​တဲ့​စိတ်၊+ အတ္တ​စိတ်​နဲ့+ ဘာ​မှ​မလုပ်​ကြ​ပါ​နဲ့။ စိတ်​နှိမ့်​ချ​ကြ​ပါ၊ သူ​တစ်​ပါး​ကို ကိုယ့်​ထက်​သာ​တယ်​လို့ သဘော​ထား​ပါ။+ ၄  ကိုယ့်​အကျိုး​ကို​ပဲ အာ​ရုံ​မစိုက်​ပါ​နဲ့၊+ သူ​တစ်​ပါး​အကျိုး​ကို​လည်း ထည့်​စဉ်း​စား​ပေး​ကြ​ပါ။+ ၅  ခ​ရစ်​တော်​ယေရှု​မှာ​ရှိ​တဲ့  အဲ​ဒီ​စိတ်​သဘော​ထား​ကို ခင်​ဗျား​တို့​လည်း မွေး​မြူ​ကြ​ပါ။+ ၆  ခ​ရစ်​တော်​က ဘုရား​သခင်​နဲ့ ပုံသဏ္ဌာန်​တူ​ပေမဲ့+ ဘု​ရား​သခင်​နဲ့ တန်း​တူ​ဖြစ်​နိုင်​တဲ့ အနေ​အထား​ကို အရ​ယူ​ဖို့ တစ်​ခါ​မှ မစဉ်း​စား​ဖူး​ဘူး။+ ၇  အဲ​ဒီ​အစား အရာရာ​ကို သူ​စွန့်​လွှတ်​ခဲ့​တယ်။ ကျွန်​အဖြစ်​ကို ခံ​ယူ​ပြီး+ လူ​သား​တစ်​ဦး ဖြစ်​လာခဲ့​တယ်။+ ၈  အဲ​ဒီ​အပြင် လူ​သား​တစ်​ယောက်​အနေ​နဲ့ ရှိနေ​ချိန်​မှာ​လည်း ကိုယ့်​ကိုယ်​ကိုယ် နှိမ့်​ချ​ပြီး ဒုက္ခ​သစ်​တိုင်​ပေါ်*+ အသေခံ​တဲ့အထိ  နာ​ခံ​ခဲ့​တယ်။+ ၉  အဲ​ဒါ​ကြောင့် ဘု​ရား​သခင်​က သူ့​ကို သာ​လွန်​မြင့်မြတ်​တဲ့ အနေ​အထား​ရောက်​အောင် ချီး​မြှောက်​ပြီး+  ဘွဲ့​နာ​မတ​ကာ​ထက် ကြီးမြတ်​တဲ့​ဘွဲ့​နာ​မကို ပေး​သနား​လိုက်​ပြီ။+ ၁၀  ဒါ​ကြောင့် ကောင်းကင်​မှာရှိ​တဲ့​သူ​တွေ၊ မြေကြီး​ပေါ်​မှာ​ရှိ​တဲ့​သူ​တွေ၊ မြေကြီး​အောက်​မှာ​ရှိ​တဲ့​သူ​တွေ အား​လုံး​ဟာ ယေရှု​ရဲ့ နာ​မည်​ကို ဒူး​ထောက်​ရ​လိမ့်​မယ်။+ ၁၁  လူ​တိုင်း​က ယေရှု​ခ​ရစ်​ဟာ အဖဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို ထင်​ရှား​စေ​တဲ့ သခင်​ဖြစ်​မှန်း လူ​သိ​ရှင်​ကြား အသိ​အမှတ်​ပြု​ရ​လိမ့်​မယ်။+ ၁၂  ချစ်​ရ​သူ​တို့၊ ခင်​ဗျား​တို့​နဲ့​အတူ ကျွန်​တော်​ရှိ​နေ​တုန်း​က ခင်​ဗျား​တို့ အမြဲနာ​ခံ​ခဲ့​တယ်။ ကျွန်​တော် မရှိ​တဲ့​အချိန်​မှာ ပို​လို့​တောင် နာ​ခံ​ခဲ့​တယ်။ အခု​လည်း ကယ်​တင်​ခြင်း​ရ​ဖို့  ကြောက်​ရွံ့​တုန်​လှုပ်​တဲ့​စိတ်​နဲ့ ဆက်​ကြိုး​စား​နေ​ကြ​ပါ။ ၁၃  ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ဟာ ခင်​ဗျား​တို့​ကို အစွမ်း​ခွန်​အား ဖြည့်​ပေး​ရ​တာ​ကို နှစ်​သက်​တဲ့​အရှင်၊ လုပ်​ဆောင်​ချင်​စိတ်​သာ​မက  လုပ်​ဆောင်​နိုင်​စွမ်း​ကို​ပါ  ပေး​သနား​တဲ့​အရှင်​ပဲ။ ၁၄  ဒါ​ကြောင့် ဘာ​ပဲ​လုပ်​လုပ် ပြစ်​တင်​ညည်း​ညူ​တာ၊+ အငြင်း​ပွား​တာ​တွေ​ကို+ ရှောင်​ကြ​ပါ။ ၁၅  ဒါ​ဆို​ရင် ခင်ဗျား​တို့​ဟာ ကောက်​ကျစ်​စဉ်း​လဲ​တဲ့ လူ​မျိုး​ဆက်*+ အလယ်​မှာ အပြစ်​တင်​စ​ရာ မရှိ​သူ​တွေ၊ ရိုး​သား​ဖြူ​စင်​သူ​တွေ၊ အပြစ်​အနာ​အဆာ​ကင်း​တဲ့ ဘု​ရား​သခင့် သား​သမီး​တွေ+ ဖြစ်​လိမ့်​မယ်။ လော​က​မှာ  အလင်း​ဆောင်​သူ​တွေ​အဖြစ် ထွန်း​လင်း​ပြီး၊+ ၁၆  အသက်​ရ​စေ​တဲ့ တရား​စ​ကား​ကို  မြဲမြဲစွဲ​ကိုင်​နိုင်​လိမ့်​မယ်။+ ဒါ​မှ  ကျွန်​တော်  လုပ်​ဆောင်​ခဲ့​တာ​တွေ အချည်း​နှီး မဖြစ်​ဘူး၊ ကြိုး​စား​ခဲ့​တာ​တွေ အချည်း​နှီး မဖြစ်​ဘူး​ဆို​တဲ့ အသိ​နဲ့ ခ​ရစ်​တော်ရဲ့​နေ့​မှာ ဂုဏ်​ယူ​ဝမ်း​မြောက်​နိုင်​လိမ့်​မယ်။ ၁၇  ယုံ​ကြည်​ခြင်း​ကြောင့်  ခင်​ဗျား​တို့​ဆက်​သတဲ့ ပူဇော်​သက္ကာ​နဲ့+ အမှု​ဆောင်​လုပ်​ငန်း​အပေါ်​မှာ  ကိုယ့်​ကိုယ်​ကိုယ်  သွန်း​လောင်း​ရာ​အလှူ​လို+ သွန်း​လောင်း​ရ​မယ်​ဆို​ရင်​တောင် ကျွန်​တော် ဝမ်း​သာ​တယ်။ ခင်​ဗျား​တို့​အား​လုံး​နဲ့​အတူ ဝမ်း​မြောက်​ရွှင်​လန်း​တယ်။ ၁၈  အလား​တူ​ပဲ၊ ခင်​ဗျား​တို့​လည်း ကျွန်​တော်​နဲ့​အတူ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ။ ၁၉  မကြာ​ခင်  တိမောသေကို ခင်ဗျား​တို့​ဆီ လွှတ်​မယ်​လို့+ သခင်​ယေရှု​ကို အမှီ​ပြု​ပြီး မျှော်​လင့်​နေ​ပါ​တယ်။  ဒါ​မှ  ခင်​ဗျား​တို့​အကြောင်း ကြား​သိ​ရ​တဲ့​အခါ ကျွန်​တော် အား​တက်​နိုင်​မယ်။ ၂၀  သူ့​လို​မျိုး ခင်ဗျား​တို့​အကျိုး​ကို တ​ကယ်​လို​လား​တဲ့​သူ ကျွန်​တော့်​မှာ  မရှိ​ဘူး။ ၂၁  တ​ခြား​သူ​တွေ​ကျ​တော့ ယေရှု​ခ​ရစ်ရဲ့ အကျိုး​ကို မရှာ​ဘဲ ကိုယ့်​အကျိုး​ကို​ပဲ ရှာ​နေ​ကြ​တယ်။ ၂၂  တိမောသေက​တော့ အရည်​အချင်း​ရှိ​သူ​ဖြစ်​မှန်း၊ သတင်း​ကောင်း ပျံ့​နှံ့​စေ​ဖို့ ကျွန်​တော်​နဲ့​အတူ သား​အဖလို+ ကြိုး​စား​အမှု​ဆောင်​ခဲ့​မှန်း ခင်​ဗျား​တို့ သိ​ပါ​တယ်။ ၂၃  ဒါ​ကြောင့် ကျွန်​တော် ဘာ​တွေ​ကြုံ​ရဦး​မယ်​ဆို​တာ သိ​သိ​ချင်း​ပဲ သူ့​ကို ခင်ဗျား​တို့​ဆီ  လွှတ်​ဖို့  မျှော်​လင့်​နေ​တယ်။ ၂၄  သခင်​အလို​ရှိ​ရင်​တော့ ခင်​ဗျား​တို့​ဆီ ကျွန်​တော်​ကိုယ်​တိုင် ရောက်​လာ​မယ်​လို့ ယုံ​တယ်။+ ၂၅  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရဲ့​တ​မန်​ဖြစ်​တဲ့ ညီ​အစ်​ကို  ဧ​ပဖြော​ဒိတ်​ကို ခင်ဗျား​တို့​ဆီ လွှတ်​ဖို့ လို​တယ်​လို့ ကျွန်​တော်​ယူ​ဆ​တယ်။  သူ​ဟာ   ကျွန်​တော့်ရဲ့ လုပ်​ဖော်​ဆောင်​ဖက်၊ ရဲ​ဘော်ရဲ​ဘက်​ဖြစ်​ရုံ​မက ကျွန်​တော့်​ကို အလုပ်​အ​ကျွေး​ပြု​တဲ့​သူ​ပဲ။+ ၂၆  ခင်​ဗျား​တို့​ကို​ သူ​သိပ်​တွေ့​ချင်​နေ​တယ်။ သူ​ဖျား​နေ​တဲ့​အကြောင်း ခင်​ဗျား​တို့​ကြား​မှန်း​သိ​သွား​လို့ စိတ်​မကောင်း​ဖြစ်​နေ​တယ်။ ၂၇  သေလု​နီး​ပါး သူ​ဖျား​ခဲ့​ပေမဲ့ ဘု​ရား​သခင်​က သူ့​ကို က​ရု​ဏာ​ပြတယ်။ သူ့​ကို​ပဲ ပြတာ မဟုတ်​ဘူး။ တစ်​ပူ​ပေါ်​နှစ်​ပူ​ဆင့်​ပြီး ဝမ်း​နည်း​ရ​တာ​မျိုး မဖြစ်​ရ​လေ​အောင် ကျွန်​တော့်​ကို​လည်း က​ရု​ဏာ​ပြတယ်။ ၂၈  ဒါ​ကြောင့် ခင်ဗျား​တို့ သူ့​ကို​တွေ့​တဲ့​အခါ ဝမ်း​သာ​သွား​အောင်၊ ကျွန်​တော်​လည်း စိတ်​သက်​သာ​ရာရ​အောင် သူ့​ကို အမြန်​ဆုံး​လွှတ်​လိုက်​မယ်။ ၂၉  သခင့်​နောက်​လိုက်​တွေ​ကို ကြို​ဆို​နေ​ကျ​အတိုင်း သူ့​ကို​လည်း ဝမ်း​သာ​အား​ရ ကြို​ဆို​ကြ​ပါ။ အဲ​ဒီ​လို​ညီအစ်​ကို​မျိုး​ကို ချစ်​ခင်​လေး​စား​ကြ​ပါ။+ ၃၀  ဘာ​လို့​လဲ​ဆို​တော့ သူ​ဟာ ခ​ရစ်​တော်​အတွက် အမှု​ဆောင်​ရာ​မှာ သေလု​နီး​ပါး​ဖြစ်​ခဲ့​တဲ့​အပြင် ကျွန်​တော့်​အတွက် ခင်​ဗျား​တို့ မလုပ်​ပေး​နိုင်​တာ​တွေ​ကို ခင်​ဗျား​တို့​ကိုယ်​စား သူ လုပ်​ဆောင်​ပေး​နိုင်​ဖို့ အသက်​အန္တရာယ်​ကို မမှု​ခဲ့​တဲ့​သူ​ပါ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။