ဧဖက် ၃:၁-၂၁

  • လူ​မျိုး​ခြား​တွေ ပါ​ဝင်​မယ်​ဆို​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်ချက် (၁-၁၃)

    • ခ​ရစ်​တော်​နဲ့​အတူ အမွေ​ခံ​မယ့် လူ​မျိုး​ခြားတွေ ()

    • ဘု​ရား​သခင့် ထာ​ဝ​ရရည်​ရွယ်​ချက် (၁၁)

  • ထိုး​ထွင်း​ဉာဏ်​ရ​ဖို့ ဧဖက်​မြို့​သား​တွေ​အတွက် ဆုတောင်း​ပေး (၁၄-၂၁)

 ကျွန်​တော်​ပေါ​လု​ဟာ ခ​ရစ်​တော်​ယေရှု​ကြောင့်၊ လူ​မျိုး​ခြား​ဖြစ်​တဲ့ ခင်​ဗျား​တို့​အကျိုး​အတွက်​ကြောင့် အကျဉ်း​သား​ဖြစ်​နေ​တယ်။+ ၂  ဘုရား​သခင့် မဟာ​က​ရု​ဏာ​တော်​က​နေ အကျိုး​ခံ​စား​နိုင်​ဖို့ ခင်​ဗျား​တို့​ကို ကူညီ​ပေး​ရ​မယ့်​တာ​ဝန်  ကျွန်​တော်ရ​ထား​မှန်း  ခင်​ဗျား​တို့  ကြား​မှာ​ပါ။+ ၃  ရှေ့​မှာ အနည်း​အကျဉ်း ရေး​ထား​သလို​ပဲ ဘု​ရား​သခင်​က ကျွန်​တော့်​ကို မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​အကြောင်း ဖော်​ပြခဲ့​တယ်။ ၄  ဒီ​စာ​ကို​ဖတ်​တဲ့​အခါ ခ​ရစ်​တော်ရဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​ကို+ ကျွန်​တော် နား​လည်​တယ်​ဆို​တာ ခင်​ဗျား​တို့ သိ​မှာ​ပါ။ ၅  ဘု​ရား​သခင်​က ဒီ​လျှို့ဝှက်​ချက်​အကြောင်း ဟိုး​အရင်​က လူ​မျိုး​ဆက်​တွေ​ကို မဖော်​ပြခဲ့​ဘူး။ အခု​တော့ သန့်​ရှင်း​တဲ့ တမန်​တော်တွေ၊ ပရော​ဖက်​တွေ​ကို စွမ်း​အား​တော်​နဲ့ ဖော်​ပြလိုက်​ပြီ။+ ၆  အဲ​ဒီ​လျှို့ဝှက်​ချက်​က​တော့ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​တဲ့  လူ​မျိုး​ခြား​တွေ​ဟာ ခ​ရစ်​တော်​နဲ့​အတူ အမွေ​ခံ​မယ့်​သူ​တွေ၊ ခ​န္ဓာ​ကိုယ်​အစိတ်​အပိုင်း​တွေ ဖြစ်​လာ​ပြီး+ သတင်း​ကောင်း​ကြောင့် က​တိ​တော်​ကို တန်း​တူ​ခံ​စား​ရ​လိမ့်​မယ်​ဆိုတဲ့ အချက်​ပဲ။ ၇  ကျွန်​တော်​ဟာ ဘုရား​သခင်​ရဲ့  မဟာ​က​ရု​ဏာ​တော်​ကြောင့် အဲ​ဒီ​လျှို့ဝှက်​ချက်​နဲ့​ဆိုင်​တဲ့ အမှု​ဆောင်​သူ  ဖြစ်​လာ​တယ်။  ဘု​ရား​သခင်​က တန်​ခိုး​တော် ဖော်​ပြတဲ့​အနေ​နဲ့ ကျွန်တော့်​ကို ဒီ​ဆု​လက်​ဆောင် ပေး​ခဲ့​တယ်။+ ၈  သန့်​ရှင်း​သူ​အား​လုံး​ထဲ​မှာ အရေး​မပါ​ဆုံး​သူ​ထက်  ပို​ပြီး​အရေး​မပါ​တဲ့+ ကျွန်​တော်​ဟာ  အဲ​ဒီ​မဟာ​က​ရု​ဏာ​တော်​ကို ခံ​စား​ခဲ့ရ​တယ်။+  ဒါ​ကြောင့်​ ခရစ်​တော်​ဆီ​က​လာ​တဲ့  အတိုင်း​မသိ ကြွယ်​ဝ​မှု​အကြောင်း သတင်း​ကောင်း​ကို လူ​မျိုး​ခြား​တွေ​ဆီ ကျွန်​တော်​ဟော​ပြော​တယ်။ ၉  အရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တဲ့ ဘု​ရား​သခင်​က ခေတ်​အဆက်​ဆက် လျှို့ဝှက်​ထား​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​ကို+ ဘယ်​လို​စီ​မံ​ခန့်​ခွဲ​တဲ့​အကြောင်း လူ​တွေ​သိ​လာ​အောင် ကျွန်​တော်​ပြော​ပြတယ်။ ၁၀  ကောင်း​ကင်​မှာ​ရှိ​တဲ့ အုပ်​စိုး​သူ​တွေ၊  အခွင့်​အာ​ဏာ​ရှိ​သူ​တွေက​ ဘု​ရား​သခင်​ရဲ့ အမျိုး​မျိုး​သော ဉာဏ်​ပညာ​အကြောင်း​ကို+ အသင်း​တော်​က​တစ်​ဆင့်+  သိ​ရှိ​လာ​ကြ​လိမ့်​မယ်။ ၁၁  ဒါ​ဟာ သခင်​ခ​ရစ်​တော်​ယေရှု​နဲ့ ပတ်​သက်​တဲ့ ထာ​ဝ​ရ ရည်​ရွယ်​ချက်​အတိုင်း​ပါ​ပဲ။+ ၁၂  ကျွန်​တော်​တို့​က ခ​ရစ်​တော်​ကို ယုံ​ကြည်​တဲ့​အတွက် ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်၊* အတား​အဆီး​မရှိ+ စိတ်​ချ​လက်​ချ  ဆု​တောင်း​ခွင့်   ရ​ကြ​တယ်။ ၁၃  ကျွန်​တော်​ကြုံ​နေ​ရ​တဲ့ ဆင်း​ရဲ​ဒုက္ခ​ကို​ကြည့်​ပြီး စိတ်​ဓာတ်​မကျ​ဖို့ ပြော​ချင်​တယ်။ ဒါ​ဟာ ခင်​ဗျား​တို့​အကျိုး​အတွက်​ဖြစ်​လို့ ဂုဏ်​ယူ​ကြ​ပါ။+ ၁၄  ဒါ​ကြောင့် ကျွန်​တော် အဖဘု​ရား​ကို ဒူး​ထောက်​ပြီး ဆု​တောင်း​တယ်။ ၁၅  အဖဘု​ရား​ကြောင့် ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​က မိ​သား​စု​တိုင်း တည်​ရှိ​နေ​တာ။ ၁၆  ဘုန်း​အသရေ​ကြွယ်​ဝ​တဲ့ အဖဘု​ရား​က တန်​ခိုး​တော်​သုံး​ပြီး ခင်​ဗျား​တို့​ရဲ့ စိတ်​နှ​လုံး​ကို ကြံ့​ခိုင်​အောင်+ စွမ်း​အား​တော်​က​တစ်​ဆင့် အား​ဖြည့်​ပေး​ပါ​စေ​လို့  ကျွန်​တော်​ဆု​တောင်း​တယ်။ ၁၇  ယုံ​ကြည်​ခြင်း​အား​ဖြင့် ခင်​ဗျား​တို့​ရင်​ထဲ​မှာ ခ​ရစ်​တော်​ရှိ​ပါ​စေ၊ ချစ်​ခြင်း​မေတ္တာ​ရှိ​ပါ​စေ​လို့​လည်း  ဆု​တောင်း​တယ်။+ အုတ်​မြစ်​ပေါ်​မှာ အမြစ်​စွဲ​ပြီး+ အခြေ​ခိုင်​ကြ​ပါ​စေ။+ ၁၈  သန့်​ရှင်း​သူ​တွေ​လို​ပဲ အမှန်​တ​ရားရဲ့ အလျား၊ အနံ၊ အမြင့်၊ အနက်​တွေ​ကို ပြည့်​ပြည့်​ဝဝ၊​ နှံ့​နှံ့​စပ်​စပ် နား​လည်​ပြီး၊ ၁၉  အသိ​ပညာ​ထက် သာ​လွန်​တဲ့ ခ​ရစ်​တော်ရဲ့ ချစ်​ခြင်း​မေတ္တာ​ကို သိ​လာ​ကြ​ပါ​စေ။+ ဒီ​နည်း​နဲ့ ဘု​ရား​သခင် ပေး​သနား​တဲ့ အရည်​အသွေး​တွေ​ ပြည့်​ဝ​လာ​ကြ​ပါ​စေ။ ၂၀  ကျွန်​တော်​တို့​ဆီ​မှာ  သက်​ရောက်​နေ​တဲ့ တန်​ခိုး​တော်​နဲ့​အညီ+ ကျွန်​တော်​တို့ တောင်း​လျှောက်​သမျှ၊ ကြံ​စည်​သမျှ​ထက်  အတိုင်း​ထက်​အလွန် လုပ်​ဆောင်​နိုင်​တဲ့  ဘု​ရား​သခင်​ဟာ၊+ ၂၁  အသင်း​တော်​အား​ဖြင့်၊ ခ​ရစ်​တော်​ယေရှု​အား​ဖြင့်  လူ​မျိုး​အဆက်​ဆက်* အစဉ်​ထာ​ဝ​ရ  ဘုန်း​ထင်​ရှား​ပါ​စေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ် “လူ​မျိုး​ဆက်” ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”