ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
ဉာဏ်ပညာ ကြီးမားတဲ့ ယေဟောဝါကို ချီးမွမ်းပါ
ယေဟောဝါက ရှောလမုန်ကို ထူးကဲတဲ့ ဉာဏ်ပညာ ပေးခဲ့ (၁ဘု ၁၀:၁-၃။ က၉၉ ၇/၁ ၃၀ ပိုဒ်. ၆)
ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဘုရားပေး ဉာဏ်ပညာကို အလွန် အံ့အားသင့် (၁ဘု ၁၀:၄၊ ၅။ က၉၉ ၁၁/၁ ၂၂ ပိုဒ်. ၆)
ရှောလုမုန်ကို ဘုရင်အဖြစ် ခန့်အပ်တဲ့အတွက် ယေဟောဝါကို ရှေဘဘုရင်မ ချီးမွမ်းခဲ့ (၁ဘု ၁၀:၆-၉။ က၉၉ ၇/၁ ၃၀-၃၁)
ရှေဘဘုရင်မလိုပဲ ကျွန်တော်တို့လည်း ဘုရားပေး ဉာဏ်ပညာကို တန်ဖိုးထားကြောင်း ပြသင့်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှု သွန်သင်ပေးတဲ့အတိုင်း နေထိုင်ခြင်း၊ ယေရှုကို အတတ်နိုင်ဆုံး တုပခြင်းအားဖြင့် ဖြစ်တယ်။ (မ ၁၂:၄၂။ ၁ပ ၂:၂၁) အမှုဆောင်မှာ တွေ့ရတဲ့သူတွေကို ဘုရားဉာဏ်ပညာအကြောင်း ပြောပြခြင်းအားဖြင့်လည်း တင်ပြနိုင်ပါတယ်။