မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ္စမတ်ပွဲထက် ပိုကောင်းတဲ့အရာကို တွေ့ရှိခဲ့

ခရစ္စမတ်ပွဲထက် ပိုကောင်းတဲ့အရာကို တွေ့ရှိခဲ့

သန်းနဲ့ချီတဲ့ ခရစ်ယာန်စစ်တွေဟာ ခရစ္စမတ်ပွဲကို မကျင်းပကြဘူး။ အဲဒီပွဲကို မကျင်းပတဲ့အတွက် သူတို့ ဘယ်လိုခံစားရသလဲ။ တစ်ခုခုလိုနေတယ်လို့ သူတို့ ခံစားရသလား။ သူတို့ရဲ့ ကလေးတွေကကော တစ်ခုခုကို ဆုံးရှုံးလိုက်ရတယ်လို့ ခံစားရသလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေ ခရစ်ယာန်တွေ ပြောဆိုရာကို သုံးသပ်ကြည့်ရအောင်။

အိဗ်

ယေရှုခရစ်ကို အောက်မေ့ခြင်း– “ကျွန်မ ယေဟောဝါသက်သေမဖြစ်ခင်က ဘုရားရှိခိုးကျောင်း သိပ်မသွားဖြစ်ဘူး။ သွားရင်လည်း ခရစ္စမတ်ပွဲနေ့ ဒါမှမဟုတ် အီစတာပွဲနေ့ ရောက်မှပဲ သွားဖြစ်တယ်။ အဲဒီပွဲနေ့တွေ ရောက်ရင်လည်း ယေရှုခရစ်အကြောင်း မစဉ်းစားဖြစ်ပါဘူး။ အခု ကျွန်မ ခရစ္စမတ်ပွဲ မကျင်းပတော့ဘူး။ အဲဒီအစား ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တစ်ပတ်နှစ်ကြိမ် သွားတက်တယ်။ ပြီးတော့ တခြားသူတွေကိုလည်း ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းစာပြောဆိုရာတွေ သင်ပေးတယ်။”—အိဗ်၊ ဩစတြေးလျ။

ရုဗင်

ပေးကမ်းခြင်းကနေ ရရှိတဲ့ ရွှင်လန်းမှု– “မမျှော်လင့်ဘဲ လက်ဆောင်ရရင် သား အရမ်းပျော်တယ်။ ကြိုက်လည်းကြိုက်တယ်။ တခြားသူတွေအတွက် ပို့စ်ကတ်လုပ်ပေးတာ၊ ပန်းချီဆွဲပေးရတာကိုလည်း သား ကြိုက်တယ်။ အဲဒီလို လုပ်ပေးတဲ့အတွက် သူတို့ပျော်သလို သားလည်း ပျော်တယ်။”— ရုဗင်၊ မြောက်ပိုင်းအိုင်ယာလန်။

အမ်မလီ

ဆင်းရဲသားတွေကို ကူညီပေးခြင်း– “နေမကောင်းတဲ့သူတွေအတွက် ချက်ပြုတ်ပေးရတာကို ကျွန်မ နှစ်သက်တယ်။ တစ်ခါတလေ သူတို့စိတ်ပျော်အောင် ပန်းလှလှလေးတွေ သွားပို့ပေးတယ်။ ကိတ်မုန့် ယူသွားပေးတယ်။ လက်ဆောင်လေးတွေ ပို့ပေးတယ်။ သူတို့ဆီကို အချိန်မရွေး သွားလည်ပတ်လို့ ရတဲ့အတွက် အဲဒီလိုလုပ်ပေးရတာကို ကျွန်မကြိုက်တယ်။”—အမ်မလီ၊ ဩစတြေးလျ။

ဝင်ဒီ

မိသားစု စုဆုံခြင်း– “ကျွန်မတို့မိသားစုတွေ စုဆုံတဲ့အခါ ကလေးတွေက သူတို့ရဲ့ အဘိုးအဘွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲတွေနဲ့ အေးအေးဆေးဆေး ပေါင်းသင်းရတဲ့အတွက် ရင်းရင်းနှီးနှီး ရှိလာတယ်။ ဒီလိုလုပ်ဖို့ ရက်တစ်ရက် မသတ်မှတ်ထားတဲ့အတွက် စိတ်ဖိစီးမှုမရှိဘူး။ တကယ်တော့ ကျွန်မတို့မိသားစုက သူတို့ကိုချစ်လို့ သူတို့ဆီ သွားလည်တာပါ။”—ဝင်ဒီ၊ ကေမန်ကျွန်း။

စန်ဒရာ

ငြိမ်သက်ခြင်း– “ခရစ္စမတ်ရာသီမှာ လုပ်ဆောင်စရာတွေ အများကြီးရှိနေတဲ့အတွက် ငြိမ်သက်ခြင်းနဲ့ ပတ်သက်ရင် စဉ်းစားမိတဲ့သူ မရှိသလောက်ပါပဲ။ လူသားတွေနဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေကို အခု ကျွန်မ သိလာရပြီဖြစ်လို့ စိတ်သက်သာရာရတယ်။ ကျွန်မကလေးတွေရဲ့ အနာဂတ်က ပျော်စရာကောင်းလိမ့်မယ်ဆိုတာ ကျွန်မသိထားပါတယ်။”—စန်ဒရာ၊ စပိန်။