မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ယုံကြည်ချက်များအတွက် ခိုင်မြဲစွာ ရပ်တည်ပါ

သင့်ယုံကြည်ချက်များအတွက် ခိုင်မြဲစွာ ရပ်တည်ပါ

လူငယ်စာရှုသူများအတွက်

သင့်ယုံကြည်ချက်များအတွက် ခိုင်မြဲစွာ ရပ်တည်ပါ

ညွှန်ကြားချက်များ- ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဓိကဇာတ်ကောင်များ- ယေရမိ၊ ဧဗဒမေလက်၊ ဘုရင်ဇေဒကိ

အကျဉ်းချုပ်- ခါလဒဲ (ဗာဗုလုန်) လူတွေကို ယုဒနိုင်ငံကလူတွေ အရှုံးပေးသင့်တယ်ဆိုတဲ့ ဘုရားသခင်ရဲ့သတင်းစကားကို ယေရမိ ကြေညာတဲ့အခါ ပြင်းထန်တဲ့အတားအဆီးတွေ သူကြုံခဲ့ရတယ်။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယေရမိ ၃၈:၁-၅ ကိုဖတ်ပါ။

ယုဒနိုင်ငံကလူတွေကို ယေရမိ သတင်းစကားကြေညာတဲ့အခါ သူဘယ်လိုခံစားနေရမယ်လို့ သင်ထင်သလဲ။

․․․․․

ယေဟောဝါဘုရားသခင်ရဲ့သတိပေးချက်ကို ယေရမိကြေညာတဲ့အခါ သူ့ရဲ့လေသံက ဘယ်လိုဖြစ်နေမယ်လို့ သင်ထင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

အဲဒီလို ရဲရဲရင့်ရင့်ကြေညာနိုင်ခဲ့တာက ယေရမိမှာ ဘယ်လိုယုံကြည်ချက်မျိုးရှိထားလို့လဲ။

․․․․․

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယေရမိ ၃၈:၆-၁၃ ကိုဖတ်ပါ။

ယေရမိကို လျှောချခဲ့တဲ့ မြေတွင်းရဲ့ အကျယ်၊ အနက်၊ အနံ့အသက်တွေ ဘယ်လိုရှိနေမလဲဆိုတာကို စဉ်းစားကြည့်ပြီး ချရေးပါ။.

․․․․․

မြေတွင်းထဲက ‘ရွှံ့ထဲ ကျွံကျ’ သွားတဲ့အခါ ယေရမိ ဘာတွေတွေးနေမယ်လို့ သင်ထင်သလဲ။ (အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)

․․․․․

ထပ်လေ့လာကြည့်ပါဦး။

ကျမ်းစာခေတ်မှာ အသုံးပြုခဲ့တဲ့ မြေတွင်းတွေနဲ့ပတ်သက်ပြီး အရင်က သင်မသိခဲ့တဲ့အရာတွေအကြောင်း လက်လှမ်းမီသလောက် လေ့လာကြည့်ပါ။

․․․․․

ဧဗဒမေလက်က ကိုယ်တိုင်အစပြုပြီး ယေရမိကို ကယ်ဖို့လုပ်ဆောင်တာ သူ့မှာ ဘယ်လိုယုံကြည်ချက်မျိုးရှိခဲ့လို့လဲ။ (အခန်းငယ် ၇-၉ ကိုပြန်ဖတ်ပါ။)

․․․․․

ဘုရင်ဇေဒကိက အစပိုင်းမှာ မှူးမတ်တွေရဲ့စကားကို နားထောင်တယ်။ နောက်ပိုင်းမှာ ဧဗဒမေလက်ရဲ့စကားကို နားထောင်ပြန်တယ်။ တခြားသူတွေရဲ့စကားကို သူ ဘာကြောင့် ဒီလိုနားယောင်လွယ်တာလဲ။ (အခန်းငယ် ၅ နဲ့ ၁၀ ကိုပြန်ဖတ်ပါ။) ဒါက သူ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ပြသလဲ။ သူ့မှာ ခိုင်မာတဲ့ ယုံကြည်ချက်မရှိတာနဲ့ပတ်သက်ပြီးတော့ကော တို့တွေ ဘာသိရသလဲ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်သူတွေက ခိုင်မာတဲ့ ယုံကြည်ချက်ရှိပြီး ဘယ်သူက မရှိတာလဲ။ ဘာကြောင့် ဒီလိုဖြေရတာလဲ။

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာတွေကို ချရေးကြည့်ပါ။

ရဲစွမ်းသတ္တိ။

․․․․․

ခိုင်မာတဲ့ ယုံကြည်ချက်။

․․․․․

မကြောက်မရွံ့ နာခံတဲ့သူတွေကို ယေဟောဝါဘုရားသခင် ကာကွယ်ပေးပုံ။

․․․․․

ဖိအားပေးခံရတဲ့အခါ မှန်ရာကိုလုပ်နိုင်ဖို့ ခိုင်မာတဲ့ယုံကြည်ချက်ရှိခြင်းက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေကို သင်အနှစ်သက်ဆုံးလဲ။ ဘာကြောင့်လဲ။

․․․․․

သင်၌ သမ္မာကျမ်းစာ မရှိပါက ယေဟောဝါသက်သေများထံတောင်းခံပါ။ သို့မဟုတ် www.jw.org ဝက်ဘ်ဆိုက်တွင် အခြား ဘာသာ စကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ပါသည်