မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ခရစ်ယာန်​တစ်ဦး စကားသံ​များ ကြားနေ​ရ​လျှင် သူ့ကို နတ်ဆိုး​ရန်မူ​နေသည်​ဟု ဆိုနိုင်​မည်​လော။

မဆို​နိုင်​ပါ။ နတ်ဆိုး​များသည် ထို​နည်းဖြင့် လူ​တို့ကို နှောင့်ယှက်​ကြသော်လည်း စကားသံ​များ​ကြား​ရသူ၊ သို့​မဟုတ် တခြား​ရှင်း​မပြ​နိုင်​သည့် နှောင့်ယှက်မှု​များ​ကို ခံစား​နေရသူ​များစွာ​သည် စမ်းသပ်​စစ်ဆေးခံ​ရပြီး​နောက် ကျန်းမာ​ရေး​ချို့တဲ့​နေကြောင်း တွေ့ ရှိခဲ့​ရသည်။

ပထမ​ရာစု​၌​ပင် နတ်ဆိုး​ရန်မူ​မှုများ​နှင့် ကျန်းမာ​ရေး​အခြေအနေ​မကောင်းခြင်း​သည် တစ်ခါတစ်ရံ ဆင်တူ​ယိုးမှား​အခြေအနေ​များ ဖြစ်ပေါ်​သည်ကို အသိအမှတ်ပြု​ခဲ့​ကြသည်။ ယေရှု​ကုသ​ပေး​ခဲ့​သည့် လူငယ်​တစ်ဦး​အကြောင်းကို မဿဲ ၁၇:၁၄-၁၈ တွင်​ကျွန်ုပ်​တို့​ဖတ်​ရသည်။ ထို​လူငယ်​တွင် ဝက်ရူးပြန်​ရောဂါ​လက္ခဏာများ​ကို တွေ့ရ​သော်လည်း အမှန်​မှာ သူ၏​ဝေဒနာသည် နတ်ဆိုး​ကြောင့်​ဖြစ်နေ​၏။ သို့သော် အစောပိုင်း​တစ်ကြိမ်​တွင် ရောဂါ​ဝေဒနာ​ခံစား​နေကြ​သော လူအုပ်ကြီး​ကို ယေရှု​ထံ ခေါ်ဆောင်​လာသော​အခါ ထို​သူတို့တွင် “နတ်ဝင်​သော​သူ၊ ဝက်​ရူးစွဲ​သော​သူ” အချို့​ပါဝင်​ကြောင်း သိရှိ​ကြ​ရသည်။ (မဿဲ ၄:၂၄) ဤ​တွင်​ထင်ရှား​သည်​မှာ ဝက်​ရူးစွဲ​သူ​အချို့​သည် နတ်ဝင်​ခံရ​သူများ​မဟုတ်​ချေ။ ထို​သူတို့သည် ကျန်းမာ​ရေး​ချို့တဲ့သော​ကြောင့်​ဖြစ်၏။

ဆေး​ကုသ​၍ ရောဂါ​သက်သာ​သွား​နိုင်သော စိတ်​ကစဉ့်ကလျား​ရောဂါ​သည်​အချို့​သည် စကားသံ​များ ကြား​ရသည်၊ သို့​မဟုတ် ထူးဆန်း​ပုံ​ရှိသော တခြား​လက္ခဏာများ တွေ့ ကြုံ​ခံစားရ​သည်​ဟု သိရှိ​ခဲ့​ရ၏။ * တခြား​ရောဂါ​အခြေအနေ​များ​က​လည်း နတ်ဆိုး​များ​ကြောင့်​ဖြစ်သည်ဟု တလွဲ​ယူမှတ်​စေနိုင်​သည့် စိတ်​ရှုပ်ထွေးမှု​ဖြစ်ပေါ်​စေ​ပေမည်။ ထို့​ကြောင့် စကားသံ​များ ကြား​ရသည်၊ သို့​မဟုတ် တခြား နှောင့်ယှက်မှု​များ​ကို ခံစား​နေရသူ​သည် နတ်ဆိုး​နှောင့်ယှက်မှု​ကြောင့်​ဖြစ်​နိုင်​သော်လည်း ကျန်းမာ​ရေး​ကြောင့်​လော​ဟု ဆေးစစ်​ကြည့်​ရန် သူ့ကို အားပေး​သင့်​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ကင်းမျှော်စင်​၏​တွဲဖက်​မဂ္ဂဇင်း ၁၉၈၆၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] မှ “စိတ်ရောဂါ​ဖြစ်​မဖြစ် အဖြေ​ပေါ်​ခြင်း” ဆောင်းပါး​ကို​ရှု။