မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်

လေ့လာမှုတစ်ခုအရ လမ်းဖြတ်ကူးတဲ့သူတွေထဲက သုံးပုံတစ်ပုံ နီးပါးဟာ သီချင်းနားထောင်ရင်း၊ ဖုန်းပြောရင်းနဲ့ လမ်းကူးကြတယ်။ အန္တရာယ်အရှိဆုံး လုပ်ရပ်ကတော့ ဖုန်းနဲ့စာပို့ခြင်းဖြစ်ပါတယ်။ ဖုန်းနဲ့စာပို့တဲ့သူဟာ ပုံမှန်လမ်းကူးတဲ့သူထက် အချိန်ပိုကြာတယ်။ မီးပွိုင့်ကို မကြည့်ဘဲကူးတာ၊ ဖြတ်ကူးရမယ့်နေရာက မဟုတ်ဘဲ ဒါမှမဟုတ် ဘယ်ညာမကြည့်ဘဲ ကူးချင်တိုင်းကူးတာ ၄ ဆလောက် ပိုများတယ်။

နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားကနေ ဥရောပကို လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေဟာ ဂျူးဂျူးနတ်ဆရာရှေ့မှာ ရိုးရာ ကျမ်းသစ္စာကျိန်ဆိုကြရတယ်။ လူကုန်ကူးတဲ့သူတွေဟာ အဲဒီ အမျိုးသမီးတွေကို ချုပ်ကိုင်ဖို့နဲ့ လိင်ကျေးကျွန်တွေအဖြစ် စေခိုင်းတဲ့အခါ နာခံမှုရှိဖို့၊ မနာခံရင် ဝိညာဉ်လောက အပြစ်ပေးခံရမှာကို ကြောက်တဲ့သူတို့ရဲ့စိတ်ကို အမြတ်ထုတ်ကြတာဖြစ်တယ်။

စပိန်

ရေရှည်အလုပ်လက်မဲ့ဖြစ်နေသူ ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားကလူတွေဟာ သူတို့ရဲ့ တက္ကသိုလ်ဘွဲ့တွေနဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို အလုပ်လျှောက်လွှာမှာ မထည့်တော့ဘူး။ ကိုယ်လျှောက်တဲ့ အလုပ်အတွက် သိပ်မြင့်လွန်းနေလို့ပါ။

ကမ္ဘာ့သတင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မီးခိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် တစ်နှစ်မှာ လူလေးသန်းလောက် သေဆုံးနေတယ်။ ဒီလိုသေဆုံးရတဲ့ အဓိကအကြောင်းရင်းက လေဝင်လေထွက်မကောင်းတဲ့ နေရာမှာ ထင်းမီးဖိုတွေသုံးလို့ ဖြစ်တယ်။ ထင်းမီးဖို ဒါမှမဟုတ် မီးသွေး မီးဖိုက ထွက်တဲ့မီးခိုးဟာ စီးကရက်မီးခိုးလိုပဲ သေစေတဲ့ ဓာတုအဆိပ်အတောက် ရှိတယ်ဆိုတာကို ပညာရှင်တွေပြောကြတယ်။