မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှို့ဝှက်ချက် ၄– လေးစားမှု

လျှို့ဝှက်ချက် ၄– လေးစားမှု

လျှို့ဝှက်ချက် ၄– လေးစားမှု

‘ခပ်သိမ်းသော အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို ဖယ်ရှားကြလော့။’—ဧဖက် ၄:၃၁

ဆိုလိုသည့်အရာ။ ပြဿနာရှိသောမိသားစုများတွင်သာမက အောင်မြင်သောမိသားစုများတွင်လည်း သဘောထားကွဲလွဲမှုများရှိသည်။ သို့သော် အောင်မြင်သောမိသားစုများသည် ခနဲ့သော၊ စော်ကားသော၊ ရိုင်းပျသောစကားများ မသုံးဘဲ ယင်းတို့ကို ဖြေရှင်းကြသည်။ မိသားစုဝင်များသည် မိမိကိုဆက်ဆံစေလိုသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြသည်။—မဿဲ ၇:၁၂

အရေးကြီးရသည့်အကြောင်းရင်း။ စကားလုံးများသည် အဖျက်စွမ်းအားပြင်းသောလက်နက်များကဲ့သို့ ဖြစ်လာနိုင်သည်။ “စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း၏” ဟုကျမ်းစာပါ ပညာရှိစကားတစ်ခုကဆိုသည်။ (သု. ၂၁:၁၉) ထိုသို့ရန်တွေ့တတ်သောယောက်ျားမျိုးလည်း အလားတူပင်။ မိဘများနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) အစဉ်ပြစ်တင်ဝေဖန်ခံနေရသောကလေးများသည် မိဘများ စိတ်ကျေနပ်စေရန် မိမိတို့လုပ်နိုင်တော့မည်မဟုတ်ဟု ခံစားလာရနိုင်သည်။ ကြိုးစားချင်စိတ်ပင် ရှိတော့မည်မဟုတ်ပေ။

ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုခြင်းဖြင့် သင့်အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦးလေးစားမှုသည် အဘယ်အဆင့်တွင်ရှိကြောင်း ဆန်းစစ်ပါ။

အိမ်ထောင်မှာ သဘောထားကွဲလွဲမှုတွေဖြစ်တိုင်း တစ်ယောက်က အပြင်ကို ဝုန်းဒိုင်းကြဲပြီးထွက်သွားတာမျိုးနဲ့ အမြဲအဆုံးသတ်သွားလေ့ရှိသလား။

ငါ့အိမ်ထောင်ဖက်နဲ့ ဒါမှမဟုတ် ကလေးတွေနဲ့ စကားပြောတဲ့အခါ “ငတုံး၊” “ငအ” ဒါမှမဟုတ် အဲဒီလိုမျိုး စော်ကားတဲ့စကားလုံးတွေကို သုံးလေ့ရှိသလား။

ရိုင်းပျတဲ့စကားတွေ ပြောလေ့ရှိတဲ့ဝန်းကျင်မျိုးမှာ ငါကြီးပြင်းလာသလား။

သန္နိဋ္ဌာန်ချထားပါ။ သင့်အပြောအဆိုတွင် လေးစားမှုတင်ပြရန် သင်ချမှတ်နိုင်သည့်ပန်းတိုင်တစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။ (အကြံပြုချက်– “မင်း/ရှင်” အစား “ကို/ကျွန်မ” ဟူသောစကားလုံးကို အသုံးပြုရန် သန္နိဋ္ဌာန်ချထားပါ။ ဥပမာ၊ “ရှင်ကအမြဲ ဒီလိုပဲ” ဟုပြောမည့်အစား “ရှင် အဲဒီလိုလုပ်တာ ကျွန်မစိတ်ထိခိုက်တယ်” ဟုပြောပါ။)

သင့်ပန်းတိုင်များအကြောင်း သင့်အိမ်ထောင်ဖက်ကို ပြောပြပါ။ သုံးလကြာပြီးနောက် သင်မည်မျှတိုးတက်လာကြောင်း သင့်အိမ်ထောင်ဖက်ကို မေးကြည့်ပါ။

သင့်သားသမီးများနှင့် ပြောဆိုဆက်သွယ်ရာတွင် ရိုင်းပျသောစကားများ မပြောဆိုမိစေရန် ချမှတ်နိုင်သည့်ဘောင်အချို့ကို စဉ်းစားကြည့်ပါ။

သင့်သားသမီးများကို ကြမ်းတမ်းနာကြည်းသောစကားများ ပြောဆိုမိလျှင် တောင်းပန်ပါ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

သမုဒ္ဒရာလှိုင်းလုံးများသည် ကျောက်ဆောင်ကို တိုက်စားနိုင်သကဲ့သို့ ထိခိုက်စေသောစကားများသည် အိမ်ထောင်ကို ချည့်နဲ့စေနိုင်