ဧဖက် ၄:၁-၃၂

  • ခ​ရစ်​တော်ရဲ့​ခ​န္ဓာ​ကိုယ်​မှာ စည်း​လုံး​နေ (၁-၁၆)

    • လူ​လက်​ဆောင်​များ ()

  • စ​ရိုက်​ဟောင်း​နဲ့ စ​ရိုက်​သစ် (၁၇-၃၂)

 သခင်​ကြောင့် အကျဉ်း​သား​ဖြစ်နေ​တဲ့+ ကျွန်​တော်​က ခင်​ဗျား​တို့​ကို ခေါ်​တော်​မူ​ခြင်း​ခံ​ရ​သူ​တွေ​ပီ​ပီ ကျင့်​ကြံ​နေ​ထိုင်​ကြ​ပါ​လို့+ တောင်း​ပန်​ချင်​တယ်။ ၂  အမြဲစိတ်​နှိမ့်​ချ​ပါ။+ နူး​ညံ့​သိမ်​မွေ့​ပြီး​ စိတ်​ရှည်​ပါ။+ အချင်း​ချင်း မေတ္တာထား​ပြီး သည်း​ခံ​ပါ။+ ၃  အချင်း​ချင်း သင့်​သင့်မြတ်မြတ်​ရှိ​ကြ​ပါ။ သန့်​ရှင်း​သော စွမ်း​အား​တော်​ကြောင့် ရ​လာ​တဲ့ စည်း​လုံး​မှု​နှောင်​ကြိုး​ကို ကြိုး​စား​ထိန်း​သိမ်း​ပါ။+ ၄  ခေါ်​တော်​မူ​ခြင်း  မျှော်​လင့်​ချက်​ဟာ တစ်​ခု​ပဲ​ရှိ​သလို+ ခ​န္ဓာ​ကိုယ်​က​လည်း  တစ်​ခု​တည်း၊+ စွမ်း​အား​တော်​က​လည်း တစ်​ခု​တည်း​ပဲ+ ရှိ​တယ်။ ၅  သခင်​က​လည်း  တစ်​ယောက်​တည်း၊+ ယုံ​ကြည်​ခြင်း​တ​ရား​က​လည်း တစ်​မျိုး​တည်း၊ နှစ်​ခြင်း​က​လည်း တစ်​မျိုး​တည်း​ပဲ ရှိ​တယ်။ ၆  လူ​အား​လုံး​ရဲ့ အဖ၊ လူ​အား​လုံး​ရဲ့ ဘု​ရား​သခင်​ဟာ တစ်​ပါး​တည်း​ပဲ ရှိ​တယ်။ ဘုရား​သခင်​ဟာ အား​လုံး​ရဲ့ အထက်​မှာ​ရှိ​ပြီး အား​လုံး​က​တစ်​ဆင့် အား​လုံး​ဆီ​မှာ လုပ်​ဆောင်​နေ​တယ်။ ၇  ကျွန်​တော်​တို့​ဟာ ခ​ရစ်​တော်​ပေး​ထား​တဲ့ ဆု​လက်​ဆောင်​နဲ့​အညီ မဟာ​က​ရု​ဏာ​တော်​ကို အား​လုံး​ခံ​စား​ကြ​ရ​တယ်။+ ၈  ကျမ်း​စာ​မှာ  “သူ​က​အ​ထက်​ကို တက်​သွား​တဲ့​အခါ သုံ့​ပန်း​တွေ​ကို ဖမ်း​ခေါ်​သွား​တယ်။ အဲ​ဒီ​လူ​တွေ​ကို  လက်​ဆောင်​အဖြစ်  ပြန်​ပေး​တယ်”+ လို့ရေး​ထား​တယ်။ ၉  “သူ​တက်​သွား​တယ်” ဆို​တာ ဘာ​အဓိပ္ပာယ်​လဲ။ အောက်​အရပ်​ဖြစ်​တဲ့ ကမ္ဘာ​မြေကို ဆင်း​လာ​ဖူး​တယ်​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။ ၁၀  ဆင်း​လာ​တဲ့​သူ​ဟာ အရာ​ခပ်​သိမ်း​ကို ပြည့်​စုံ​စေ​ဖို့ ကောင်း​ကင်​အား​လုံး​ရဲ့* အထက်​ကို+ ကျော်​လွန်​ပြီး တက်​သွား​တဲ့သူပဲ။+ ၁၁  သူ​က လူ​တ​ချို့​ကို တမန်​တော်တွေ၊+ တ​ချို့​ကို  ပရော​ဖက်​တွေ၊+ တချို့​ကို  သတင်း​ကောင်း  ဟော​ပြော​သူ​တွေ၊*+ တ​ချို့​ကို သိုး​ထိန်း​တွေ၊ ဆရာ​တွေ​အဖြစ်+ ပေး​တယ်။ ၁၂  သန့်​ရှင်း​သူ​တွေ​ကို ပြန်​တည့်​မတ်​ပေး​ဖို့၊* အမှု​ဆောင်​ဖို့၊  ခ​ရစ်​တော်ရဲ့  ခ​န္ဓာ​ကိုယ်​ကို  တည်​ဆောက်​ပေး​ဖို့​ပဲ။+ ၁၃  နောက်​ဆုံး​မှာ ကျွန်​တော်​တို့​အား​လုံး​ဟာ ယုံ​ကြည်​ခြင်း​ကြောင့်၊ ဘု​ရား​သခင်​ရဲ့ သား​တော်​အကြောင်း မှန်​မှန်​ကန်​ကန် သိ​ရှိ​ခြင်း​ကြောင့် တစ်​စည်း​တစ်​လုံး​တည်း​ရှိပြီး  ရင့်​ကျက်​သူ​တွေ ဖြစ်​လာ​လိမ့်​မယ်။+ ခ​ရစ်​တော်​လို လုံး​လုံး​လျား​လျား  ရင့်ကျက်​တဲ့​အဖြစ်​ကို ရောက်​ရှိ​လိမ့်​မယ်။ ၁၄  ဒါ​ကြောင့် ကျွန်​တော်​တို့​ဟာ နို့​စို့​က​လေး​လို မဖြစ်​သင့်​တော့​ဘူး။ လှည့်​ဖြား​သူ​တွေ၊ က​လိမ်​ဉာဏ်​ဆင်​သူ​တွေရဲ့ မှား​ယွင်း​တဲ့​သွန်​သင်​ချက်​ကို+ နား​ယောင်​သူ​ဟာ လေ​တိုက်​ရာ၊ လှိုင်း​ပုတ်​ရာ လွင့်​ပါ​သွား​တဲ့​လှေ​နဲ့ တူ​တယ်။ ၁၅  ကျွန်​တော်​တို့​ဟာ အမှန်​တ​ရား​ကို ပြော​ပြီး မေတ္တာ​ပြရ​မယ်။ ဒါ​မှ ဦး​ခေါင်း​ဖြစ်​တဲ့ ခ​ရစ်​တော်​လို ကျင့်​ကြံ​ပြု​မူ​နိုင်​ပြီး အရာရာ​မှာ ရင့်​ကျက်​တဲ့​သူ​တွေ ဖြစ်​လာ​မယ်။+ ၁၆  ခရစ်​တော်​အား​ဖြင့် ခန္ဓာ​ကိုယ်​တစ်​ခု​လုံး​ဟာ+ အချိတ်​အဆက်​မိမိ  လုပ်​ဆောင်​နေ​တယ်။ အဆစ်တွေ​က ဆိုင်​ရာ​တာ​ဝန်​ကို ပူး​ပေါင်း​လုပ်​ဆောင်​နေ​တယ်။ ကိုယ်​အင်္ဂါ​အသီး​သီး​က​လည်း ဆိုင်​ရာ​တာ​ဝန်​ကို လုပ်​ဆောင်​တဲ့​အခါ ခ​န္ဓာ​ကိုယ်​တစ်​ခု​လုံး ကြီး​ထွား​လာ​ပြီး ချစ်​ခြင်း​မေတ္တာ ခိုင်​မြဲလာ​တယ်။+ ၁၇  လူ​မျိုး​ခြား​တွေ​လို မကျင့်​ကြံ​ကြ​ဖို့+ သခင်​ရဲ့​နာ​မည်​ကို အမှီ​ပြု​ပြီး ခင်​ဗျား​တို့​ကို  ကျွန်​တော်  တိုက်​တွန်း​နှိုးဆော်​တယ်။ သူ​တို့​ရဲ့ အကြံ​အစည်​တွေ​ဟာ အချည်း​နှီး​ပဲ။+ ၁၈  သူ​တို့​ဟာ စိတ်​နှ​လုံး ထုံ​ထိုင်း​ပြီး မသိ​နား​မလည်​တဲ့​အတွက် ဉာဏ်​အလင်း​ကွယ်​နေ​တယ်။ ပြီး​တော့ ဘု​ရား​သခင် ပေး​သနား​တဲ့​အသက်​နဲ့ ကင်း​ကွာ​နေ​တယ်။ ၁၉  ကိုယ်​ကျင့်​တ​ရား   မရှိ​တော့​တဲ့​အတွက် မျက်​နှာ​ပြောင်​တိုက်​တဲ့* လုပ်​ရပ်တွေ လုပ်​လာ​တယ်၊+ မသန့်​ရှင်း​တဲ့​အကျင့် အမျိုး​မျိုး​ကို ငမ်း​ငမ်း​တက် ကျင့်​ကြ​တယ်။ ၂၀  ဒါ​ပေမဲ့ ခ​ရစ်​တော်​ဟာ အဲ​ဒီ​လို​လူ​စား​မျိုး  မဟုတ်​မှန်း  ခင်​ဗျား​တို့ သင်​ယူ​သိ​ရှိ​ခဲ့​တာ​ပဲ။ ၂၁  တ​ကယ်​တော့ ယေရှု​သွန်​သင်​ခဲ့​တဲ့ အမှန်​တ​ရား​နဲ့​အညီ ကြား​နာ​ခဲ့ရ၊ သင်​ယူ​ခဲ့ရ​တာ​ပါ။ ၂၂  လှည့်​ဖြား​တတ်​တဲ့ အလို​ဆန္ဒ​တွေ​ကြောင့် ယို​ယွင်း​နေ​တဲ့​ စရိုက်​ဟောင်း၊+ ဘ​ဝ​လမ်း​စဉ်​ဟောင်း​ကို​ ချွတ်ပယ်​ဖို့ သင်​ယူ​ခဲ့ရ​တာ​ပါ။+ ၂၃  ဒါ​ကြောင့် ခင်​ဗျား​တို့​က စိတ်​သဘော​ကို* အသစ်​ဖြစ်​အောင် အမြဲ  ပြု​ပြင်​နေ​ရ​မယ်။+ ၂၄  စစ်​မှန်​တဲ့ ဖြောင့်​မတ်​ခြင်း၊ သစ္စာ​စောင့်​သိ​ခြင်း​နဲ့​အညီ အလို​တော်​အတိုင်း ဘု​ရား​သခင်​ ဖန်​ဆင်း​တဲ့ စရိုက်​သစ်​ကို​လည်း ဝတ်​ဆင်​ရ​မယ်။+ ၂၅  ခင်​ဗျား​တို့​ဟာ ကိုယ်​အင်္ဂါ​ချင်း​တွေ​ပဲ။+ ဒါ​ကြောင့် လိမ်​လည်​ပြော​ဆို​တာ​ကို ဖယ်​ရှား​ပြီး အချင်း​ချင်း မှန်​တဲ့​စ​ကား​ကို​ပဲ ပြော​ကြ​ပါ။+ ၂၆  ဒေါ​သထွက်​ရင်​တောင် အပြစ်​မလုပ်​မိ​စေ​နဲ့။+ စိတ်​ဆိုး​မပြေဘဲ နေ​မဝင်​စေ​နဲ့။+ ၂၇  မာရ်​နတ်​ကို အခွင့်​အရေး မပေး​မိ​စေ​နဲ့။+ ၂၈  ခိုး​တတ်​တဲ့​သူ​လည်း မခိုး​ပါ​နဲ့​တော့။  ကောင်း​တဲ့​အလုပ်​ကို ကိုယ်တိုင်​ကြိုး​စား​လုပ်​ဆောင်​ပါ။+ ဒါမှ  လိုအပ်​သူ​ကို  ပေး​ကမ်း​နိုင်​မယ်။+ ၂၉  ညစ်​ညမ်း​တဲ့​စ​ကား တစ်​ခွန်း​မှ နှုတ်​က​နေ မထွက်​ပါ​စေ​နဲ့။+ နား​ထောင်​သူ​အတွက် အကျိုး​ရှိ​စေ​တဲ့​စ​ကား ဖြစ်​နိုင်​ဖို့ အချိန်​အခါ​ကို​ကြည့်​ပြီး ကောင်း​တဲ့​စကား​ကို​ပဲ  အပြု​သဘော​ပါ​ပါ  ပြော​ကြ​ပါ။+ ၃၀  ဘု​ရား​သခင်​ရဲ့  သန့်​ရှင်း​သော  စွမ်း​အား​တော်​ကို  ဝမ်း​နည်း​အောင် မလုပ်​ပါ​နဲ့။+ ရွေး​ဖိုး​ကြောင့် လွတ်​မြောက်​မယ့်​နေ့​အတွက်+ ခင်​ဗျား​တို့​ကို အဲ​ဒီ​စွမ်း​အား​တော်​နဲ့ တံ​ဆိပ်​ခတ်​ထား​တာ။+ ၃၁  အမျိုး​မျိုး​သော  နာ​ကြည်း​ခြင်း၊+ စိတ်​ဆိုး​ခြင်း၊ ဒေါ​သထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ ဆဲ​ဆို​ခြင်း​နဲ့+ မကောင်း​မှု​ရှိ​သမျှ​ကို ဖယ်​ရှား​ကြ​ပါ။+ ၃၂  အချင်း​ချင်း သနား​ကြင်​နာ​ကြ​ပါ။ က​ရု​ဏာ​ပြကြ​ပါ။+ ဘု​ရား​သခင်​က ခရစ်​တော်​ကြောင့် ခင်​ဗျား​တို့​ကို ကြည်​ကြည်​ဖြူ​ဖြူ ခွင့်​လွှတ်​သလို ခင်​ဗျား​တို့​လည်း အချင်း​ချင်း ကြည်​ကြည်​ဖြူ​ဖြူ ခွင့်​လွှတ်​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ

ကောင်း​ကင်​မှာ​ရှိ​တဲ့ ဝိညာဉ်​ပု​ဂ္ဂိုလ်တွေ​ကို ဆို​လို။
ဒါ​မှ​မဟုတ်၊ “ဧဝံ​ဂေလိ​တ​ရား​ဟော​သူ​တွေ။”
ဒါ​မှ​မဟုတ်၊ “လေ့​ကျင့်​ပေး​ဖို့။”
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “စိတ်​ကို စေ့​ဆော်​ပေး​တဲ့ စွမ်း​အား​ကို။”