မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘လူသားများအပေါ်ထားရှိသော သင်တို့၏ ကြီးမားလှသည့်မေတ္တာအတွက် ကျေးဇူးတင်ပါသည်’

‘လူသားများအပေါ်ထားရှိသော သင်တို့၏ ကြီးမားလှသည့်မေတ္တာအတွက် ကျေးဇူးတင်ပါသည်’

‘လူသားများအပေါ်ထားရှိသော သင်တို့၏ ကြီးမားလှသည့်မေတ္တာအတွက် ကျေးဇူးတင်ပါသည်’

ရုရှားနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

▪ ဆိုက်ဘေးရီးယားနယ်၏အရှေ့ဘက် ချီတာမြို့တွင် ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုသည် ၎င်းတို့၏ ဝတ်ပြုရာခန်းမအသစ်ကို ရွှေ့ပြောင်းသည့်အချိန်အထိ ခရစ်ယာန်အစည်းအဝေးများအတွက် ကျောင်းစာသင်ခန်းတစ်ခုကို အသုံးပြုခဲ့ကြသည်။ ယေဟောဝါသက်သေများသည် စာသင်ခန်းကို သန့်သန့်ရှင်းရှင်းထား၍ ပြုပြင်ပေးပြီး ထောက်ထားစာနာကာ ဖော်ရွေပျူငှာကြသည့်အတွက် ကျောင်း၏ ဒါရိုက်တာများက အသင်းတော်သို့ ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးခဲ့သည်။

စာ၏တစ်စိတ်တစ်ပိုင်းတွင် ဤသို့ဆိုထားသည်– “သင်တို့နှင့် တွေ့သမျှလူတိုင်းတွင် ထင်ရှားပေါ်လွင်နေသည့် လူသားများအပေါ်ထားရှိသော သင်တို့၏ကြီးမားလှသည့်မေတ္တာ၊ သင်တို့၏ခရစ်ယာန်သာသနာပြုမှုနှင့် လောကသားများကြားတွင် လူလူချင်းထောက်ထားစာနာသည့် လုပ်ရပ်များအတွက် ကျေးဇူးတင်ပါသည်။ ဘုရားသခင်အား ယုံကြည်သူတို့သည် ယဉ်ကျေးသိမ်မွေ့သော၊ တာဝန်ကျေပွန်သော၊ ကြင်နာသနားတတ်သောသူများ ဖြစ်ကြပြီး ယင်းတို့ထက် ယုံကြည်ခြင်းနှင့် ဘဝရည်မှန်းချက်ပန်းတိုင်ရှိသောသူများဖြစ်ကြောင်း ဖော်ပြခဲ့ကြသူတို့နှင့်အတူ အလုပ်လုပ်ခဲ့ရသည့် နှစ်များအတွင်း သင်တို့ထံမှ သင်ယူသိရှိခဲ့ရာများကို ကျွန်ုပ်တို့ ဘယ်တော့မျှ မေ့မည်မဟုတ်ပါ။” ယေဟောဝါသက်သေများသည် ထိုကဲ့သို့သောဖော်ပြချက်များကို တန်ဖိုးထားလေးမြတ်ပါသည်။

▪ ချီတာမြို့၏ အနောက်ဘက် မိုင် ၃,၅၀၀ ခန့်တွင် ယေဟောဝါသက်သေများ၏ ရုရှားဌာနခွဲမှ ကိုယ်စားလှယ်တစ်ဦးကို စိန့်ပီတာစဘာဂ့်ခရိုင် စီမံခန့်ခွဲရေးရုံးမှ စီစဉ်ကျင်းပသော အထူးအခမ်းအနားတစ်ခုသို့ ဖိတ်ကြားခဲ့သည်။ အဘယ်အတွက်နည်း။ နှစ်စဉ်နှစ်တိုင်း ဆီးနှင်းများ အရည်ပျော်ပြီးသည့်နောက်တွင် ဒေသခံသက်သေခံများသည် ဌာနခွဲမှသိပ်မဝေးလှသည့် မိုင် ၄၀ လမ်းရှည်ကြီးတစ်ခုပေါ်တွင် စုပုံနေသော အမှိုက်သရိုက်များကို ကူညီရှင်းလင်းပေးကြသည်။ ထိုကဲ့သို့သော အများအကျိုးသယ်ပိုးလိုသည့်စိတ်ဓာတ်ကို ကျေးဇူးတင်လေးမြတ်သည့်အနေနှင့် အစိုးရအမှုထမ်းတစ်ဦးက ဌာနခွဲကိုယ်စားလှယ်အား ဂုဏ်ပြုလက်မှတ်တစ်စောင် တရားဝင်ပေးအပ်ခဲ့သည်။ ပရိသတ်များက စိတ်အားထက်သန်စွာ လက်ခုပ်သြဘာပေးခဲ့ကြသည်။ စိတ်ဝင်စားဖွယ်ရာမှာ အဆိုပါအခမ်းအနားတွင် အိမ်ရှင်ဟောပြောသူက သန့်ရှင်းသောနာမတော်ဖြစ်သည့် ယေဟောဝါကို အသံထွက်မှားခဲ့ရာ သက်သေခံမဟုတ်သော တက်ရောက်သူများက ထိုပုဂ္ဂိုလ်အား လျင်မြန်စွာ အသံထွက်အမှန် ပြင်ပေးခဲ့ခြင်းဖြစ်သည်၊ ထိုသူတို့သည် ဘုရားသခင့်နာမတော်နှင့် ယေဟောဝါသက်သေများကို ရင်းနှီးကျွမ်းဝင်ထားကြောင်း ဖော်ပြခဲ့ကြသည်။

ထိုကဲ့သို့ အကျွမ်းတဝင်ရှိရခြင်း၏ အဓိကအကြောင်းရင်းမှာ ရုရှားနိုင်ငံတွင် ၁၅၀,၀၀၀ နီးပါးရှိသော ယေဟောဝါသက်သေများ၏ လူထုဓမ္မအမှုလုပ်ငန်းကြောင့်ဖြစ်သည်။ နားထောင်မည့်သူအားလုံးကို သမ္မာကျမ်းစာမှ နှစ်သိမ့်မှုပေးသောသတင်း ဝေမျှခြင်းဖြင့် “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” ကြောင်း ဆက်လက်ပြသသွားရန်မှာ ၎င်းတို့၏ပန်းတိုင်ပင်ဖြစ်သည်။—မဿဲ ၂၂:၃၉ကဘ။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ရုရှားဌာနခွဲသည် လုပ်ဆောင်မှုများကို အသိအမှတ်ပြုသည့် ဂုဏ်ပြုလက်မှတ် လက်ခံရရှိခဲ့