မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’

၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’

ကျမ်းစာအဆို– “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။”—ရောမ ၁၅:၄

ဘာကို ဆိုလိုသလဲ

ကျမ်းစာမှာ ပါတဲ့ နှစ်သိမ့်မှု ဖြစ်စေတဲ့ အချက်တွေက အပျက်သဘော အတွေးတွေကို တိုက်ထုတ်ဖို့ ခွန်အားနဲ့ ခံနိုင်ရည် ရှိစေတယ်။ စိတ်ဒဏ်ရာတွေ မရှိတော့မယ့် အနာဂတ် မျှော်လင့်ချက်ကိုလည်း ပေးတယ်။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျတတ်ကြတယ်။ ဒါပေမဲ့ စိတ်ကျဝေဒနာ၊ အစိုးရိမ်လွန် ဝေဒနာ ရှိသူတွေကျတော့ တစ်ချိန်လုံး စိတ်က ဒုက္ခပေးနေတာ။ သူတို့ကို ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ။

  • ကျမ်းစာမှာ ပါတဲ့ အပြုသဘော အတွေးတွေက အပျက်သဘော အတွေးတွေကို တိုက်ထုတ်ပေးနိုင်တယ်။ (ဖိလိပ္ပိ ၄:၈) နှစ်သိမ့်မှု၊ စိတ်သက်သာမှု ရစေတယ်။ ခံစားချက်တွေ ထိန်းချုပ်ဖို့ ကူညီပေးတယ်။—ဆာလံ ၉၄:၁၈၊ ၁၉

  • ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ မတွေးမိအောင် ကျမ်းစာက ကူညီပေးနိုင်တယ်။—လုကာ ၁၂:၆၊ ၇

  • ကျွန်တော်တို့ တစ်ယောက်တည်း မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖန်ဆင်းရှင် ဘုရား အပြည့်အဝ နားလည်တယ်ဆိုတာ စိတ်ချစေတဲ့ ကျမ်းပိုဒ်တွေ အများကြီး ရှိတယ်။—ဆာလံ ၃၄:၁၈။ ၁ ယောဟန် ၃:၁၉၊ ၂၀

  • နာကျင်စရာ အတိတ်ဆိုးတွေကို ဘုရား ဖယ်ရှားပေးမယ်လို့ ကျမ်းစာမှာ ကတိ ပေးထားတယ်။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၄) အတွေးတွေ၊ ခံစားချက်တွေ ခြောက်လှန့်တာ ခံရတဲ့အခါ ဘုရားရဲ့ ဒီကတိက ရှေ့ဆက်ဖို့ ခွန်အား ရှိစေတယ်။