မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၄၆

‘အရာခပ်သိမ်းကို အသစ်ဖန်ဆင်းခြင်း’

‘အရာခပ်သိမ်းကို အသစ်ဖန်ဆင်းခြင်း’

(ဗျာဒိတ် ၂၁:၁-၅)

  1. ၁။ ‘ကာလနိမိတ်များ’ ဘုရား အုပ်စိုးမှုပြ။

    ဘုန်းပလ္လင်ပေါ်ထိုင် ရှင်ယေဟောဝါ့သား

    ထက်ကောင်းကင် သန့်ရှင်း၊ စာတန် ရှုံးနိမ့်ခြင်း။

    ဘုရားအလိုတော် မြေပေါ် ပြည့်တော့မှာ။

    (ထပ်ကျော့ပိုဒ်)

    ဝမ်းမြောက်၊ ဘုရားရဲ့ တဲတော်ရှိ၊

    ကိုယ်တိုင် လူတို့နဲ့ ကိန်းဝပ်မယ်။

    ငိုကြွေးခြင်း၊ နာကျင်ခြင်း ကင်းမဲ့တော့မှာ၊

    ဝမ်းနည်းခြင်း၊ သေခြင်းလည်း မရှိတော့ပါ။

    ‘ခပ်သိမ်းအရာ ငါအသစ်ပြုလုပ်နေ။’

    မိန့်တော်မူစကား မှန်ပေ။

  2. ၂။ သန့်ရှင်း မြို့သစ် ဂျေရုဆလင် တွေ့ကြစေ၊

    သိုးသငယ် သတို့သမီး ထွန်းတောက်နေ။

    အဖိုးထိုက်ဆုံး ကျောက်များနဲ့ ကိုယ်ကို ဆင်။

    ယေဟောဝါသာ မြို့တော်အလင်း ဖြစ်ပေ။

    (ထပ်ကျော့ပိုဒ်)

    ဝမ်းမြောက်၊ ဘုရားရဲ့ တဲတော်ရှိ၊

    ကိုယ်တိုင် လူတို့နဲ့ ကိန်းဝပ်မယ်။

    ငိုကြွေးခြင်း၊ နာကျင်ခြင်း ကင်းမဲ့တော့မှာ၊

    ဝမ်းနည်းခြင်း၊ သေခြင်းလည်း မရှိတော့ပါ။

    ‘ခပ်သိမ်းအရာ ငါအသစ်ပြုလုပ်နေ။’

    မိန့်တော်မူစကား မှန်ပေ။

  3. ၃။ လူတိုင်းတွက် မွေ့ပျော် အလွန်လှပမြို့မှာ၊

    မြဲအစဉ် ဖွင့်ထား ဂိတ်တံခါးမများ။

    လူမျိုးများ လျှောက်သွား မြို့ဘုန်းရောင်ခြည်မှာ၊

    ဘုရားကျေးကျွန်များ ရောင်ပြန်ဟပ်ကြတာ။

    (ထပ်ကျော့ပိုဒ်)

    ဝမ်းမြောက်၊ ဘုရားရဲ့ တဲတော်ရှိ၊

    ကိုယ်တိုင် လူတို့နဲ့ ကိန်းဝပ်မယ်။

    ငိုကြွေးခြင်း၊ နာကျင်ခြင်း ကင်းမဲ့တော့မှာ၊

    ဝမ်းနည်းခြင်း၊ သေခြင်းလည်း မရှိတော့ပါ။

    ‘ခပ်သိမ်းအရာ ငါအသစ်ပြုလုပ်နေ။’

    မိန့်တော်မူစကား မှန်ပေ။

(မ. ၁၆:၃။ ဗျာ. ၁၂:၇-၉။ ၂၁:၂၃-၂၅ တို့ကိုလည်း ကြည့်ပါ။)