မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

CreativeDesignArt/DigitalVision Vectors via Getty Images

သတိနဲ့ စောင့်နေကြပါ

လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ အိပ်မက်လောက်ပဲလား​—⁠ကျမ်းစာအဆိုက ဘာလဲ

လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ အိပ်မက်လောက်ပဲလား​—⁠ကျမ်းစာအဆိုက ဘာလဲ

 လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်တဲ့ အိပ်မက်ပါပဲလို့ လူများစွာ ယူဆကြတယ်။

  •   “လူမျိုးရေး ခွဲခြားဆက်ဆံမှုဟာ ကမ္ဘာ့တစ်ဝန်းက လူ့အဖွဲ့အစည်းတွေ၊ လူ့အသိုင်းအဝိုင်းတွေကို အဆိပ်အတောက်လို နေ့စဉ်နဲ့အမျှ ထိခိုက်နေတယ်။ လူမျိုးရေး ခွဲခြားမှုကြောင့် လူလူချင်း မမျှမတ ဆက်ဆံမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။”​—⁠အန်တိုနီရို ဂူတာရက်စ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။

 လူမျိုးရေး တန်းတူညီမျှမှု ရှိလာနိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။

လူမျိုးရေး တန်းတူညီမျှမှုနဲ့ပတ်သက်ပြီး ဘုရားသခင့်အမြင်

 လူမျိုးမတူသူတွေကို ဘုရား ဘယ်လိုရှုမြင်သလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။

  •   “ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းပြီး မြေတစ်ပြင်လုံးမှာ နေထိုင်စေတယ်။”​—⁠တမန်တော် ၁၇:⁠၂၆

  •   “ဘုရားသခင် မျက်နှာမလိုက်မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားပြီ။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့နှစ်သက်လက်ခံမှုကို ရတာပဲ။”​—⁠တမန်တော် ၁၀:၃၄၊ ၃၅

 လူသားအားလုံးဟာ မိသားစုတစ်စုတည်းက လူတွေဖြစ်ပြီး ဘုရားသခင်က ဘယ်လူမျိုးကိုမဆို လက်ခံတယ်လို့ ကျမ်းစာ ဖော်ပြတယ်။

လူမျိုးရေး တန်းတူညီမျှမှု ဘယ်လို ရနိုင်မလဲ

 ဘုရားသခင့်နိုင်ငံတော် အစိုးရ အုပ်ချုပ်မှုအောက်မှာ လူအားလုံး အခွင့်အရေး တန်းတူညီမျှ ရရှိကြမယ်။ အဲဒီအစိုးရက လူတွေကို အချင်းချင်း မျှမျှတတ ဆက်ဆံနိုင်ပုံ၊ လူမျိုးရေး ခွဲခြားဆက်ဆံတဲ့စိတ်ကို ဖျောက်ပစ်နိုင်ပုံကို သင်ပေးမယ်။

  •   “ပြည်သူပြည်သားတွေက ဖြောင့်မတ်ခြင်းအကြောင်း သင်ယူကြတယ်။”​—⁠ဟေရှာယ ၂၆:⁠၉

  •   “စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေက တည်မြဲတဲ့ အေးချမ်းမှုနဲ့ လုံခြုံမှုပဲ။”​—⁠ဟေရှာယ ၃၂:⁠၁၇

 ဒီနေ့အချိန်မှာ သန်းနဲ့ချီတဲ့သူတွေဟာ တခြားသူတွေကို လေးလေးစားစား၊ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်ပုံကို ကျမ်းစာကနေ သင်ယူနေကြပါတယ်။