ကိုယ်ရေးလုံခြုံမှု ဆက်တင်များ

သုံးရတာ အဆင်ပြေဆုံး ဖြစ်အောင် cookies နဲ့ အလားတူ နည်းပညာတွေ ကျွန်တော်တို့ သုံးထားပါတယ်။ တချို့ cookies တွေဟာ ကျွန်တော်တို့ ဝက်ဘ်ဆိုက် လုပ်ဆောင်မှုအတွက် မရှိမဖြစ် လိုအပ်ပြီး ငြင်းလို့ မရပါဘူး။ ထပ်ဆင့် cookies အသုံးပြုမှုကို သင်တို့အနေနဲ့ လက်ခံနိုင်တယ်။ ငြင်းပယ်နိုင်ပါတယ်။ တကယ်တော့ ရည်ရွယ်ချက်က သုံးရတာ ပိုအဆင်ပြေဖို့ပါပဲ။ ဒီအချက်အလက် တစ်ခုကိုမှ ရောင်းစားမှာ၊ စီးပွားရေးအတွက် အသုံးပြုမှာ မဟုတ်ပါဘူး။ ပိုသိချင်ရင် Cookies နဲ့ အခြားနည်းပညာများ အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒမှာ ဖတ်ကြည့်ပါ။ Privacy Settingsကို သွားပြီး အချိန်မရွေး ဆက်တင် ပြောင်းနိုင်ပါတယ်။

ကျမ်းစာခေတ်ကသူတွေ အတူတကွ ကောက်သင်းကောက်နေ

အပိုင်း ၁၂

ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ

ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ

နယပုံပြင်ကျမ်းသည် ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားသော အကြံဉာဏ်ပေါင်းချုပ်ကျမ်းဖြစ်သည်။ နေ့စဉ်ဘဝအသက်တာကို လမ်းညွှန်ပေးသည့် ထိုအကြံဉာဏ်အများစုကို ရှောလမုန် ရေးသားသည်

ယေဟောဝါသည် ဉာဏ်ပညာရှိသောအုပ်စိုးရှင်လော။ ထိုမေးခွန်းကို ယတိပြတ်ဖြေဆိုနိုင်သည့် နည်းလမ်းတစ်ခုမှာ ကိုယ်တော်ပေးသောအကြံဉာဏ်ကို ဆန်းစစ်ကြည့်ခြင်းဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့ကို အကျိုးပြုသလော။ ယင်းအကြံဉာဏ်ကို လိုက်နာခြင်းက ပို၍ကောင်းသော၊ ပို၍အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို ရရှိစေသလော။ ပညာရှိဘုရင်ရှောလမုန်သည် ရာနှင့်ချီသော ပညာရှိစကားများကို ရေးသားခဲ့သည်။ ယင်းတို့သည် ဘဝကဏ္ဍတိုင်းနှင့် သက်ဆိုင်မှုရှိသည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းသည် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိစေသည့် အဓိကအချက်ဖြစ်သည်။ ရှောလမုန် ဤသို့ရေး၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ (သု. ၃:၅၊ ၆) ဘုရားသခင်၏လမ်းညွှန်မှုကို ရှာခြင်းနှင့် ကိုယ်တော့်ကိုနာခံခြင်းဖြင့် ယုံကြည်ကိုးစားကြောင်း တင်ပြခြင်းက အသက်တာကို များစွာအဓိပ္ပာယ်ရှိစေသည်။ ထိုသို့ပြုခြင်းဖြင့် လူသားတစ်ဦးသည် ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေနိုင်သည့်အပြင် ယေဟောဝါအနေဖြင့်လည်း မိမိ၏မဟာရန်သူဖြစ်သောစာတန် ပေါ်ပေါက်စေခဲ့သည့် အရေးကိစ္စများကို ပြန်ချေပနိုင်မည်ဖြစ်သည်။—သု. ၂၇:၁၁

အခြားသူများနှင့် ပညာရှိစွာဆက်ဆံခြင်း။ လင်ယောက်ျား၊ ဇနီးနှင့် သားသမီးများအတွက် ဘုရားသခင်၏အကြံဉာဏ်သည် အခြားအချိန်များထက် ယခုအချိန်တွင် ပို၍အချိန်သင့်အခါသင့်ဖြစ်သည်။ ဘုရားသခင်သည် လင်ယောက်ျားများအား “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့” ဟုအကြံပေးပြီး ယင်းက ဇနီးအပေါ် ဆက်သစ္စာရှိနေရန်ဆိုလိုသည်။ (သု. ၅:၁၈-၂၀) လင်ယောက်ျားနှင့်သားသမီးများ၏ ချစ်ခင်လေးစားမှုကိုရရှိသော လုပ်ရည်ကိုင်ရည်ရှိဇနီးတစ်ဦးနှင့်ပတ်သက်သည့် အလွန်နှစ်သက်ဖွယ်သရုပ်ဖော်ချက်ကို နယပုံပြင်ကျမ်းတွင် အိမ်ထောင်သည်အမျိုးသမီးများ တွေ့နိုင်သည်။ (အခန်းကြီး ၃၁) သားသမီးများသည်လည်း မိဘကိုနာခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်ကို တွေ့ရှိနိုင်သည်။ (သု. ၆:၂၀) ထို့ပြင် မိတ်ဆွေအပေါင်းအသင်းရှိခြင်းသည် အလွန်အရေးကြီးပြီး အခြားသူများနှင့် မပေါင်းသင်းဘဲ တစ်သီးပုဂ္ဂလနေခြင်းက တစ်ကိုယ်ကောင်းဆန်လာစေကြောင်းကိုလည်း ဤကျမ်းကဖော်ပြသည်။ (သု. ၁၈:၁ကဘ) အပေါင်းအသင်းများသည် ကျွန်ုပ်တို့အပေါ် ကောင်းသောသြဇာလွှမ်းမိုးနိုင်သကဲ့သို့ မကောင်းသောသြဇာလည်း လွှမ်းမိုးနိုင်သည်ဖြစ်ရာ ပညာရှိစွာရွေးချယ်ရန် လိုအပ်သည်။—သု. ၁၃:၂၀; ၁၇:၁၇

မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ခြင်း။ ဤကျမ်းတွင် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ခြင်း၊ စိတ်ကောင်းမွေးခြင်း၊ စိတ်ပုပ်စိတ်ယုတ်များကို တိုက်လှန်ခြင်း၊ လုံ့လရှိသောလုပ်သားတစ်ဦးဖြစ်ခြင်းတို့နှင့်ပတ်သက်၍ အဖိုးမဖြတ်နိုင်သောအကြံဉာဏ် ပါရှိသည်။ (သု. ၆:၆; ၁၄:၃၀; ၂၀:၁) ထို့ပြင် ဘုရားသခင့်အကြံဉာဏ်အစား လူ့ဝေဖန်ဆုံးဖြတ်ချက်များကို ကိုးစားခြင်းက ဘေးဒုက္ခရောက်စေကြောင်း သတိပေးထားသည်။ (သု. ၁၄:၁၂) ကျွန်ုပ်တို့၏စိတ်နှလုံးကို အကျင့်ယိုယွင်းစေသော ဩဇာလွှမ်းမိုးမှုများမှ ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားပြီး “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်” ကြောင်း သတိပေးထားသည်။—သု. ၄:၂၃

ထိုအကြံဉာဏ်များနှင့်အညီနေထိုင်ခြင်းသည် ပို၍ကောင်းသောအသက်တာကို ရရှိစေကြောင်း ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ တွေ့ရှိခဲ့ကြပြီ။ ရလဒ်အနေနှင့် ယေဟောဝါကို သူတို့၏အုပ်စိုးရှင်အဖြစ် လက်ခံရန် အကြောင်းကောင်းများစွာ သူတို့ရရှိထားကြသည်။

နယပုံပြင်ကျမ်းကို အခြေခံသည်။