မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၁

စိတ်ထက်သန်ခြင်း

စိတ်ထက်သန်ခြင်း

ရောမ ၁၂:၁၁

အကျဉ်းချုပ်– နားထောင်နေသူတွေကို လှုံ့ဆော်ပေးဖို့ ထက်ထက်သန်သန် ဟောပြောပါ။

လုပ်ဆောင်နိုင်ပုံ–

  • စိတ်နှလုံးပါပါ ပြောဆိုပါ။ ဟောပြောမယ့်အကြောင်းအရာ ပြင်ဆင်တဲ့အခါ သတင်းစကားရဲ့ အရေးကြီးမှုကို လေးလေးနက်နက် တွေးတောပါ။ ဟောပြောမယ့်အကြောင်းနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ပါ၊ ဒါမှ စိတ်နှလုံးပါပါ တင်ဆက်နိုင်မယ်။

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ သင် ဖတ်မယ့်၊ သွန်သင်ပေးမယ့် အကြောင်းအရာကနေ တခြားသူတွေ ဘယ်လို အကျိုးခံစားရမယ်ဆိုတာ တွေးတောပါ။ ဘယ်လိုနည်းနဲ့ တင်ဆက်ရင် ပရိသတ် အကျိုးရနိုင်တယ်ဆိုတာ စဉ်းစားပါ။

  • တက်တက်ကြွကြွ ဟောပြောပါ။ ထက်ထက်သန်သန် ဟောပါ။ သင့်ခံစားချက်ကို သဘာဝကျတဲ့ ကိုယ်ဟန်အမူအရာ၊ စိတ်ရင်းမှန်တဲ့ မျက်နှာထားနဲ့ ဖော်ပြပါ။