ရောမ ၁၂:၁-၂၁

  • အသက်​ရှင်​နေ​တဲ့ ပူ​ဇော်​သက္ကာ​အဖြစ် ကိုယ်​ခ​န္ဓာ​ကို ဆက်​သကြ​ပါ (၁၊ ၂)

  • ဆု​ကျေး​ဇူး အမျိုး​မျိုး​ရှိ​ပေမဲ့ ကိုယ်​ခ​န္ဓာ​တစ်​ခု​တည်း (၃-၈)

  • စစ်​မှန်​တဲ့ ခ​ရစ်​ယာန်​လမ်း​စဉ်​အကြောင်း အကြံ​ပြုချက် (၉-၂၁)

၁၂  ဒါ​ကြောင့် ညီ​အစ်​ကို​တို့၊ ဘုရား​သခင်​ရဲ့  သနား​စာ​နာ​မှု​ကို ထောက်​ထား​ပြီး ကျွန်​တော် မေတ္တာရပ်​ခံ​ပါ​တယ်။ အသက်​ရှင်​နေ​တဲ့၊ သန့်​ရှင်း​တဲ့၊+ ဘု​ရား​သခင် လက်​ခံ​နိုင်​တဲ့ ပူ​ဇော်​သက္ကာ​အဖြစ် မိမိ​တို့​ရဲ့ ကိုယ်​ခ​န္ဓာ​ကို ဆက်​သကြ​ပါ။+ ဒီ​လို​ဆို​ရင် စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို သုံး​ပြီး ဘု​ရား​သခင်​အတွက် အမှု​ဆောင်​ရာရောက်​တယ်။+ ၂  ဒီ​လော​က​စ​နစ်​ရဲ့* ပုံ​သွင်း​မှု​ကို မခံ​ပါ​နဲ့​တော့။ ဘု​ရား​သခင်​ရဲ့ ကောင်းမြတ်​တဲ့၊ လက်​ခံ​ဖွယ်​ဖြစ်​တဲ့၊ ပြီး​ပြည့်​စုံ​လင်​တဲ့ အလို​တော်​ကို ကောင်း​ကောင်း​သိ​နိုင်​ဖို့+ ခင်​ဗျား​တို့​ရဲ့ စိတ်​သဘော​ကို ပြု​ပြင်​ပြောင်း​လဲ​ကြ​ပါ။+ ၃  ကျွန်​တော်​ခံ​စား​နေ​ရ​တဲ့  မဟာ​ကရု​ဏာ​တော်​ကို အမှီ​ပြု​ပြီး ခင်​ဗျား​တို့​ယောက်​တိုင်း​ကို ပြော​ချင်​တယ်။ ကိုယ့်​ကိုယ်​ကိုယ် ထင်​သင့်​တာ​ထက် ပို​ပြီး​မထင်​ကြ​ပါ​နဲ့။+ အဲ​ဒီ​အစား ယောက်​တိုင်း​ကို ဘု​ရား​သခင်​ပေး​ထား​တဲ့ ယုံ​ကြည်​ခြင်း​နဲ့​အညီ ကိုယ့်​ကိုယ်​ကိုယ် တော်​သင့်​ရုံ​ပဲ ထင်​ကြ​ပါ။+ ၄  ကိုယ်​ခ​န္ဓာ​တစ်​ခု​မှာ အင်္ဂါ​အစိတ်​အပိုင်း​တွေ အများ​ကြီး​ရှိ​ပေမဲ့+ အဲ​ဒီ​အစိတ်​အပိုင်း​တွေရဲ့ အလုပ်​တာ​ဝန်​ချင်း မတူ​ကြ​ဘူး။ ၅  အလား​တူ​ပဲ၊ ကျွန်​တော်​တို့​ဟာ အရေ​အ​တွက်​များ​ပေမဲ့ ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​တဲ့​အတွက် ကိုယ်​ခ​န္ဓာ​တစ်​ခု​တည်း​ပါ​ပဲ။ ဒါ​ပေမဲ့ တစ်​ဦး​စီ​က​တော့ အပြန်​အလှန်​ဆက်​စပ်​နေ​တဲ့ အင်္ဂါ​အစိတ်​အပိုင်း​တွေ​ဖြစ်​တယ်။+ ၆  မဟာ​က​ရု​ဏာ​တော်​နဲ့​အညီ ကျွန်​တော်​တို့​ရ​ရှိ​ထား​တဲ့ ဆု​ကျေး​ဇူး​တွေ​ဟာ မတူ​ညီ​ကြ​ဘူး။+ ဒါ​ကြောင့် ပရော​ဖက်​ပြု​နိုင်​တဲ့​ဆု​ကျေး​ဇူး ရ​ရှိ​ထား​တာ​ဆို​ရင် ကိုယ့်​ယုံ​ကြည်​ခြင်း အတိုင်း​အတာ​နဲ့​အညီ ပရော​ဖက်​ပြု​ကြ​စို့။ ၇  အမှု​ဆောင်​ခြင်း​ဆု​ကျေး​ဇူး ရရှိ​ထား​တာ​ဆို​ရင် အမှု​ဆောင်​ကြ​စို့။ သွန်​သင်​ခြင်း​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဆို​ရင် သွန်​သင်​ပေး​ပါ​စေ။+ ၈  အား​ပေး​နိုင်​စွမ်း​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဆို​ရင် အား​ပေး​ပါ​စေ။+ ဝေ​မျှ​ပေး​ကမ်း​ခြင်း​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဆို​ရင် ရက်ရက်ရောရော ဝေ​မျှ​ပေး​ကမ်း​ပါ​စေ။+ ဦး​စီး​ခြင်း​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဆို​ရင် ဝီ​ရိ​ယ​ရှိ​ရှိ ဦးစီး​ပါ​စေ။+ သနား​မစ​ခြင်း​ဆု​ကျေး​ဇူး ရ​ရှိ​ထား​သူ​ဆို​ရင် ကြည်​ကြည်​သာ​သာ သနား​မစ​ပါ​စေ။+ ၉  ခင်​ဗျား​တို့​ရဲ့​မေတ္တာ​ဟာ  ဟန်​ဆောင်​မှု ကင်း​ပါ​စေ။+ ဆိုး​ညစ်​တဲ့​အရာ​ကို ရွံ​မုန်း​ပါ။+ ကောင်း​တဲ့​အရာ​ကို တွယ်​တာ​ပါ။ ၁၀  အချင်း​ချင်း ညီ​ရင်း​အစ်​ကို​မေတ္တာ​နဲ့ ချစ်​ခင်မြတ်​နိုး​ပါ။ ကိုယ်​တိုင်​အစ​ပြု​ပြီး အချင်း​ချင်း​ကို ဂုဏ်​တင်​ပါ။+ ၁၁  လုံ့​လ​ဝီ​ရိ​ယ​ရှိ​ပါ။ မပျင်း​ရိ​ပါ​နဲ့။*+ စွမ်း​အား​တော်ရဲ့ စေ့​ဆော်​မှု​နဲ့ စိတ်​ထက်​သန်​နေ​ပါ။+ ယေဟောဝါ* အတွက် အစေ​ခံ​ပါ။+ ၁၂  မျှော်​လင့်​ချက်​ကြောင့် ဝမ်း​မြောက်​နေ​ပါ။ ဒုက္ခရောက်​တဲ့အခါ ခံနိုင်​ရည်​ရှိ​ပါ။+ ဇွဲ​မလျှော့​တမ်း ဆု​တောင်း​ပါ။+ ၁၃  သန့်​ရှင်း​သူ​တွေ​ကို လို​အပ်​တာ ဝေ​မျှ​ပေး​ကမ်း​ပါ။+ ဧည့်​ဝတ်​ပြု​တတ်​တဲ့​အကျင့် ရှိ​အောင် လုပ်​ပါ။+ ၁၄  ကိုယ့်​ကို ညှဉ်း​ဆဲ​သူ​တွေ​အတွက် ဆု​မွန်​ကောင်း တောင်း​ပေး​ပါ။+ မကျိန်​ဆဲ​ပါ​နဲ့၊ ဆု​မွန်​ကောင်း​သာ တောင်း​ပေး​လိုက်​ပါ။+ ၁၅  ဝမ်း​မြောက်​သူ​တွေ​နဲ့​အတူ ဝမ်း​မြောက်​ပါ။ ငိုကြွေး​သူ​တွေ​နဲ့​အတူ  ငို​ကြွေး​ပါ။ ၁၆  ကိုယ့်​အပေါ် ကိုယ်​ထား​တဲ့ စိတ်​သဘော​မျိုး သူ​တစ်​ပါး​ပေါ်​မှာ​လည်း ထား​ပါ။ ကြီး​မြင့်​တဲ့​အရာတွေ​ပေါ် စိတ်​မရောက်​ပါ​နဲ့။ နှိမ့်​ချ​တဲ့​လမ်း​စဉ်​နောက် လိုက်​ပါ။+ ကိုယ့်​ကိုယ်​ကိုယ် ပညာ​ရှိ​တယ်​လို့ မထင်​ပါ​နဲ့။+ ၁၇  အဆိုး​ကို  အဆိုး​နဲ့  မတုံ့​ပြန်​ပါ​နဲ့။+ လူအား​လုံး​ရဲ့​အမြင်​မှာ ကောင်း​မွန်​တဲ့​အရာ​ဟာ ဘာ​လဲ​ဆို​တာ​ကို ထည့်​စဉ်း​စား​ပါ။ ၁၈  ဖြစ်​နိုင်​မယ်​ဆို​ရင် လူ​အား​လုံး​နဲ့  သင့်မြတ်​အောင်  အတတ်​နိုင်​ဆုံး ကြိုး​စား​ပါ။+ ၁၉  ချစ်​ရ​သူ​တို့၊ လက်​စား​မချေ​ပါ​နဲ့။ အမျက်​တော်​ကို​သာ အခွင့်​ပေး​လိုက်​ပါ။+  ဘာ​လို့​လဲ​ဆို​တော့  “‘လက်​စား​ချေ​တာ​ဟာ ငါ့​ကိစ္စ​ပါ။ မတ​ရား​မှု​အတွက် ငါ​လက်​တုံ့​ပြန်​ပေးမှာ​ပါ’ လို့ ယေဟောဝါ* ပြော​တယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၂၀  “ရန်​သူ ဆာ​လောင်​နေ​ရင် ကျွေး​မွေး​လိုက်​ပါ။ ရေ​ငတ်​နေ​ရင် သောက်​စ​ရာ ပေး​လိုက်​ပါ။ အဲ​ဒီ​လို​လုပ်​ရင် သူ့​ခေါင်း​ပေါ် မီး​ခဲ​တွေ ပုံ​ထား​ရာ​ရောက်​မယ်”*+ လို့​လည်း ရေး​ထား​တယ်။ ၂၁  ဒါ​ကြောင့် အဆိုး​နဲ့​တုံ့​ပြန်​ပြီး အရှုံး​မခံ​ပါ​နဲ့။ အကောင်း​နဲ့​တုံ့​ပြန်​ပြီး အဆိုး​ကို အမြဲအနိုင်​ယူ​လိုက်​ပါ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “အလုပ်​မှာ ခို​ကပ်​ပြီး အချိန်​ဖြုန်း​မနေ​ပါ​နဲ့။”
စိတ်​နူး​ညံ့​လာ​စေ​ဖို့၊ မာ​ကျော​နေ​တဲ့​စိတ်​ကို အရည်​ပျော်​စေ​ဖို့ ဖြစ်​တယ်။