ယေရှုရဲ့ အမှုဆောင်လုပ်ငန်း

အပိုင်း ၁– လောကရဲ့ စစ်မှန်တဲ့ အလင်း

မြန်မာ
အပိုင်း ၁– လောကရဲ့ စစ်မှန်တဲ့ အလင်း
https://cms-imgp.jw-cdn.org/img/p/1112023101/univ/art/1112023101_univ_sqr_xl.jpg

အပိုင်း ၁

လောကရဲ့ စစ်မှန်တဲ့ အလင်း

လောကရဲ့ စစ်မှန်တဲ့ အလင်း

(ကြာချိန် ၁:၁၁:၀၁)

တစ်မူထူးခြားတဲ့ ကလေးလေး ယေရှုကို ပြုစုပျိုးထောင်ခွင့် ယောသပ်နဲ့ မာရိတို့ ရခဲ့ကြတယ်။ ဒီအပိုင်းမှာ အောက်ပါကျမ်းမှတ်တမ်းတွေ ပါတယ်–

  • အစအဦးမှာ နှုတ်ကပတ်တော်ဟာ ဘုရားသခင်နဲ့အတူ ရှိ။ ဘုရားတစ်ပါးလည်း ဖြစ် (ယောဟန် ၁:၁၊ ၂)

  • ဘုရားသခင်က နှုတ်ကပတ်တော်ကို သုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ (ယောဟန် ၁:၃က)

  • နှုတ်ကပတ်တော်ကြောင့် အသက်နဲ့ အလင်း တည်ရှိလာ (ယောဟန် ၁:၃ခ၊ ၄)

  • အမှောင်က အဲဒီအလင်းကို မလွှမ်းနိုင် (ယောဟန် ၁:၅)

  • သော်ဖိလုဆီ လိပ်မူပြီး ရေးတဲ့စာမှာ လုကာက ရေးရတဲ့ အကြောင်းရင်းနဲ့ အခြေအနေကို ရှင်းပြ (လုကာ ၁:၁-၄)

  • နှစ်ခြင်းပေးသူ ယောဟန် မွေးဖွားမယ့်အကြောင်း ဂါဗြေလ ကြိုပြော (လုကာ ၁:၅-၂၅)

  • ယေရှု မွေးဖွားမယ့်အကြောင်း ဂါဗြေလ ကြိုပြော (လုကာ ၁:၂၆-၃၈)

  • ဆွေမျိုး ဧလိရှဗက်ဆီ မာရိ လည်ပတ် (လုကာ ၁:၃၉-၄၅)

  • ယေဟောဝါကို မာရိ ဂုဏ်တင်ချီးမွမ်း (လုကာ ၁:၄၆-၅၆)

  • ယောဟန် မွေးဖွား၊ နာမည်ပေး (လုကာ ၁:၅၇-၆၆)

  • ဇာခရိ ပရောဖက်ပြု (လုကာ ၁:၆၇-၈၀)

  • သန့်ရှင်းသောစွမ်းအားတော်ကြောင့် မာရိ ကိုယ်ဝန်ရှိ။ ယောသပ် တုံ့ပြန်ပုံ (မဿဲ ၁:၁၈-၂၅)

  • ယောသပ်နဲ့ မာရိ ဘက်သလီဟင်မြို့ကို ခရီးနှင်။ ယေရှု မွေးဖွား (လုကာ ၂:၁-၇)

  • ကွင်းပြင်မှာရှိတဲ့ သိုးထိန်းတွေရှေ့ ကောင်းကင်တမန်တွေ ပေါ်လာ (လုကာ ၂:၈-၁၄)

  • သိုးထိန်းတွေ သွားကြည့်ကြ (လုကာ ၂:၁၅-၂၀)

  • ယေရှုကို ယေဟောဝါရဲ့ ဗိမာန်တော်ဆီ ခေါ်သွား (လုကာ ၂:၂၁-၂၄)

  • ရှိမောင် ခရစ်တော်ကို မြင်ခွင့်ရ (လုကာ ၂:၂၅-၃၅)

  • ကလေးအကြောင်း အန္န ပြောပြ (လုကာ ၂:၃၆-၃၈)

  • နက္ခတ်ဗေဒင်ဆရာတွေ လည်ပတ်၊ ကလေးကို သတ်ဖို့ ဟေရုဒ် ကြံစည် (မဿဲ ၂:၁-၁၂)

  • ယောသပ်က မာရိနဲ့ ယေရှုကို ခေါ်ပြီး အီဂျစ်ပြည်ကို ထွက်ပြေး (မဿဲ ၂:၁၃-၁၅)

  • ဘက်သလီဟင်မြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သားယောက်ျားလေးတွေကို ဟေရုဒ် သတ်ခိုင်း (မဿဲ ၂:၁၆-၁၈)

  • ယေရှုရဲ့မိသားစု နာဇရက်မြို့မှာ အခြေချ (မဿဲ ၂:၁၉-၂၃။ လုကာ ၂:၃၉၊ ၄၀)

  • အသက် ၁၂ နှစ်အရွယ် ယေရှု ဗိမာန်တော်မှာ (လုကာ ၂:၄၁-၅၀)

  • မိဘတွေနဲ့အတူ နာဇရက်မြို့ကို ယေရှု ပြန်လာ (လုကာ ၂:၅၁၊ ၅၂)

  • စစ်မှန်တဲ့အလင်းဟာ လူ့လောကကို ရောက်လာတော့မယ် (ယောဟန် ၁:၉)