မဿဲ ၁:၁-၂၅

  • ယေရှု​ခ​ရစ်ရဲ့ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း  (၁-၁၇)

  • ယေရှု​ခ​ရစ် မွေး​ဖွား​လာ​ပုံ (၁၈-၂၅)

 အာဗြဟံ​ရဲ့ သား၊+ ဒါဝိဒ်ရဲ့ သား+ ခရစ်တော်* လို့ ခေါ်​တဲ့ ယေရှု​ရဲ့ ဆွေစဉ်​မျိုး​ဆက် စာရင်း​က​တော့–  ၂  အာဗြဟံ​ရဲ့ သား​က အိ​ဇက်၊+အိ​ဇက်​ရဲ့ သား​က ယာကုပ်၊+ယာကုပ်​ရဲ့ သား​တွေ​က ယုဒ​နဲ့ ညီနောင်​တစ်​စု၊+  ၃  ယုဒ​နဲ့ တာမာ​ရဲ့ သား​တွေ​က ဖာရက်​နဲ့ ဇေ​ရ၊+ဖာ​ရက်ရဲ့ သား​က ဟေ​ဇရုံ၊+ဟေ​ဇရုံ​ရဲ့ သား​က ရာ​မ၊+  ၄  ရာ​မရဲ့ သား​က အမိ​နဒပ်၊အမိ​န​ဒပ်ရဲ့ သား​က နာ​ရှုန်၊+နာ​ရှုန်ရဲ့ သား​က စာ​လ​မုန်၊  ၅  စာ​လ​မုန်​နဲ့ ရာ​ခပ်​ရဲ့+ သား​က ဗော​ဇ၊ဗော​ဇ​နဲ့ ရုသရဲ့+ သား​က ဩဗက်၊သြဗက်ရဲ့ သား​က ယေ​ရှဲ၊+  ၆  ယေ​ရှဲ​ရဲ့ သား​က ဒါဝိဒ်​မင်း၊+ဥ​ရိ​ယ​ရဲ့ ဇနီး​နဲ့ ရ​တဲ့ ဒါဝိဒ်ရဲ့ သား​က ရှော​လမုန်၊+  ၇  ရှော​လ​မုန်​ရဲ့ သား​က ရော​ဗောင်၊+ရော​ဗောင်ရဲ့ သား​က အဘိ​ယ၊အဘိ​ယ​ရဲ့ သား​က အာ​သ၊+  ၈  အာ​သရဲ့ သား​က ယောရှဖတ်၊+ယောရှဖတ်​ရဲ့ သား​က ယဟော​ရံ၊+ယ​ဟော​ရံရဲ့ သား​က ဩဇိ၊  ၉  သြဇိ​ရဲ့ သား​က ယော​သံ၊+ယော​သံ​ရဲ့ သား​က အာ​ခတ်၊+အာ​ခတ်​ရဲ့ သား​က ဟေ​ဇ​ကိ၊+ ၁၀  ဟေ​ဇ​ကိ​ရဲ့ သား​က မနာ​ရှေ၊+မနာ​ရှေ​ရဲ့ သား​က အာ​မုန်၊+အာ​မုန်​ရဲ့ သား​က ယော​ရှိ၊+ ၁၁  ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​အတွင်း+ ယော​ရှိ+ ရ​တဲ့ သား​တွေ​က ယေ​ခေါ​နိ​နဲ့+ ညီ​နောင်​တစ်​စု၊ ၁၂  ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက် ယေ​ခေါ​နိ ရ​တဲ့ သား​က ရှာ​လ​သေလ၊ရှာ​လ​သေလ​ရဲ့ သား​က ဇေ​ရု​ဗ​ဗေ​လ၊+ ၁၃  ဇေ​ရု​ဗ​ဗေ​လ​ရဲ့ သား​က အဗျုဒ်၊အဗျုဒ်​ရဲ့ သား​က ဧ​လျာ​ကိမ်၊ဧ​လျာ​ကိမ်ရဲ့ သား​က အာ​ဇော်၊ ၁၄  အာ​ဇော်ရဲ့ သား​က ဇာ​ဒုတ်၊ဇာ​ဒုတ်​ရဲ့ သား​က အာ​ခိမ်၊အာ​ခိမ်ရဲ့ သား​က ဧ​လုဒ်၊ ၁၅  ဧ​လုဒ်ရဲ့ သား​က ဧ​လာ​ဇာ၊ဧ​လာ​ဇာ​ရဲ့ သား​က မဿန်၊မဿန်ရဲ့ သား​က ယာကုပ်၊ ၁၆  ယာကုပ်​ရဲ့ သား​က မာ​ရိရဲ့ ခင်​ပွန်း ယော​သပ်။ မာ​ရိ​ဟာ ခရစ်​တော်လို့ ခေါ်​တဲ့+ ယေရှု​ရဲ့ မိ​ခင်​ပဲ။+ ၁၇  အာဗြဟံ​က​နေ ဒါဝိဒ်​အထိ မျိုး​ဆက် ၁၄ ဆက်၊ ဒါဝိဒ်​က​နေ ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​အထိ မျိုး​ဆက် ၁၄ ဆက်၊ ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​က​နေ ခရစ်​တော်​အထိ မျိုး​ဆက် ၁၄ ဆက် ရှိ​တယ်။ ၁၈  ယေရှု​ခရစ် မွေး​ဖွား​လာ​ပုံ​က​တော့ သူ့​မိ​ခင် မာ​ရိ​ဟာ ယော​သပ်​နဲ့ စေ့​စပ်​ထား​ပြီး လင်​မယား​အဖြစ် မပေါင်း​သင်း​ခင် သန့်​ရှင်း​သော စွမ်းအား​တော်​ကြောင့်+ ကိုယ်​ဝန်​ရှိ​နေ​မှန်း သိ​လိုက်​ရ​တယ်။ ၁၉  ဒါ​ပေမဲ့ ခင်​ပွန်း ဖြစ်​သူ ယော​သပ်​ဟာ ဖြောင့်​မတ်​သူ ဖြစ်​လို့ မာ​ရိ​ကို လူ​ရှေ့​သူ​ရှေ့​မှာ​ အရှက်​မကွဲ​စေ​ချင်​ဘူး။ ဒါ​ကြောင့် မာ​ရိ​ကို တိတ်​တဆိတ် ကွာ​ရှင်း​ဖို့ စဉ်း​စား​နေ​တယ်။+ ၂၀  အဲဒီ​လို စဉ်း​စား​ပြီး​ချိန်​မှာ ယေဟောဝါ​ရဲ့* ကောင်း​ကင်​တမန်​ဟာ အိပ်​မက်​မှာ ပေါ်​လာ​ပြီး “ဒါဝိဒ်ရဲ့ သား ယောသပ်၊ မင်း​ရဲ့ ဇနီး​မာ​ရိ​ကို အိမ်​ခေါ်​သွား​ဖို့ မစိုး​ရိမ်​နဲ့။ သန့်​ရှင်း​သော စွမ်းအား​တော်​ကြောင့် ကိုယ်​ဝန်​ရှိ​နေ​တာ။+ ၂၁  သူ သား​လေး မွေး​လိမ့်​မယ်။ ယေရှု* လို့ နာ​မည်​ပေး​ပါ။+ အဲဒီ​သား​ဟာ လူ​တွေ​ကို အပြစ်​က​နေ ကယ်​တင်​လိမ့်​မယ်”+ လို့ ပြော​တယ်။ ၂၂  ဒါ​တွေ ဖြစ်​ပျက်​လာ​တဲ့​အတွက် ပရော​ဖက်​က​တစ်ဆင့် ယေဟောဝါ* ပြော​ခဲ့​တဲ့​စကား ပြည့်​စုံ​လာ​တယ်။ ၂၃  “အပျို​စင်​ဟာ ကိုယ်​ဝန်​ရှိ​လာ​ပြီး သား​လေး မွေး​လိမ့်​မယ်။ အဲဒီ​သား​ကို ဧမာ​နွေလ​လို့ နာ​မည်​ပေး​လိမ့်​မယ်”+ ဆို​တဲ့ စကား​ပဲ။ ဧမာ​နွေလ​ဆို​တာ “ငါ​တို့​နဲ့​အတူ ဘုရား​သခင် ရှိ​တယ်”+ လို့ အဓိပ္ပာယ်​ရ​တယ်။ ၂၄  ယော​သပ် နိုး​လာ​တဲ့​အခါ ယေဟောဝါ​ရဲ့* ကောင်း​ကင်​တမန် ညွှန်​ကြား​တဲ့​အတိုင်း သူ့​ဇနီး​ကို အိမ်​ခေါ်​သွား​တယ်။ ၂၅  ဒါ​ပေမဲ့ သား​လေး မမွေး​ခင်​အထိ ဇနီး​နဲ့ မပေါင်း​သင်း​ဘူး။ သား​လေး မွေး​လာ​တော့+ ယေရှု​လို့ နာမည်​ပေး​လိုက်​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “မေရှိ​ယ၊ ဘိ​သိက်​ခံ​ရ​သူ။”
ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဘု​ရား​နာ​မည် “ယေဟောဝါ” ၂၃၇ ကြိမ်​ပါ​တဲ့​အနက် ဦး​ဆုံး​အကြိမ်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
“ယေဟောဝါ​ဟာ ကယ်​တင်​ခြင်း” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​နာ​မည် ယေ​ရွှာ ဒါ​မှ​မဟုတ် ယောရှု​နဲ့​တူ။