JW.ORG ဝက်ဘ်ဆိုက်
အွန်လိုင်းမှာ တင်ထားတဲ့ အကြောင်းအရာကို ရှာပါ
Jw.org ဝက်ဘ်ဆိုက်ရဲ့ စာကြည့်တိုက် ကဏ္ဍမှာ ရာနဲ့ချီတဲ့ စာစောင်တွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုတွေ တင်ထားပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို အောက်ပါနည်းတွေ သုံးပြီး ရှာကြည့်ပါ။
ရှာဖွေမှုဆိုတဲ့ အသွင်အပြင်ကို သုံးပါ
ရှာဖွေမှုအကွက်ကို သုံးပြီး ကိုယ်ရှာချင်တဲ့ စကားလုံးတွေ၊ စကားစုတွေကို ရှာပါ။
ရှာဖွေမှုအကွက်မှာ ကိုယ်ရှာနေတဲ့ စကားလုံး၊ စကားစုကို ရိုက်ထည့်ပါ၊ Enter ဒါမှမဟုတ် ရှာဖွေ သင်္ကေတကို နှိပ်ပါ။ အဲဒီစာစောင်ရဲ့ အဓိကစကားလုံး/စာစုတွေ သိထားရင် အကုန်ရိုက်ထည့်ပါ။ စကားလုံးရှာတွေ့မှု ရလဒ်မှာ ကိုယ်ရှာနေတဲ့ အကြောင်းအရာနဲ့ နီးစပ်တဲ့ ဆောင်းပါးတွေ ပေါ်လာပါလိမ့်မယ်။
ရှာတွေ့မှု ရလဒ် များနေရင် အောက်ပါနည်းတစ်ခုကို သုံးပြီး လျှော့ကြည့်ပါ-
ရှာဖွေမှု စာမျက်နှာပေါ် က option တစ်ခု ရွေးပါ။ ဥပမာ၊ ဗီဒီယိုများကို ရွေးရင် ဗီဒီယိုတွေပဲ ပေါ်လာမယ်။
အားလုံးကြည့်ပါ အကွက်ကို နှိပ်ပြီး ရှာဖွေမှုရလဒ် အမျိုးအစားကို လျှော့ချပါ။
စာအုပ်စာစောင်ရဲ့ ခေါင်းစဉ်ကို ထည့်ပြီး ရှာပါ
ကိုယ်ရှာနေတဲ့ စာအုပ်စာစောင်ရဲ့ ခေါင်းစဉ်၊ တစ်စိတ်တစ်ပိုင်းကို သိရင် အမြန်ရှာတွေ့နိုင်အောင် အောက်ပါနည်းကို သုံးပါ။
စာကြည့်တိုက် > စာအုပ်စာစောင်များ ကိုနှိပ်ပါ။
အားလုံးဆိုတဲ့ အကွက်မှာ ကိုယ်ရှာနေတဲ့စာစောင် ခေါင်းစဉ်မှာပါတဲ့ စကားလုံးတစ်လုံးကို ရိုက်ထည့်ပါ။ ဥပမာ၊ သွန်သင်ရာ စာအုပ်ကို ရှာချင်ရင် “သွန်သင်ရာ” ဆိုပြီး ရိုက်ထည့်ပါ။ “သွန်သင်ရာ” စကားလုံးပါတဲ့ စာစောင်တွေ ပေါ်လာတဲ့အခါ ကိုယ်ရှာနေတဲ့ စာအုပ်ကို ရွေးပါ။
ရှာဖွေပါ ကို နှိပ်ပါ။
သတ်သတ်မှတ်မှတ် မဂ္ဂဇင်းတစ်စောင်ကို ရှာပါ
စာကြည့်တိုက် >မဂ္ဂဇင်းများ ကိုနှိပ်ပါ။
ဦးဆုံးပေါ်လာတဲ့ စာမျက်နှာမှာ နောက်ဆုံးထုတ် နိုးလော့! မဂ္ဂဇင်းလေးစောင်၊ ကင်းမျှော်စင် (လူထုစာစောင်) လေးစောင်နဲ့ ကင်းမျှော်စင် လေ့လာရန်စာစောင် နောက်ဆုံးထုတ် ရှစ်စောင်ကို ဖော်ပြထားပါတယ်။ သတ်သတ်မှတ်မှတ် မဂ္ဂဇင်းတစ်စောင်ကို ရှာချင်တယ်ဆိုရင် အောက်ပါနည်းတွေ သုံးကြည့်ပါ–
ဖော်ပြထားတဲ့ အကွက်တွေမှာ ရှာချင်တဲ့ မဂ္ဂဇင်းအမျိုးအစား၊ ခုနှစ်ကို ရွေးချယ်ပါ။
ရှာဖွေပါ ကို နှိပ်ပါ။
ကူးယူရာမှာ ရွေးချယ်စရာများကနေ ရှာပါ
စာအုပ်စာစောင်တွေကို အကွက်ပုံစံနဲ့ စာရင်းပုံစံ နှစ်မျိုး ဖော်ပြထားတယ်။
အကွက်ပုံစံ ကိုနှိပ်ရင် စာအုပ်စာစောင်တွေကို အကွက်လိုက် စီပြထားတာ ပေါ်လာမယ်။
စာရင်းပုံစံ ကိုနှိပ်ရင် စာအုပ်စာစောင်တွေ စာရင်းပုံစံနဲ့ ပေါ်လာမယ်။
စာအုပ်စာစောင်ရဲ့ မျက်နှာဖုံးပုံ၊ ခေါင်းစဉ်နဲ့ ကူးယူနိုင်တဲ့ သင်္ကေတတွေကို တွေ့ရမှာဖြစ်တယ်။
အွန်လိုင်းပေါ်မှာ ဖတ်ချင်ရင် ခေါင်းစဉ်ကို နှိပ်ပါ။
Text Options ဆိုတဲ့ အကွက်ကို နှိပ်ရင် ကူးယူနိုင်ပုံ အမျိုးအစား ပေါ်လာမယ်။
တချို့စာအုပ်စာစောင်မှာ PDF နဲ့ JWPUB စတဲ့ ကူးယူနိုင်တဲ့ပုံစံတွေ ရှိတယ်။ ပုံမှန်နဲ့ ပုံနှိပ်စာလုံးကြီးတို့လို ထုတ်ဝေမှုပုံစံတွေလည်း ရှိတယ်။
ကူးယူလိုတဲ့ ပုံစံ၊ လထုတ်ကို ရွေးပြီးနောက် ဒေါင်းလုတ်ဆွဲပါ။
အော်ဒီယို ကိုနှိပ်ရင် ကူးယူပါ ဆိုတဲ့စာမျက်နှာ ပွင့်လာမယ်။ ဒေါင်းလုတ်ဆွဲချင်တဲ့ အသံဖိုင်ကို ရွေးပါ။
ဗီဒီယို ကိုနှိပ်ရင် ကူးယူပါ ဆိုတဲ့စာမျက်နှာ ပွင့်လာမယ်။ ဒေါင်းလုတ်ဆွဲချင်တဲ့ ဗီဒီယိုကို ရွေးပါ။