အောက်တိုဘာ ၈၊ ၂၀၁၈
အသစ် တင်ထားရာများ
စာစောင်သစ်များ၊ ပြုပြင်ထားတဲ့ ဝက်ဘ်ဆိုက်များနဲ့ app များ
၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့မှာ ကျင်းပတဲ့ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ စာစောင်အသစ် နှစ်မျိုး ထုတ်ဝေလိုက်ပါတယ်။ ယေဇကျေလ ပရောဖက်ပြုချက်ကို အခြေခံထားတဲ့ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ စာအုပ်၊ ယေဟောဝါသက်သေတွေ စာဖတ်စွမ်းရည်နဲ့ သွန်သင်ခြင်းစွမ်းရည် တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ စာဖတ်ခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင် ဖြစ်ပါတယ်။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု စာအုပ်ကို အင်္ဂလိပ်လို၊ သွန်သင်ခြင်း စာစောင်ကို ဘာသာစကား အတော်များများနဲ့ jw.org ဝက်ဘ်ဆိုက်၊ JW Library app တို့မှာ ရနိုင်ပါပြီ။ နောက်ပိုင်းမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု စာအုပ်ကို တခြားဘာသာစကားတွေနဲ့ ထုတ်ဝေပါမယ်။
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေ၊ application တွေကို အုပ်ချုပ်ရေးအဖွဲ့က ပြုပြင်ခွင့် ပြုလိုက်ကြောင်းကိုလည်း ကြေညာပါတယ်။ jw.org ဝက်ဘ်ဆိုက်မှာ JW ရုပ်သံထုတ်လွှင့်မှုနဲ့ ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် အကြောင်းအရာတွေ၊ အသွင်အပြင်တွေ ပါဝင်စေဖို့ ပြန်လည်ပြုပြင်ပါမယ်။ ဒီ့ပြင် JW Library app မှာလည်း ကင်းမျှော်စင် စာကြည့်တိုက် အကြောင်းအရာတွေ၊ အသွင်အပြင်တွေအပြင် jw.org ဝက်ဘ်ဆိုက်မှာပဲ တွေ့ရတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဖို့ ပြန်လည်ပြုပြင်ပါမယ်။ ဝက်ဘ်ဆိုက်အသစ်နဲ့ app အသစ်တို့ဟာ ပုံစံတူလာမယ်၊ အသုံးပြုရလည်း ပိုလွယ်ကူလာမယ်။ ဥပမာ၊ ပြန်လည်ပြုပြင်ထားတဲ့ ဝက်ဘ်ဆိုက်နဲ့ app တို့ကို သုံးစွဲရ မခက်လွန်းစေဖို့၊ ကျမ်းစာအကြောင်းအရာတွေ အလွယ်တကူ ရှာဖွေနိုင်ဖို့ အဓိကကဏ္ဍတွေကို ရိုးရှင်းအောင် လုပ်ဆောင်ပါမယ်။ ဒီစီမံချက်ကြီးအတွက် စတင် စီစဉ်ဆောင်ရွက်နေပါပြီ။ လအနည်းငယ်အတွင်း တိုးတက်မှုတချို့ စတင်မြင်တွေ့ရပါမယ်။