မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၈၊ ၂၀၁၈
အသစ် တင်ထား​ရာ​များ

စာစောင်​သစ်​များ၊ ပြုပြင်​ထားတဲ့ ဝက်ဘ်ဆိုက်​များနဲ့ app များ

စာစောင်​သစ်​များ၊ ပြုပြင်​ထားတဲ့ ဝက်ဘ်ဆိုက်​များနဲ့ app များ

၂၀၁၈၊ အောက်တိုဘာ ၆ ရက်​နေ့မှာ ကျင်းပတဲ့ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေး​မှာ စာစောင်​အသစ် နှစ်မျိုး ထုတ်ဝေ​လိုက်ပါ​တယ်။ ယေဇကျေလ ပရောဖက်ပြုချက်ကို အခြေခံ​ထားတဲ့ ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ စာအုပ်၊ ယေဟောဝါသက်သေတွေ စာဖတ်​စွမ်းရည်​နဲ့ သွန်သင်ခြင်း​စွမ်းရည် တိုးတက်စေဖို့ ရည်ရွယ်​ထားတဲ့ စာဖတ်ခြင်း​နဲ့ သွန်သင်ခြင်း​မှာ ကြိုးစားပါ စာစောင် ဖြစ်ပါတယ်။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု စာအုပ်ကို အင်္ဂလိပ်​လို၊ သွန်သင်ခြင်း စာစောင်​ကို ဘာသာစကား အတော်များများ​နဲ့ jw.org ဝက်ဘ်ဆိုက်၊ JW Library app တို့မှာ ရနိုင်​ပါပြီ။ နောက်ပိုင်းမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု စာအုပ်ကို တခြား​ဘာသာစကားတွေနဲ့ ထုတ်ဝေ​ပါ​မယ်။

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေ၊ application တွေကို အုပ်ချုပ်ရေး​အဖွဲ့က ပြုပြင်ခွင့် ပြု​လိုက်​ကြောင်းကို​လည်း ကြေညာပါ​တယ်။ jw.org ဝက်ဘ်ဆိုက်​မှာ JW ရုပ်သံ​ထုတ်လွှင့်​မှုနဲ့ ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် အကြောင်းအရာတွေ၊ အသွင်အပြင်​တွေ ပါဝင်​စေဖို့ ပြန်လည်​ပြုပြင်ပါ​မယ်။ ဒီ့ပြင် JW Library app မှာလည်း ကင်းမျှော်စင် စာကြည့်တိုက် အကြောင်းအရာတွေ၊ အသွင်အပြင်​တွေ​အပြင် jw.org ဝက်ဘ်ဆိုက်​မှာ​ပဲ တွေ့ရတဲ့ အကြောင်းအရာတွေကို ထည့်သွင်း​ဖို့ ပြန်လည်​ပြုပြင်ပါ​မယ်။ ဝက်ဘ်ဆိုက်​အသစ်​နဲ့ app အသစ်​တို့ဟာ ပုံစံတူ​လာမယ်၊ အသုံးပြု​ရ​လည်း ပိုလွယ်ကူ​လာမယ်။ ဥပမာ၊ ပြန်လည်​ပြုပြင်​ထားတဲ့ ဝက်ဘ်ဆိုက်​နဲ့ app တို့ကို သုံးစွဲ​ရ မ​ခက်​လွန်း​စေဖို့၊ ကျမ်းစာ​အကြောင်းအရာတွေ အလွယ်တကူ ရှာဖွေ​နိုင်ဖို့ အဓိက​ကဏ္ဍ​တွေကို ရိုးရှင်း​အောင် လုပ်ဆောင်ပါ​မယ်။ ဒီ​စီမံချက်​ကြီး​အတွက် စတင် စီစဉ်​ဆောင်ရွက်နေ​ပါပြီ။ လအနည်းငယ်​အတွင်း တိုးတက်မှု​တချို့ စတင်​မြင်တွေ့ရ​ပါ​မယ်။