မာတိကာဆီ ကျော်သွား

၂၀၂၂၊ မေလ (၁၀) ရက်
အစ္စရေး

ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ခေတ်သစ်ဟီဘရူးဘာသာစကားနဲ့ ထုတ်ဝေ

ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ခေတ်သစ်ဟီဘရူးဘာသာစကားနဲ့ ထုတ်ဝေ

၂၀၂၂ ၊ မေလ (၂) ရက်နေ့ကစပြီး ခေတ်သစ်ဟီဘရူးဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ဒီဂျစ်တယ်ပုံစံနဲ့ ကူးယူနိုင်ပြီဖြစ်ကြောင်း အစ္စရေးဌာနခွဲနယ်မြေက ဟီဘရူးစကားပြောအသင်းတော်တွေကို မကြာခင်က အကြောင်းကြားခဲ့တယ်။ ပုံနှိပ်ကျမ်းစာအုပ်တွေကို ၂၀၂၂၊ စက်တင်ဘာလမှာ ရနိုင်မယ်။

ပြန်လည်တည်းဖြတ်ထားတဲ့ ဂရိကျမ်းစာ ဘာသာပြန်ကျမ်းနဲ့ ၂၀၂၀ ပြည့်နှစ်ထုတ် ဟီဘရူးကျမ်းစာ ဘာသာပြန်ကျမ်းကို ပေါင်းထားတာဖြစ်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ခေတ်သစ်ဟီဘရူးစကားနဲ့ စာအုပ်တစ်အုပ်တည်းအဖြစ် ဦးဆုံးအကြိမ် ထုတ်ဝေခဲ့ခြင်းဖြစ်တယ်။ အများသူငှာ နားလည်ရခက်တဲ့ ရှေးဟီဘရူးကျမ်းစကားတွေကို ခေတ်သစ်ဟီဘရူးစကားနဲ့ ဘာသာပြန်ထားလို့ စာဖတ်သူတွေ နားလည်နိုင်ကြပြီ။

ဘာသာပြန်အဖွဲ့ဝင်တစ်ယောက် အခုလိုပြောတယ်– “ခေတ်သစ်ဟီဘရူးစကားနဲ့ ဘာသာပြန်ကျမ်းတွေ၊ အထူးသဖြင့် ဟီဘရူးကျမ်းစာ ဘာသာပြန်ကျမ်းတွေကို လွယ်လင့်တကူ မရနိုင်ဘူး။ ဒါကြောင့် အသုံးဝင်တဲ့အချက်အလက်တွေနဲ့ အထူးသဖြင့် ကျမ်းစာနားလည်ရာမှာ အထောက်အကူပြုတဲ့ ကျမ်းညွှန်းတွေပါတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ရခဲ့လို့ သိပ်ဝမ်းသာကြတယ်။”

နောက်ဘာသာပြန်အဖွဲ့ဝင်တစ်ယောက်လည်း အခုလို ပြောပြတယ်– “ဒီလက်ဆောင်ပေးလို့ ယေဟောဝါဘုရားကို ကျေးဇူးတင်တယ်။ ဒီကျမ်းစာက ယေဟောဝါသက်သေတွေနဲ့ တခြားဟီဘရူးစကားပြောသူတွေကို ကောင်းကင်ဖခင်နဲ့ နွေးထွေးခိုင်မာတဲ့ နှောင်ကြိုး ဖွဲ့နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။”—ယာကုပ် ၄:၈