မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၀၊ ၂၀၂၁
အင်ဂိုလာ

အန်ဘန်ဒူ ဘာသာစကားနဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်း ကို ထုတ်ဝေ

အန်ဘန်ဒူ ဘာသာစကားနဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်း ကို ထုတ်ဝေ

၂၀၂၁၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အန်ဘန်ဒူ ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို အီလက်ထရောနစ်ပုံစံနဲ့ ထုတ်ဝေလိုက်ပါတယ်။ အစီအစဉ်ကို ကြိုတင်အသံသွင်းပြီး အင်ဂိုလာ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အန်ဘန်ဒူ စကားပြော အသင်းတော်အားလုံးဆီ ထုတ်လွှင့်ခဲ့တယ်။ အင်ဂိုလာ ဌာနခွဲ ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ညီအစ်ကို ဇနက်ဇီရို ဗာဒီယာနိုက ကျမ်းစာ ထုတ်ဝေပေးတယ်။

အန်ဘန်ဒူ စကားဟာ အင်ဂိုလာနိုင်ငံမှာ လူသုံးအများဆုံး ဒေသခံ ဘာသာစကား ဖြစ်တယ်။ ခန့်မှန်းခြေ လူခုနစ်သန်းကျော်လောက် ဒီစကား ပြောကြတယ်။ အန်ဘန်ဒူ စကားပြော ကြေညာသူ ခြောက်ထောင့်ငါးရာကျော် ရှိတယ်။

ဒီကျမ်းစာကို ဘာသာပြန် ခြောက်ဦး ပါဝင်တဲ့ အဖွဲ့ နှစ်ဖွဲ့ဟာ ငါးနှစ်ကြာ အချိန်ပေးပြီး ဘာသာပြန်ဆိုခဲ့တယ်။ ဘာသာပြန်သူ တစ်ယောက်က “ဒီဘာသာပြန်ကျမ်းသစ်ဟာ နားလည်ရ လွယ်တဲ့အတွက် ကျမ်းစာကို ပိုပြီး အသက်ဝင်လာစေမယ်။ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို ဘုရားရဲ့ တရားစကားတော်တွေ ပြန်သွန်သင်ပေးရာမှာလည်း ပိုလွယ်ကူစေမယ်” လို့ ပြောတယ်။

ဌာနခွဲ ကော်မတီဝင် တစ်ယောက်ကလည်း “ကျမ်းစာကို မိခင်ဘာသာ စကားနဲ့ ဖတ်ရတဲ့အခါ အမှန်တရားကို လူတွေ ပိုနားလည်သဘောပေါက်လာတယ်။ လူများစွာဆီ သတင်းကောင်း ရောက်ဖို့ အန်ဘန်ဒူ ကျမ်းစာကို ယေဟောဝါ ဘယ်လို အသုံးပြုမလဲဆိုတာ ကျွန်တော်တို့ စိတ်လှုပ်ရှားစွာ စောင့်နေကြပါတယ်” လို့ ပြောတယ်။