မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်
အင်ဂိုလာ

ချုတ်ဝီ၊ အီဘင်ဒါ ဘာသာစကားနဲ့ မဿဲကျမ်း၊ တမန်တော်ကျမ်း ထုတ်ဝေ

ချုတ်ဝီ၊ အီဘင်ဒါ ဘာသာစကားနဲ့ မဿဲကျမ်း၊ တမန်တော်ကျမ်း ထုတ်ဝေ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ အင်ဂိုလာ ဌာနခွဲကော်မတီဝင် ညီအစ်ကို ဆမ်မြူအယ် ကမ်ပို့စ်က ချုတ်ဝီ၊ အီဘင်ဒါ ဘာသာစကားနဲ့ မဿဲကျမ်း၊ တမန်တော်ကျမ်းကို ထုတ်ဝေလိုက်ပါတယ်။ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်အတွင်း ကျမ်းစာစောင်တွေကို ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ဝေခဲ့တာဖြစ်ပြီး ပရိသတ် ၂,၀၀၀ လောက် အစီအစဉ်ကို ကြည့်ရှုခဲ့တယ်။

၂၀၀၇ ခုနှစ်မှာ ချုတ်ဝီစကားပြောအုပ်စုကို ဦးဆုံးဖွဲ့စည်းခဲ့တယ်။ အင်ဂိုလာနိုင်ငံမှာ ချုတ်ဝီစကားပြော အသင်းတော် ၁၀ ခု၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အသင်းတော် ၂၃ ခု ရှိနေပြီ။

ချုတ်ဝီကျမ်းစာ ဘာသာပြန်တစ်ယောက် အခုလိုပြောတယ်– “ချုတ်ဝီစကားနဲ့ ဘာသာပြန်ကျမ်းတချို့ ရှိတယ်။ ကျမ်းတစ်ခုက နားလည်လွယ်တဲ့ အသုံးအနှုန်းနဲ့ ပြန်ဆိုထားပေမဲ့ စကားပြေဖြစ်နေတယ်။ နောက်ကျမ်းတစ်ခုကျတော့ ပိုတိကျပေမဲ့ နားလည်ရခက်တယ်။ အခုထုတ်ဝေလိုက်တဲ့ ဘာသာပြန်ကျမ်းစောင်တွေကို ဖတ်တဲ့အခါ ယေဟောဝါဘုရား တိုက်ရိုက်စကားပြောနေသလို ခံစားရတယ်။”

၂၀၁၄ ခုနှစ်မှာ အီဘင်ဒါစကားပြော ဦးဆုံးအသင်းတော်ကို ဖွဲ့စည်းခဲ့တယ်။ အခုအသင်းတော် ၁၃ ခု ရှိနေပြီ။ မဿဲကျမ်းနဲ့ တမန်တော်ကျမ်းကို အီဘင်ဒါစကားနဲ့ မထုတ်ဝေခင်တုန်းက အီဘင်ဒါစကားနဲ့ ဘာသာပြန်ကျမ်း တစ်ခုမှမရှိတော့ ကြေညာသူတွေက ပေါ်တူဂီစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အသုံးပြုခဲ့ရတယ်။ အီဘင်ဒါ ဘာသာပြန်တစ်ယောက် အခုလိုပြောတယ်– “တချို့ကျမ်းချက်တွေကိုဆို အရင်တုန်းက အထပ်ထပ် ဖတ်ခဲ့ရတာ။ အခုတော့ ရှင်းရှင်းလင်းလင်း နားလည်သွားပြီ။ ဒီကျမ်းစာဘာသာပြန်လုပ်ငန်းမှာ ပါဝင်ခွင့်ရတာ အခွင့်ထူးပါပဲ။ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။”

ချုတ်ဝီ၊ အီဘင်ဒါ ဘာသာစကားနဲ့ ထုတ်ဝေလိုက်တဲ့ ကျမ်းစာစောင်တွေက ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ယာကုပ် ၄:၈