ညီအစ်ကို ဆာဂေး ဖထရန်ကို

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက် | ပြင်ဆင်သည့်နေ့။ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်တော်တို့မှာ ချို့ငဲ့နေတာ ဘာမှ မရှိဘူး”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်တော်တို့မှာ ချို့ငဲ့နေတာ ဘာမှ မရှိဘူး”

၂၀၂၄ ခုနှစ်၊ ဇွန် ၂၇ ရက်မှာ အယ်လ်တိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်မင်စကီခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဖထရန်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ညီအစ်ကို ဆာဂေးလိုပဲ ကျွန်တော်တို့လည်း သစ္စာရှိရှိ ခံရပ်မယ်ဆိုရင် ယေဟောဝါ လိုလေသေးမရှိ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ကြတယ်။—၂ ရှမွေလ ၂၂:၁၉၊ ၂၀

အချိန်ပြဇယား

  1. ဇန်နဝါရီ ၁၆၊ ၂၀၂၂

    အိမ်ကို ဝင်ရောက်ရှာဖွေတယ်။

  2. ဇူလိုင် ၂၈၊ ၂၀၂၂

    ပြစ်မှု စတင်ဖွင့်လှစ်တယ်။

  3. ဒီဇင်ဘာ ၇၊ ၂၀၂၂

    ခရီးသွားလာခွင့် ပိတ်လိုက်တယ်။

  4. ဒီဇင်ဘာ ၂၂၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာ စစ်ဆေးတယ်။