၂ ရှမွေလ ၂၂:၁-၅၁

  • ဘု​ရား​ကယ်​တင်​ပေး​လို့ ဒါဝိဒ်​ချီး​မွမ်း (၁-၅၁)

    • “ယေဟောဝါ​ဘု​ရား​ဟာ ငါ့​ကျောက်​ဆောင်” ()

    • သစ္စာ​စောင့်​သိ​သူ​ကို ယေဟောဝါ သစ္စာ​စောင့်​သိ (၂၆)

၂၂  ယေဟောဝါ​က ဒါဝိဒ်​ကို ရန်​သူ​တွေ​နဲ့+ ရှောလု​ရဲ့​လက်​က​နေ+ ကယ်​တင်​ခဲ့​တယ်။ အဲဒီ​အခါ ဒါဝိဒ်​က ယေဟောဝါ​အတွက် ဒီ​သီချင်း​ကို စပ်​ဆို​ခဲ့​တယ်–+ ၂  “ယေဟောဝါ​ဘုရား​ဟာ ငါ့​ကျောက်​ဆောင်၊+ငါ့​ရဲ​တိုက်၊ ငါ့​ကို​ကယ်​တင်​တဲ့​ အရှင်​ပါ။+  ၃  ဘုရား​သခင်​ဟာ ငါ​ခိုလှုံ​တဲ့ ကျောက်​ဆောင်၊+ငါ့​ရဲ့ ဒိုင်း​လွှား၊+ ငါ့​ကို​ကယ်​တင်​တဲ့ ဦး​ချို၊* လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ၊+ငါ​ပြေး​ဝင်​ခို​နား​တဲ့​နေ​ရာ၊+  ငါ့​ရဲ့​ကယ်​တင်​ရှင်​ပါ။+  ငါ့​ကို အကြမ်း​ဖက်​မှု​က​နေ ကယ်​တင်​တယ်။  ၄  ချီး​မွမ်း​ထိုက်​တဲ့​အရှင် ယေဟောဝါ​ကို ငါ​ဆုတောင်း​တဲ့​အခါရန်​သူ​တွေ​လက်​က​နေ ငါ့​ကို ကယ်​တင်​ပေး​မှာ​ပဲ။  ၅  သေခြင်း​ရဲ့ လှိုင်း​လုံး​ကြီး​တွေ ငါ့​ကို ဝိုင်း​ရံ​ထား​တယ်။+ အသုံး​မကျ​သူ​တွေ​က ရုတ်​တ​ရက် လွှမ်း​မိုး​တတ်​တဲ့​ရေ​လို ငါ့​ကို ခြောက်​လှန့်​နေ​တယ်။+  ၆  သင်္ချိုင်း​ရဲ့ ကြိုး​တွေ ငါ့​ကို ပတ်​ရစ်​ထား​တယ်။+ သေခြင်း​ရဲ့ ကျော့​ကွင်း​တွေ​ကို ငါ​ရင်ဆိုင်​နေ​ရ​တယ်။+  ၇  ဒုက္ခ​ရောက်​နေ​ချိန်​မှာ ယေဟောဝါ​ကို ငါ​ဆုတောင်း​တယ်။+ ဘုရား​သခင်​ကို အမြဲဆုတောင်း​တယ်။ ငါ့​အသံ​ကို ဗိမာန်​တော်​ထဲ​က​နေ ကြား​တယ်။ ငါ့​ရဲ့​အကူ​အညီ​တောင်း​သံ​က ဘုရား​ရဲ့​နား​ထဲ ရောက်​သွား​တယ်။+  ၈  မြေကြီး ယိမ်း​ထိုး​ပြီး တုန်​ခါ​လာ​တယ်။+ ကောင်း​ကင်​ရဲ့​အုတ်​မြစ်​တွေ​လည်း တ​သိမ့်​သိမ့် တုန်​လာ​တယ်။+ အမျက်​တော်​ကြောင့် အဲ​ဒါ​တွေ ယိမ်း​ထိုး​လာ​တယ်။+  ၉  ဘုရား​ရဲ့​နှာ​ခေါင်း​ထဲ​က​နေ မီးခိုး​တွေ၊ခံ​တွင်း​ထဲ​က​နေ ကျွမ်း​လောင်​စေ​တဲ့​မီး​တွေ ထွက်​လာ​တယ်။+ ဘုရား​ဆီ​က​နေ မီး​ကျီး​ခဲ​တွေ ထွက်လာ​တယ်။ ၁၀  ဘုရား ဆင်း​သက်​တဲ့​အခါ ကောင်း​ကင် ညွှတ်​ကျ​လာ​တယ်။+ ခြေ​တော်​ရင်း​မှာ မည်း​မှောင်​တဲ့​တိမ်​ထု ရှိ​နေ​တယ်။+ ၁၁  ဘုရား​က ခေရုဗိမ်​ကို စီး​ပြီး+ ပျံသန်း​လာ​တယ်။ ကောင်း​ကင်​တ​မန်* ရဲ့​တောင်​ပံ​ပေါ်​မှာ ဘုရား​ကို မြင်​ရ​တယ်။+ ၁၂  မည်း​မှောင်​နေ​တဲ့ မိုး​တိမ်၊ တိမ်​ထု​ကြီး​နဲ့ မှောင်​မိုက်​ကိုပတ်​လည်​မှာ ခြံ​ရံ​ထား​တယ်။+ ၁၃  မီး​ကျီး​ခဲ​တွေ​က ရှေ့​တော်​မှာ​ရှိ​တဲ့ လျှပ်​စီး​တွေ​ထဲ​မှာ တောက်​လောင်​နေ​တယ်။ ၁၄  ယေဟောဝါ​က ကောင်း​ကင်​မှာ မိုးခြိမ်း​စေ​တယ်။+ အမြင့်​ဆုံး​အရှင်​က အသံ​ကို လွှင့်​တယ်။+ ၁၅  မြား​တွေ ပစ်​လွှတ်​ပြီး+ ရန်​သူ​​တွေကို က​စဉ့်​က​လျား ဖြစ်​စေ​တယ်။ လျှပ်​စီး​တွေ​လက်​ပြီး သူတို့​ကို ဖရိုဖရဲ​ဖြစ်​စေ​တယ်။+ ၁၆  ယေဟောဝါ ဆုံးမ​လိုက်​တဲ့​အတွက်၊ နှာ​ခေါင်း​ထဲ​က လေ​မှုတ်​ထုတ်​တဲ့​အတွက်+ပင်လယ်​ကြမ်း​ပြင်​တွေ ထင်​ရှား​လာ​တယ်။+ မြေကြီး​အုတ်​မြစ်​တွေ ပေါ်​လာ​တယ်။ ၁၇  အထက်​အရပ်​က​နေ လက်​တော် ဆန့်​လိုက်​တယ်။ ငါ့​ကို​ကိုင်​ပြီး နက်​ရှိုင်း​တဲ့ ရေ​ထဲ​က​နေ ဆယ်​ယူ​တယ်။+ ၁၈  အင်အား​ကြီး​တဲ့ ရန်​သူ​တွေ၊အင်အား​ပို​ကြီး​ပြီး ငါ့​ကို မုန်း​တီး​နေ​သူ​တွေ​လက်​က​နေ ကယ်​တင်​တယ်။+ ၁၉  ငါ​ဒုက္ခ​ရောက်​နေ​ချိန်​မှာ သူတို့ တိုက်​ခိုက်​ပေမဲ့​လည်း+ ငါ့​ကို ယေဟောဝါ ထောက်မ​ပေး​တယ်။ ၂၀  ဘေး​ကင်း​လုံ​ခြုံ​တဲ့​နေ​ရာ​ဆီ ငါ့​ကို ပို့ဆောင်​ပေး​တယ်။+ ငါ့​ကို​နှစ်​သက်​တဲ့​အတွက် ကယ်​တင်​တယ်။+ ၂၁  ယေဟောဝါ​က ငါ​ဖြောင့်​မတ်​တဲ့​အတိုင်း ဆု​ချ​တယ်။+ ငါ့​လက်​တွေ အပြစ်​ကင်း​တဲ့​အတိုင်း ပြန်​ဆပ်​ပေး​တယ်။+ ၂၂  ယေဟောဝါ​ရဲ့ လမ်း​စဉ်တွေ​အတိုင်း ငါ​အမြဲလိုက်​လျှောက်​တယ်။ ဘုရား​သခင်​ကို ကျော​ခိုင်း​တာ​ဟာ ဆိုး​ညစ်​တဲ့​လုပ်​ရပ် ဖြစ်​လို့ ငါမလုပ်​ဘူး။ ၂၃  ဘုရား​ရဲ့ တရား​စီရင်​ချက်​တွေ​အကြောင်း+ ငါ​အမြဲစဉ်း​စား​တယ်။ ဘုရား​ရဲ့ ဥ​ပဒေ​တွေ​က​နေ ငါ​လမ်း​လွဲ​သွား​မှာ မဟုတ်​ဘူး။+ ၂၄  ရှေ့​တော်​မှာ အပြစ်​ပြော​စ​ရာ​မရှိ​အောင် ငါ​နေ​မယ်။+ မပြစ်​မှား​မိ​အောင် စောင့်​ထိန်း​မယ်။+ ၂၅  ယေဟောဝါ​က ငါ​ဖြောင့်​မတ်​တဲ့​အတိုင်း၊+ရှေ့​တော်​မှာ ငါ​အပြစ်​ကင်း​တဲ့​အတိုင်း ပြန်​ဆပ်​ပေး​ပါ​စေ။+ ၂၆  သစ္စာ​စောင့်​သိ​သူ​ကို ကိုယ်​တော်​က​လည်း သစ္စာ​စောင့်​သိ​တယ်။+ အပြစ်​ပြော​စ​ရာ​မရှိ​သူ​ကို အပြစ်​ပြော​စ​ရာ မရှိ​အောင် ဆက်ဆံ​တယ်။+ ၂၇  ဖြူ​စင်​သူ​ကို ဖြူ​စင်​တဲ့​သဘော​နဲ့ ဆက်ဆံ​တယ်။+ ကောက်​ကျစ်​သူ​ကို​တော့ ပါး​နပ်​စွာ ဆက်ဆံ​တယ်။+ ၂၈  နှိမ့်​ချ​သူ​တွေ​ကို ကယ်​တင်​တယ်။+ မောက်​မာ​သူ​တွေ​ကို​တော့ သဘော​မကျ​တဲ့​အကြည့်​နဲ့ ကြည့်ပြီး ချိုး​နှိမ်​ပစ်​တယ်။+ ၂၉  အို ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကျွန်​တော့်​ရဲ့ မီး​ခွက်​ပါ။+ ကျွန်​တော့်​ရဲ့ မှောင်​မိုက်​ကို ထွန်းလင်း​စေ​တဲ့​အရှင်​ဟာ ယေဟောဝါ​ပါ။+ ၃၀  ကိုယ်​တော့်​အကူ​အညီ​ကြောင့် ဓားပြအုပ်​စု​ကို ဖြို​ခွင်း​နိုင်​ပြီ။ ဘုရား​သခင်​ပေး​တဲ့ ခွန်​အား​ကြောင့် မြို့​ရိုး​ကို တက်​နိုင်​ပြီ။+ ၃၁  စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ လမ်း​စဉ်​ဟာ ပြည့်​ဝ​စုံလင်​တယ်။+ ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​ဟာ သန့်​စင်​တယ်။+ ဘုရား​ဟာ ခိုလှုံ​သူ​တွေ​အတွက် ဒိုင်း​လွှား​ပဲ။+ ၃၂  ယေဟောဝါ​က​လွဲ​လို့ ဘယ်​ဘုရား ရှိ​သလဲ။+ ငါ​တို့​ဘုရား​သခင်​က​လွဲ​လို့ ဘယ်​သူ​က ကျောက်​ဆောင်​ဖြစ်​သလဲ။+ ၃၃  စစ်​မှန်​တဲ့​ဘုရား​သခင်​ဟာ ငါ့​ရဲ့​ခိုင်​ခံ့​တဲ့​ရဲ​တိုက်​ပဲ။+ ငါ့​လမ်း​ခ​ရီး​ကို ချော​မွေ့​စေ​တယ်။+ ၃၄  ငါ့​ခြေ​ကို သမင်​ရဲ့​ခြေ​လို ဖြစ်​စေ​တယ်။ မြင့်​မား​တဲ့​နေ​ရာတွေ​မှာ ရပ်​စေ​တယ်။+ ၃၅  ငါ့​လက်​တွေ​ကို စစ်​ရေး​ကျွမ်း​ကျင်​အောင် လေ့ကျင့်​ပေး​တယ်။ ကြေး​နီ​လေး​ကို ငါ့​လက်​ရုံး​အား​နဲ့ တင်​နိုင်​တယ်။ ၃၆  ကျွန်​တော့်​ကို ကယ်​တင်​ခြင်း​ဒိုင်းလွှား ပေး​တယ်။ ကိုယ်​တော့်​နှိမ့်​ချ​မှု​ကြောင့် ကျွန်​တော် ကြီးမြတ်​လာ​တယ်။+ ၃၇  ကျွန်​တော်​ခြေ​ချ​မယ့်​လမ်း​ကို ကိုယ်​တော် ကျယ်​ဝန်း​စေ​တယ်။ ကျွန်​တော် ခြေ​ချော်​မှာ မဟုတ်​ဘူး။+ ၃၈  ရန်​သူ​တွေ​ကို လိုက်​ဖမ်း​ပြီး ချေမှုန်း​မယ်။ သုတ်​သင်​ဖယ်​ရှား​လို့ မပြီး​မချင်း ပြန်​မလာ​ဘူး။ ၃၉  သူတို့ ပြန်​မထ​နိုင်​အောင် နင်း​ခြေ​ပြီး သုတ်​သင်​မယ်။+ ကျွန်​တော့်​ခြေ​ရင်း​မှာ ပြို​လဲ​သွား​လိမ့်​မယ်။ ၄၀  ကျွန်​တော် စစ်​တိုက်​နိုင်​အောင် ကိုယ်​တော် အစွမ်း​ခွန်​အား ပေးလိမ့်​မယ်။+ ရန်​သူ​တွေ​ကို ခြေ​အောက်​မှာ ပြိုလဲ​စေ​မယ်။+ ၄၁  ရန်​သူ​တွေ​ကို နောက်​လှည့်​ပြေး​စေ​မယ်။+ ကျွန်​တော့်​ကို မုန်း​တဲ့​သူ​တွေ ဇာတ်​သိမ်း​သွား​အောင် ကျွန်​တော်​လုပ်​မယ်။+ ၄၂  သူတို့ အော်​ဟစ်​အကူ​အညီ​တောင်း​ပေမဲ့ ကယ်​တင်​မယ့်​သူ တစ်​ယောက်​မှ မရှိ​ဘူး။ သူတို့ အော်​ခေါ်​ရင်​တောင် ယေဟောဝါ ပြန်​မထူး​ဘူး။+ ၄၃  သူတို့​ကို ဖုန်​မှုန့်​လို ဖြစ်​သွား​အောင် ကျွန်​တော် ထု​ထောင်း​ပစ်​မယ်။ လမ်း​ပေါ်​က ရွှံ့​တွေ​ကို နင်း​သလို နင်း​ခြေ​မယ်။ ၄၄  ကျွန်​တော့်​ကို အပြစ်​ရှာ​သူ​တွေ​လက်​က​နေ ကိုယ်​တော် ကယ်တင်​လိမ့်​မယ်။+ လူမျိုး​တွေ​ရဲ့ ခေါင်း​ဆောင် ဖြစ်​လာ​အောင် ကာ​ကွယ်​စောင့်​ရှောက်​မယ်။+ ကျွန်​တော်​မသိ​တဲ့ လူမျိုး​တစ်​မျိုး​က ကျွန်​တော့်​ဆီ​မှာ ကျွန်​ခံ​လိမ့်​မယ်။+ ၄၅  တိုင်း​တစ်ပါး​သား​တွေ ရှေ့​မှာ​လာ​ပြီး ဝပ်​တွား​ကြ​လိမ့်​မယ်။+ ကျွန်​တော့်​သတင်း​ကို ကြား​ထား​တဲ့​အတွက် နာ​ခံ​ကြ​လိမ့်​မယ်။ ၄၆  တိုင်း​တစ်ပါး​သား​တွေ သတ္တိ​မရှိ​တော့​ဘူး။ ရဲ​တိုက်​တွေ​ထဲ​က​နေ ကြောက်​ရွံ့​တုန်​လှုပ်​ပြီး ထွက်​လာ​လိမ့်​မယ်။ ၄၇  ယေဟောဝါ​ဟာ အသက်​ရှင်​နေ​တဲ့​ဘုရား​ပဲ။ ငါ့​ကျောက်​ဆောင်​ကို ချီး​မွမ်း​ကြ​ပါ။+ ငါ့​ရဲ့​ဘုရား​သခင်၊ ငါ့​ကို​ကယ်​တင်​တဲ့ ကျောက်​ဆောင်​ကို ချီးမြှောက်​ကြ​ပါ။+ ၄၈  စစ်​မှန်​တဲ့​ဘုရား​သခင်​က ငါ့​အတွက် လက်​စား​ချေ​ ပေး​တယ်။+ လူ​တွေ​ကို ငါ့​ခြေ​အောက်​မှာ နှိမ်နင်း​တယ်။+ ၄၉  ရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​တယ်။ တိုက်​ခိုက်​သူ​တွေ​ရဲ့ အထက်​မှာ ကျွန်​တော့်​ကို ချီး​မြှင့်​ပေး​တယ်။+ အကြမ်း​ဖက်​သူ​ရဲ့ လက်​က​နေ ကယ်​တင်​ပေး​တယ်။+ ၅၀  ဒါ​ကြောင့် ယေဟောဝါ​ဘုရား၊ လူမျိုး​တွေ​အလယ်​မှာ ကိုယ်​တော့်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ပါ့​မယ်။+ နာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆို​ပါ့မယ်။+ ၅၁  ဘုရား​က ခန့်​အပ်​ထား​တဲ့​ဘုရင်​ကို ကယ်​တင်​ဖို့ ကြီးမြတ်​တဲ့​အရာတွေ လုပ်​ဆောင်​တယ်။+ ဘိ​သိက်​ပေး​ထား​သူ​ကို၊ ဒါဝိဒ်​နဲ့ သူ့မျိုး​နွယ်​ကိုခိုင်​မြဲတဲ့​မေတ္တာ ထာ​ဝ​စဉ်​ပြတယ်။”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။