စာတွေအတွက် သူတို့ ကျေးဇူးတင်

စာတွေအတွက် သူတို့ ကျေးဇူးတင်

 ဘရွတ်ခ်လို့ ခေါ်တဲ့ အမျိုးသမီးဟာ အမေရိကန် ပြည်ထောင်စုက ယေဟောဝါသက်သေတစ်ယောက်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း စာရေးပြီး သက်သေခံတယ်။ တစ်ပတ် တစ်ပတ် ရေးတဲ့ စာတွေမှ အများကြီးပဲ။ ဒါပေမဲ့ တစ်နှစ်ခွဲလောက် ကြာတော့ စိတ်ဓာတ်ကျလာတယ်။ လူတစ်ယောက်ကပဲ စာပြန်တယ်။ ပြန်တဲ့စာကလည်း နောက်ဘယ်တော့မှ ထပ်မပို့ပါနဲ့တဲ့။ စာရေးဟောပြောတာ အကျိုးရှိရဲ့လားလို့ ဘရွတ်ခ် တွေးမိလာတယ်။

 ဒါပေမဲ့ ဘဏ်မှာ အလုပ်လုပ်တဲ့ ကင်လို့ ခေါ်တဲ့ ယေဟောဝါသက်သေ အမျိုးသမီးက ဘဏ်ကို လာတဲ့ ဧည့်သည်အကြောင်း ဘရွတ်ခ်ကို ပြောပြတယ်။ ယေဟောဝါသက်သေ တစ်ယောက်ဆီကနေ စာရတဲ့အကြောင်း အဲဒီဧည့်သည် ပြောသွားတာ။ ဖြစ်ချင်တော့ အဲဒါ ဘရွတ်ခ် ရေးတဲ့ စာပါ။ နောက်တစ်ပတ် အဲဒီဧည့်သည် ဘဏ်ကို ပြန်ရောက်လာတယ်။ စကားပြောနေရင်းနဲ့ အသင်းတော် အစည်းအဝေး တက်လို့ ရမလားဆိုပြီး မေးလာတယ်။ အဲဒီတုန်းက အစည်းအဝေးကို ဗီဒီယို ချိတ်ဆက်ပြီး ကျင်းပနေတာ။

 သိပ်မကြာဘူး၊ ဒေးဗစ်လို့ ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်က အလုပ်ဖော်တစ်ယောက်အကြောင်း ပြောပြပြန်ရော။ အဲဒီအလုပ်ဖော်လည်း ဘရွတ်ခ်ဆီက စာရထားတယ်။ လက်နဲ့ ရေးထားတဲ့စာဖြစ်လို့ သဘောကျနေတာ။ “ဒီလိုမျိုး တခြားသူတွေကို စိတ်ဝင်တစားရှိသူ များများရှိသင့်တယ်” လို့ သူပြောတယ်။ ဒေးဗစ်က အခွင့်အရေး ယူပြီး ကျမ်းစာအကြောင်း ထပ်ပြောပြလိုက်တယ်။ စာစောင်တွေ ယူလာပေးမယ်လို့ ပြောတော့ အလုပ်ဖော် လိုလိုလားလား လက်ခံတယ်။

 အမှုဆောင်လုပ်ငန်းမှာ ကြဲလိုက်တဲ့ မျိုးစေ့ ဘယ်အချိန် အပင်ပေါက်လာမလဲဆိုတာ မသိနိုင်မှန်း ယေဟောဝါသက်သေတွေ သဘောပေါက်ကြတယ်။ (ဒေသနာ ၁၁:၅၊ ၆) ဘာပဲဖြစ်ဖြစ် စာရေးသက်သေခံတာ အကျိုးရှိမှန်း ဒီတွေ့ကြုံမှုတွေကနေ ဘရွတ်ခ် သိသွားပြီ။—၁ ကောရိန္သု ၃:၆