မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

“နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”

“နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”

ရုပ်တု​မကိုးကွယ်​ရ​ဆိုတဲ့ ပညတ်​မရှိ​ခင်​ကတည်းက ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ရမယ်ဆိုတာ ယာကုပ် သိတယ်။ (ထွ ၂၀:၃-၅) ဒါကြောင့် ဗေသလ​အရပ်မှာ သွား​နေပါ​လို့ ယာကုပ်​ကို ယေဟောဝါ ပြော​ပြီးနောက် ယာကုပ်​က နတ်ဘုရား​ရုပ်တုတွေကို လွှင့်ပစ်​ဖို့ ယောက်​တိုင်း​ကို ပြောခဲ့တယ်။ အဲဒီ​နောက်မှာ ယာကုပ်ဟာ အဆောင်​လက်ဖွဲ့​အဖြစ် ဝတ်ဆင်ပုံ​ရတဲ့ နား​ဆွဲ​တွေ အပါအဝင် ရုပ်တုတွေကို စွန့်ပစ်​လိုက်တယ်။ (က ၃၅:၁-၄) ယာကုပ်ရဲ့​လုပ်ရပ်​ကို ယေဟောဝါ နှစ်သက်မှာ သေချာတယ်။

အခုခေတ်မှာ​ကော၊ ယေဟောဝါ​တစ်ပါးတည်းကိုပဲ ဘယ်လို ကိုးကွယ်​ဆည်းကပ်​နိုင်သလဲ။ ရုပ်တု​ကိုးကွယ်ခြင်း၊ နတ်ဆိုး​ပညာနဲ့ ဆက်နွှယ်​တဲ့​အရာ မှန်သမျှကို ရှောင်ကြဉ်​ရမှာ​ဖြစ်တယ်။ အဲဒီ​အထဲမှာ မှော်အတတ်​နဲ့ သက်ဆိုင်တဲ့ ပစ္စည်း​မှန်သမျှကို ဖယ်ရှားခြင်း၊ ကိုယ့်ရဲ့​အပန်းဖြေမှု​ကို အသေအချာ ဆန်းစစ်ခြင်း ပါဝင်တယ်။ ဥပမာ​အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘သွေးစုပ်ဖုတ်ကောင်၊ သဘာဝလွန် စွမ်းအားရှင်​တွေ ပါတဲ့ စာအုပ်၊ ရုပ်ရှင်တွေ​နဲ့ ငါ အပန်းဖြေ​နေ​သလား။ မှော်အတတ်​ပညာ၊ ပြုစားတာ၊ ကျိန်စာတိုက်​တာတွေကို ပျော်စရာ​အဖြစ် တင်ဆက်​ထားတာ​တွေ​နဲ့ အပန်းဖြေ​နေ​သလား။ ယေဟောဝါ မုန်းတဲ့​အရာ​မှန်သမျှကို ဝေးဝေးရှောင်​သင့်တယ်။—ဆ ၉၇:၁၀

မာရ်နတ်ကို ခုခံ​တွန်းလှန်​ကြပါဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ပါလစ်ဆာလို့ ခေါ်တဲ့ ကျမ်းစာ​သင်သား​မှာ ဘာ​ပြဿနာ ရှိသလဲ။

  • နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှု ခံ​နေ​ရတယ်​ဆိုရင် အကြီးအကဲ​တွေ​ဆီ အကူအညီ​တောင်းတာ​က ဘာကြောင့် ပညာ​ရှိရာ ရောက်သလဲ။

  • မာရ်နတ်ကို ခုခံ​တွန်းလှန်ကြပါ။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။—ယာ ၄:၇၊ ၈

    ယေဟောဝါရဲ့ ကာကွယ်မှု ရချင်တယ်​ဆိုရင် ဘာတွေကို ဖယ်ရှားပစ်​ရမလဲ။

  • ပါလစ်ဆာ ဘာကို ပြတ်ပြတ်သားသား လုပ်ခဲ့သလဲ။

  • သင့်​ဒေသမှာ နတ်ဆိုး​ဩဇာ​လွှမ်းမိုးမှုကို ဘယ်လို​နည်းတွေနဲ့ ရှောင်နိုင်​သလဲ။