မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စာရေးခြင်း

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စာရေးခြင်း

ဘာကြောင့်​အရေးကြီး– ၁ ကောရိန္သုကျမ်းဟာ ခရစ်ယာန်တွေဆီ တမန်တော်​ပေါလု ရေးခဲ့တဲ့ အားပေးစာ ၁၄ စောင်​ထဲ​က တစ်စောင်​ဖြစ်ပါတယ်။ စာရေး​တဲ့အခါ အချိန်​ယူ၊ စကားလုံးတွေကို သေသေချာချာ​ရွေး​ပြီး ရေး​မယ်​ဆိုရင် စာ​ကို လက်ခံ​တဲ့​သူက ခဏခဏ ပြန်ဖတ်​ချင်​ပါလိမ့်မယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို စာရေး​ပြီး သက်သေခံ​တာ​က​လည်း နည်းလမ်းကောင်း​တစ်ခုပါပဲ။ လူ​ချင်း မ​တွေ့​နိုင်​သူတွေကို သက်သေခံ​နိုင်တဲ့ ထိရောက်တဲ့ နည်းလမ်း​လည်း ဖြစ်တယ်။ ဥပမာ၊ စိတ်ဝင်စားမှု​ပြ​တဲ့ လူတစ်ယောက်ကို အိမ်မှာ တွေ့​ဖို့ ခက်​နေမယ်။ လုံခြုံရေး​တင်းကျပ်​တဲ့ အဆောက်အဦ​တွေ၊ ဝင်း​တံခါး​ရှိတဲ့ ရပ်ကွက်​တွေ၊ သီးခြား​ဖြစ်နေတဲ့ နေရာတွေမှာ နေထိုင်သူတွေ​ကို ဟောပြောဖို့ ခက်​နိုင်တယ်။ သူစိမ်း​တစ်ယောက်​ဆီ စာရေး​တဲ့အခါ ဘယ်​အချက်တွေကို သိထားသင့်​သလဲ။

လုပ်ဆောင်​နိုင်ရာ–

  • လူ​ချင်း​တွေ့​တဲ့အခါ ပြောမယ့်​အကြောင်းကို ရေးပါ။ နိဒါန်း​မှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ၊ စာရေး​ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။ သူ့ကို စဉ်းစား​စေတဲ့ မေးခွန်း​တစ်ခု မေးပါ၊ ဝက်ဘ်ဆိုက်ကို ညွှန်ပြ​ပါ။ ပြီးနောက် ကျမ်းစာ​သင်အံမှု အစီအစဉ်​အကြောင်း ဒါမှမဟုတ် ကျမ်းစာ​လေ့လာမှု အထောက်အကူ​ပြု စာပေ​တစ်ခုခု​ထဲ​က အခန်း​တစ်ခန်း​ရဲ့ ခေါင်းစဉ်​ကို ဖော်ပြပါ။ ဝက်ဘ်ဆိုက် လိပ်စာကတ်၊ ဖိတ်စာ၊ ဝေစာ တစ်ခုခု ထည့်ပေး​နိုင်ပါတယ်။

  • လို​ရင်း​ပဲ ရေးပါ။ စာ​ကို အရှည်ကြီး မရေးပါ​နဲ့၊ စာ​ရှည်​ရင် ဖတ်ရ​တာ ငြီးငွေ့​သွားနိုင်တယ်။—နမူနာ စာကို ကြည့်ပါ။

  • အမှား ရှိသလား၊ ဖတ်ရ လွယ်​သလား၊ ရင်းနှီးတဲ့ သဘော​ပါသလား၊ အဆင်ပြေ​သလား၊ အပြုသဘော ပါသလား ဆိုတာ ပြန်​စစ်​ပါ။ တံဆိပ်​ခေါင်း အလုံအလောက် ကပ်ပါ။ မဟုတ်​ရင် စာ​လက်ခံသူ​က စာ​ရွေး​ဖို့ အကုန်အကျ ခံရ​နိုင်တယ်။